သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ကိုးကန႔္တပ္ၾကား တိုက္ပြဲျပင္းထန္မႈေၾကာင့္ ေဒသခံေတြ စိုးရိမ္မႈႀကီးထြား


ကိုးကန္႔တပ္ဖြဲ႔ MNDAA သတင္းဓာတ္ပံု- Credit to ( Lachid Kachin )

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ စစ္ေကာင္စီနဲ႔ MNDAA ကိုးကန႔္တပ္ၾကား တိုက္ပြဲျပင္းထန္ခဲ့တဲ့ေနာက္ ေလာက္ကိုင္ၿမိဳ႕မွာပါ တိုက္ပြဲျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။ ေလာက္ကိုင္ၿမိဳ႕ကို လာေရာက္အလုပ္လုပ္ကိုင္သူအေတာ္မ်ားမ်ားလည္း ေနရပ္ျပန္တာေတြ ရွိေနပါတယ္။ MNDAA ဘက္ကေတာ့ သူတို႔ဘက္က ေလာက္ကိုင္ေဒသမွာ စစ္ေရးလႈပ္ရွားတာမရွိေၾကာင္း ေျပာပါတယ္။ ကိုးကန႔္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕က အေျခအေန ရန္ကုန္က ေပးပို႔တဲ့ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခ်င္းေ႐ႊေဟာ္ၿမိဳ႕အနီးမွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကုန္ပိုင္းက စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန႔္တပ္ဖြဲ႕ၾကား တိုက္ပြဲ ျပင္းထန္ခဲ့တာပါ။ ဒီရက္ပိုင္းမွာေတာ့ ေလာက္ကိုင္ၿမိဳ႕မွာပါ တိုက္ပြဲျဖစ္ႏိုင္ေၾကာင္း သတင္းထြက္ေနတာေၾကာင့္ ျပည္သူေတြ စိုးရိမ္ထိတ္လန႔္ေနတယ္လို႔ ေလာက္ကိုင္ၿမိဳ႕က ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“ သတင္းကေတာ့အဲလိုမ်ိဳး တိုက္ပြဲ ထပ္ျဖစ္မယ္တို႔ ဘာတို႔ ၾကားေနတာနဲ႔ လူေတြကေတာ့ ထိတ္လန႔္ေနတာေပါ့။ ၇ ရက္ေန႔ မီးက စျဖတ္မယ္လို႔ ၾကားတာေလ၊ အဲဒါေတြေၾကာင့္လည္း စိုးရိမ္ၾကတာေပါ့။ အခုက သြားတာကေတာ့ ပုံမွန္ သြားလာေနတယ္ဗ်။”

ဒီဇင္ဘာလ ၃ ရက္ေန႔က လွ်ပ္စစ္ဓါတ္အားလုံေလာက္မႈမရွိတာေၾကာင့္ ဒီလ ၇ ရက္ကေန ၁၄ ရက္ေန႔အထိ ေလာက္ကိုင္ၿမိဳ႕မွာ လွ်ပ္စစ္မီးျပတ္ေတာက္မွာျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံ ဓါတ္အားေပးကုမၸဏီက အေၾကာင္းၾကားထားတာပါ။

တိုက္ပြဲျဖစ္မယ္ဆိုတဲ့သတင္းေတြေၾကာင့္ ေလာက္ကိုင္ၿမိဳ႕မွာ လာေရာက္အလုပ္လုပ္သူအခ်ိဳ႕ ေနရပ္ျပန္တာရွိေၾကာင္းလည္း အျခားေလာက္ကိုင္ေဒသခံတဦးက ေျပာပါတယ္။

“ အဲလိုပဲ ႐ုတ္႐ုတ္ ႐ုတ္႐ုတ္နဲ႔ေတာ့ အသံေတြက ၾကားေနရတာေပါ့။ တိုက္ပြဲျဖစ္ဖို႔ မ်ားတယ္ေပါ့။ အဲဒါ ၿမိဳ႕ထဲျဖစ္မွာ ေၾကာက္ေနၾကတာေပါ့။ အေျခအေနကေတာ့ အဲလိုပဲ။ တခ်ိဳ႕လည္း ျပန္ကိုျပန္ကုန္ၾကတာပဲ။ ဒီမွာေနတာၾကာတဲ့သူေတြကေတာ့ မျပန္ၾကပါဘူး။ ေနာက္ဘက္ပိုင္းတက္လာတဲ့သူေတြက ေၾကာက္လန႔္ၿပီး ျပန္တဲ့သူ ျပန္တာေပါ့။ ”

ကိုဗစ္ကပ္ေရာဂါျဖစ္ပြားခဲ့တဲ့ေနာက္ တ႐ုတ္ႏိုင္ငံက နယ္စပ္ဂိတ္ေတြ ပိတ္လိုက္တာေၾကာင့္ ေလာက္ကိုင္ၿမိဳ႕ကို လာေရာက္ အလုပ္လုပ္ကိုင္သူမ်ားေနတာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္လာလ ၂၈ရက္ေန႔က ကိုးကန႔္ေဒသ ခ်င္းေ႐ႊေဟာ္ၿမိဳ႕အနီးက MNDAA ကိုးကန႔္တပ္စခန္းကို စစ္ေကာင္စီနဲ႔ ကိုးကန႔္ေဒသခံနယ္ျခားေစာင့္တပ္ေတြ ပူးေပါင္း တိုက္ခိုက္ခဲ့ေၾကာင္း MNDAA က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေလာေလာဆယ္မွာေတာ့ သူတို႔တပ္ေတြဟာ ေလာက္ကိုင္ဘက္မွာ စစ္ေရးလႈပ္ရွားတာ မရွိေၾကာင္းလည္း MNDAA ရဲ႕ ျပန္ၾကားေရးအဖြဲ႕ဝင္ ကိုရန္ႏိုင္က ေျပာပါတယ္။

“ ခ်င္းေ႐ႊေဟာ္မွာ က်ေနာ္တို႔တပ္ထိုင္ထားတဲ့ ေတာင္ကုန္းတကုန္းရွိတယ္။ နမ့္ဖာ။ က်ေနာ္တို႔ တ႐ုတ္လိုေခၚရင္ နမ့္ဖာ။ အဲဒါကို ႏိုဝင္ဘာလ ၂၈ ထင္တယ္။ အဲဒီေန႔မွာ စစ္ေကာင္စီက ျပင္းျပင္းထန္ထန္ ထိုးစစ္လာဆင္ခဲ့တယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔ ေလာက္ကိုင္ကို ျပန္သိမ္းမွာဆိုၿပီးေတာ့ ဘာဘာညာညာ သတင္းေတြ ထြက္လာတာလားမသိဘူး။ အမွန္ အဲဒါေတြက မဟုတ္ဘူးရယ္။ အဲဒီဘက္မွာ စစ္ေရးလႈပ္ရွားမႈတို႔ ဘာတို႔က က်ေနာ္သိသေလာက္ေတာ့ အစီအစဥ္ဆြဲထားတာေတာ့ မရွိဘူး။ ေလာက္ကိုင္နဲ႔ အရပ္နီးေတာ့ ျပည္သူလူထုေတြကလည္း အလန႔္တၾကား ျဖစ္သြားတာေပါ့ေနာ။”

ၿပီးခဲ့တဲ့လကုန္ပိုင္းက ခ်င္းေ႐ႊေဟာ္အနီးျဖစ္ပြားတဲ့တိုက္ပြဲမွာ စစ္ေကာင္စီဘက္က ၁၀ ဦး ထက္မနည္းက်ဆုံးေၾကာင္း MNDAA က သတင္းထုတ္ျပန္ထားေပမဲ့ စစ္ေကာင္စီဘက္ ကေတာ့ ဒီတိုက္ပြဲသတင္းနဲ႔ပတ္သက္ၿပီး ထုတ္ျပန္တာ မေတြ႕ရပါဘူး။

၂၀၀၉ ခုႏွစ္က မူးယစ္ေဆးနဲ႔ လက္နက္ထုတ္လုပ္တယ္ဆိုၿပီး ျမန္မာစစ္တပ္က ကိုးကန႔္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕ကို တိုက္ခိုက္ ထိန္းခ်ဳပ္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ MNDAA ကိုးကန႔္တပ္ဖြဲ႕ေတြက ေလာက္ကိုင္ကို ျပန္လည္တိုက္ခိုက္ခဲ့တာေၾကာင့္ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

[[Unicode]]


စစ်ကောင်စီနဲ့ကိုးကန့်တပ်ကြား တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံတွေ စိုးရိမ်မှုကြီးထွား

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်ကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် လောက်ကိုင်မြို့မှာပါ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ လောက်ကိုင်မြို့ကို လာရောက်အလုပ်လုပ်ကိုင်သူအတော်များများလည်း နေရပ်ပြန်တာတွေ ရှိနေပါတယ်။ MNDAA ဘက်ကတော့ သူတို့ဘက်က လောက်ကိုင်ဒေသမှာ စစ်ရေးလှုပ်ရှားတာမရှိကြောင်း ပြောပါတယ်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့က အခြေအနေ ရန်ကုန်က ပေးပို့တဲ့ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့အနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ ဒီရက်ပိုင်းမှာတော့ လောက်ကိုင်မြို့မှာပါ တိုက်ပွဲဖြစ်နိုင်ကြောင်း သတင်းထွက်နေတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ လောက်ကိုင်မြို့က ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ သတင်းကတော့အဲလိုမျိုး တိုက်ပွဲ ထပ်ဖြစ်မယ်တို့ ဘာတို့ ကြားနေတာနဲ့ လူတွေကတော့ ထိတ်လန့်နေတာပေါ့။ ၇ ရက်နေ့ မီးက စဖြတ်မယ်လို့ ကြားတာလေ၊ အဲဒါတွေကြောင့်လည်း စိုးရိမ်ကြတာပေါ့။ အခုက သွားတာကတော့ ပုံမှန် သွားလာနေတယ်ဗျ။”

