သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယ အေျခခံအေဆာက္အဦ ေခတ္မီေရး ေဒၚလာ ၁.၃၅ ထရီလီယံ သံုးမည္


အိႏၵ္ိယ လြတ္လပ္ေရးေန႔ အခမ္းအနားတြင္း မိန္႔ခြန္း ေျပာ၀န္ႀကီးခ်ဳပ္ Narendra Modi

အိႏၵိယရဲ႕ စီးပြားေရး ဖြံ႔ၿဖိဳးမႈကို အေထာက္အပံ႔ ျဖစ္ေစေရး အတြက္ ေခတ္မီ အေျခခံ အေဆာက္အအံု တည္ေဆာက္ေရးမွာ အေမရိကန္ ေဒၚလာ ၁ ဒသမ ၃၅ ထရီလီယံ သံုးမယ့္ အစီအစဥ္ကို ၀န္ႀကီးခ်ဳပ္ Narendra Modi က တနဂၤေႏြေန႔မွာ ေၾကညာလိုက္ၿပီး ႏိုင္ငံရဲ႕ ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ေရး ရည္မွန္းခ်က္ ျပည့္မီေစေရး အတြက္ သန္႔စင္တဲ႔ စြမ္းအင္ကို ပိုၿပီး အသံုးျပဳႏိုင္ေရး ဦးတည္ လုပ္ေဆာင္မယ့္ အေၾကာင္းလည္း ေျပာပါတယ္။ အိႏၵ္ိယ လြတ္လပ္ေရးေန႔ အခမ္းအနားတြင္း မိန္႔ခြန္းမွာ အခုလို ေၾကညာခဲ႔တာပါ။

လံုျခံဳေရး တင္းၾကပ္ထားတဲ႔ ၿမိဳ႕ေတာ္ နယူးေဒလီက သမိုင္း၀င္ Red Fort ခံတပ္မွာ မိန္႔ခြန္းေျပာတဲ႔ ၀န္ႀကီးခ်ဳပ္က မၾကာခင္ အေကာင္အထည္ေဖာ္မယ့္ အေျခခံ အေဆာက္အအံု စီမံကိန္းကေန အလုပ္အကိုင္ အခြင့္အလမ္း သိန္းခ်ီ ဖန္တီးေပးမယ့္အေၾကာင္းနဲ႔ ျပည္တြင္း စက္မႈ လုပ္ငန္းေတြလည္း ကမ ၻာတ၀န္း ယွဥ္ၿပိဳင္ႏိုင္လာမယ္လို႔ ေျပာခဲ႔ပါတယ္။

ေက်းရြာေတြနဲ႔ ၿမိဳ႕ေတြထိ စီးပြားေရး အက်ိဳးအျမတ္ အေသအခ်ာ ရွိေစမယ့္ ျပည္တြင္း ကုန္ထုတ္လုပ္ငန္းေတြကို အားေပးမယ့္အေၾကာင္း၊ ကုန္ထုတ္လုပ္ငန္းနဲ႔ ျပည္ပ တင္ပို႔မႈ ျမႇင့္တင္ေရး အစိုးရက ေဆာင္ရြက္မယ့္ အေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။ အိႏၵိယရဲ႕ ဖြံ႔ၿဖိဳးမႈကို တြန္းအားေပး ေဆာင္ရြက္ၿပီး အိႏၵိယ လူငယ္ေတြ အတြက္ အလုပ္အကိုင္ေတြ ဖန္တီးေပမယ္ဆိုတဲ႔ ကတိေတြနဲ႔ လြန္ခဲ႔တဲ႔ ၇ ႏွစ္မွာ ၀န္ႀကီးခ်ဳပ္ မိုဒီ အာဏာရလာတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း တခ်ိန္က ကမ ၻာမွာ ဖြံ႔ၿဖိဳးမႈ အျမန္ဆံုး ျဖစ္ခဲ႔တဲ႔ အိႏၵိယရဲ႕ စီးပြားေရး က်ဆင္းလာတာေၾကာင့္ ၀န္ႀကီးခ်ဳပ္ရဲ႕ ကတိက၀တ္ေတြက အေကာင္အထည္ မေပၚေသးဘူးလို႔လည္း ေ၀ဖန္ၾကပါတယ္။

---------------------------------

အိန္ဒိယ အခြေခံအဆောက်အဦ ခေတ်မီရေး ဒေါ်လာ ၁.၃၅ ထရီလီယံ သုံးမည်

အိန္ဒိယရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အပံ့ ဖြစ်စေရေး အတွက် ခေတ်မီ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၅ ထရီလီယံ သုံးမယ့် အစီအစဉ်ကို ဝန်ကြီးချုပ် Narendra Modi က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပြီး နိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ရည်မှန်းချက် ပြည့်မီစေရေး အတွက် သန့်စင်တဲ့ စွမ်းအင်ကို ပိုပြီး အသုံးပြုနိုင်ရေး ဦးတည် လုပ်ဆောင်မယ့် အကြောင်းလည်း ပြောပါတယ်။ အိန္ဒိယ လွတ်လပ်ရေးနေ့ အခမ်းအနားတွင်း မိန့်ခွန်းမှာ အခုလို ကြေညာခဲ့တာပါ။

လုံခြုံရေး တင်းကြပ်ထားတဲ့ မြို့တော် နယူးဒေလီက သမိုင်းဝင် Red Fort ခံတပ်မှာ မိန့်ခွန်းပြောတဲ့ ဝန်ကြီးချုပ်က မကြာခင် အကောင်အထည်ဖော်မယ့် အခြေခံ အဆောက်အအုံ စီမံကိန်းကနေ အလုပ်အကိုင် အခွင့်အလမ်း သိန်းချီ ဖန်တီးပေးမယ့်အကြောင်းနဲ့ ပြည်တွင်း စက်မှု လုပ်ငန်းတွေလည်း ကမ ္ဘာတဝန်း ယှဉ်ပြိုင်နိုင်လာမယ်လို့ ပြောခဲ့ပါတယ်။

ကျေးရွာတွေနဲ့ မြို့တွေထိ စီးပွားရေး အကျိုးအမြတ် အသေအချာ ရှိစေမယ့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေကို အားပေးမယ့်အကြောင်း၊ ကုန်ထုတ်လုပ်ငန်းနဲ့ ပြည်ပ တင်ပို့မှု မြှင့်တင်ရေး အစိုးရက ဆောင်ရွက်မယ့် အကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။ အိန္ဒိယရဲ့ ဖွံ့ဖြိုးမှုကို တွန်းအားပေး ဆောင်ရွက်ပြီး အိန္ဒိယ လူငယ်တွေ အတွက် အလုပ်အကိုင်တွေ ဖန်တီးပေမယ်ဆိုတဲ့ ကတိတွေနဲ့ လွန်ခဲ့တဲ့ ၇ နှစ်မှာ ဝန်ကြီးချုပ် မိုဒီ အာဏာရလာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချိန်က ကမ ္ဘာမှာ ဖွံ့ဖြိုးမှု အမြန်ဆုံး ဖြစ်ခဲ့တဲ့ အိန္ဒိယရဲ့ စီးပွားရေး ကျဆင်းလာတာကြောင့် ဝန်ကြီးချုပ်ရဲ့ ကတိကဝတ်တွေက အကောင်အထည် မပေါ်သေးဘူးလို့လည်း ဝေဖန်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG