သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင် အာရှ လှေစီးပြေး MOAS ကယ်တင်မည်


ရွှေ့ပြောင်းသူများ ကမ်းလွန် ကူညီကယ်ဆယ်ရေး ဌာန MOAS အခမ်းအနားဖွင့်လှစ်ပွဲ။ သတင်းဓာတ်ပုံ-ဇင်လတ်အောင်
ရွှေ့ပြောင်းသူများ ကမ်းလွန် ကူညီကယ်ဆယ်ရေး ဌာန MOAS အခမ်းအနားဖွင့်လှစ်ပွဲ။ သတင်းဓာတ်ပုံ-ဇင်လတ်အောင်

မြေထဲပင်လယ်ထဲသောင်တင်နေတဲ့ လှေစီးပြေး ဒုက္ခသည် တသောင်း သုံးထောင်လောက် ကို ကယ်တင်နိုင်ခဲ့တဲ့ ရွှေ့ပြောင်းသူများ ကမ်းလွန် ကူညီ ကယ်ဆယ်ရေးဌာန MOAS က အခု အရှေ့တောင်အာရှ ရေပြင်တွေထဲက ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေ ကို ကယ်ဆယ်ကူညီဖို့ စတင် လုပ်ဆောင်လိုက်ပြီလို့ ပြောပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုကို မုတ္တမပင်လယ်ထဲနဲ့ အနားတဝိုက်မှာ လုပ်ဆောင်မှာ ဖြစ်ပြီး သင်္ဘောတစီးနဲ့ တာဝေးသွားနိုင်တဲ့ ဒရုံးယာဉ် ၂ စီးနဲ့ ရွှေ့ပြောင်း အခြေချဖို့ ထွက်လာသူတွေဖြစ်စေ၊ ဒုက္ခသည်တွေ ဖြစ်စေ လိုက်ပါလာတဲ့ လှေတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ လူတွေ ပင်လယ်ထဲမှာ သေတာမျိုး မဖြစ်သင့်ဘူးလို့ MOAS ဒါရိုက်တာ Martin Xuereb က VOA ကို ပြောပါတယ်။

ဒီအဖွဲ့ရဲ့ ဒေသတွင်း ကနဦးလုပ်ဆောင်မှုဟာ သီတင်း ၄ ပါတ် လောက် အနည်းဆုံးကြာမြင့်မှာ ဖြစ်ပါတယ်။ မီတာ ၄၀ ရှည် အသက်ကယ် သင်္ဘော M.Y. Phoenix နဲ့ မတ်လ ၃ ရက်နေ့မှာ စတင်ပြီး ဒေသခံ ကမ်းရိုးတန်း အစောင့်တွေ ၊ ရေတပ်တွေ နဲ့ တခြား အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက်ရာ မှာ ဒေသအာဏာပိုင်တွေနဲ့ အတူ ပွင့်လင်းမြင်သာမှု အပြည့်နဲ့ လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။

ရှေ့သီတင်းပါတ်မှာ ထွက်ခွါမယ့် Phoenix သင်္ဘော ပေါ်မှာ Fortify Rights လူ့အခွင့်ရေး အဖဲ့ွကလည်းလိုက်ပါမှာ ဖြစ်ပြီး သူတို့က လမ်းညွှန်မှုတွေပေး မှာ ဖြစ်သလို ပုံမှန်မဟုတ် တဲ့ ရွှေ့ပြောင်းမှုတွေ ကို စောင့်ကြည့်ရာမှာလည်း အကူညီပေးမှာ ဖြစ်ပါတယ်။

ပင်လယ်ထဲက လှေစီးပြေးဒုက္ခသည်တွေရဲ့ အသက်ကို ကယ်ဆယ်ပေးနေ တာဟာ ပြဿနာရဲ့အဖြေမဟုတ်ဘဲ အဲဒါဟာ လူသားချင်းစာနာတဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တစ်ခုပါပဲလို့လည်း ရွှေ့ပြောင်းသူများ ကမ်းလွန် ကူညီကယ်ဆယ်ရေး ဌာန MOAS ရဲ့ ညွှန်ကြားရေးမှူးက ဗွီအိုအေ ကို ပြောပါတယ်။

XS
SM
MD
LG