ဒီဇင်ဘာလ ၃ ရက်နေ့က လျှပ်စစ်ဓါတ်အားလုံလောက်မှုမရှိတာကြောင့် ဒီလ ၇ ရက်ကနေ ၁၄ ရက်နေ့အထိ လောက်ကိုင်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံ ဓါတ်အားပေးကုမ္ပဏီက အကြောင်းကြားထားတာပါ။

တိုက်ပွဲဖြစ်မယ်ဆိုတဲ့သတင်းတွေကြောင့် လောက်ကိုင်မြို့မှာ လာရောက်အလုပ်လုပ်သူအချို့ နေရပ်ပြန်တာရှိကြောင်းလည်း အခြားလောက်ကိုင်ဒေသခံတဦးက ပြောပါတယ်။

“ အဲလိုပဲ ရုတ်ရုတ် ရုတ်ရုတ်နဲ့တော့ အသံတွေက ကြားနေရတာပေါ့။ တိုက်ပွဲဖြစ်ဖို့ များတယ်ပေါ့။ အဲဒါ မြို့ထဲဖြစ်မှာ ကြောက်နေကြတာပေါ့။ အခြေအနေကတော့ အဲလိုပဲ။ တချို့လည်း ပြန်ကိုပြန်ကုန်ကြတာပဲ။ ဒီမှာနေတာကြာတဲ့သူတွေကတော့ မပြန်ကြပါဘူး။ နောက်ဘက်ပိုင်းတက်လာတဲ့သူတွေက ကြောက်လန့်ပြီး ပြန်တဲ့သူ ပြန်တာပေါ့။ ”

ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့နောက် တရုတ်နိုင်ငံက နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် လောက်ကိုင်မြို့ကို လာရောက် အလုပ်လုပ်ကိုင်သူများနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်လာလ ၂၈ရက်နေ့က ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့အနီးက MNDAA ကိုးကန့်တပ်စခန်းကို စစ်ကောင်စီနဲ့ ကိုးကန့်ဒေသခံနယ်ခြားစောင့်တပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ သူတို့တပ်တွေဟာ လောက်ကိုင်ဘက်မှာ စစ်ရေးလှုပ်ရှားတာ မရှိကြောင်းလည်း MNDAA ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ပြောပါတယ်။

“ ချင်းရွှေဟော်မှာ ကျနော်တို့တပ်ထိုင်ထားတဲ့ တောင်ကုန်းတကုန်းရှိတယ်။ နမ့်ဖာ။ ကျနော်တို့ တရုတ်လိုခေါ်ရင် နမ့်ဖာ။ အဲဒါကို နိုဝင်ဘာလ ၂၈ ထင်တယ်။ အဲဒီနေ့မှာ စစ်ကောင်စီက ပြင်းပြင်းထန်ထန် ထိုးစစ်လာဆင်ခဲ့တယ်။ အဲဒါကြောင့် ကျနော်တို့ လောက်ကိုင်ကို ပြန်သိမ်းမှာဆိုပြီးတော့ ဘာဘာညာညာ သတင်းတွေ ထွက်လာတာလားမသိဘူး။ အမှန် အဲဒါတွေက မဟုတ်ဘူးရယ်။ အဲဒီဘက်မှာ စစ်ရေးလှုပ်ရှားမှုတို့ ဘာတို့က ကျနော်သိသလောက်တော့ အစီအစဉ်ဆွဲထားတာတော့ မရှိဘူး။ လောက်ကိုင်နဲ့ အရပ်နီးတော့ ပြည်သူလူထုတွေကလည်း အလန့်တကြား ဖြစ်သွားတာပေါ့နော။”

ပြီးခဲ့တဲ့လကုန်ပိုင်းက ချင်းရွှေဟော်အနီးဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်းကျဆုံးကြောင်း MNDAA က သတင်းထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက် ကတော့ ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မတွေ့ရပါဘူး။

၂၀၀၉ ခုနှစ်က မူးယစ်ဆေးနဲ့ လက်နက်ထုတ်လုပ်တယ်ဆိုပြီး မြန်မာစစ်တပ်က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ကို တိုက်ခိုက် ထိန်းချုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ MNDAA ကိုးကန့်တပ်ဖွဲ့တွေက လောက်ကိုင်ကို ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ဖူးပါတယ်။

XS
SM
MD
LG