သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဘင်္ဂလားဝန်ကြီး အိန္ဒိယနဲ့ သွားရောက်ဆွေးနွေး


ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် မြန်မာအစိုးရကို အိန္ဒိယက ကြားဝင်ပြောကြားပေးဖို့ အိန္ဒိယကို ၃ ရက်ခရီးသွားရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abulkalam Abdul Momen က အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကို ကြာသပတေးနေ့မှာ ပန်ကြားလိုက်ကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

မကြာသေးခင်ကမှ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ Abdul Momen က ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ဒုက္ခသည်တွေကို အိန္ဒိယနဲ့ တရုတ်နိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေက လက်ခံပေးရေး အတွက် ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက ရိုဟင်ဂျာတွေ အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးခဲ့တာအတွက် ကျေးဇူးတင်သလိုပဲ ဒီဒုက္ခသည်တွေ နေရပ်ရင်းကို အစောဆုံး ပြန်နိုင်ရေးအတွက် အကူညီပေးဖို့ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့တာပါ။

အိန္ဒိယဝန်ကြီးချုပ် Modi ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ ပူးပေါင်းဆောင်ရွက်မှု ရမှာ ဖြစ်ကြောင်းအာမခံခဲ့သလို အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ် ဘက်က အမြဲရပ်တည်မယ်လို့ ထပ်မံပြောကြားခဲ့ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တချိန်ထဲမှာပဲ အိန္ဒိယနိုင်ငံမှာ တရားမဝင် ရောက်ရှိနေတဲ့ ရိုဟင်ဂျာ တချို့ကို အိန္ဒိယအစိုးရက မကြာခင် လတွေအတွင်း မြန်မာဘက် ပြန်ပို့ပေးနေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်ရေး အဖွဲ့တွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abulkalam Abdul Momen ဟာ အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် ပူးတွဲ ညှိနှိုင်းမှု ကော်မတီရဲ့ ပဉ္စမမြောက် အစည်းအဝေးကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေး ဘင်္ဂလားဝန်ကြီး အိန္ဒိယနဲ့ သွားရောက်ဆွေးနွေး
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG