သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဝန်ကြီးချုပ် ဝါရှင်တန်ကို ဆိုက်ရောက်


 ပြီးခဲ့သော မတ်လ ၃၁ရက်က မိုဒီနဲ့ အိုဘားမားတို့ တွေ့ဆုံနေစဉ်။ (AP Photo/Carolyn Kaster, File)
ပြီးခဲ့သော မတ်လ ၃၁ရက်က မိုဒီနဲ့ အိုဘားမားတို့ တွေ့ဆုံနေစဉ်။ (AP Photo/Carolyn Kaster, File)

ငါးနိုင်ငံ အလည်အပတ်ခရီးစဉ် သွားရောက်နေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ဟာ လေးနိုင်ငံ မြောက်အဖြစ် အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့တော်ကို တနင်္လာနေ့က ရောက်လာပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ နှစ်နိုင်ငံ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စွမ်းအင် ကဏ္ဍတွေမှာ တိုးတက်မှုတွေကို သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ အင်္ဂါနေ့မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပြီး၊ အမေရိကန် လွှတ်တော်နှစ်ရပ်မှာ လည်း ဗုဒ္ဓဟူးနေ့က မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

အခုလို သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှုဟာ ၂၀၁၄ခုနှစ် မေလက မိုဒီ ဝန်ကြီးချုပ် ဖြစ်ပြီးကတည်းက ၇ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။ ဒါဟာ အမေရိကန် သမ္မတတစ်ဦးအနေနဲ့ မဟာမိတ် မဟုတ်တဲ့ ခေါင်းဆောင် တစ်ဦးတို့အကြားမှာ ပုံမှန် တွေ့ဆုံမှုထက် အကြိမ်ပိုများတာ ဖြစ်ပါတယ်။

အခုလို နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာတာဟာ အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှု လက္ခဏာ ဖြစ်ပါတယ်။ အိန္ဒိယကို အာရှတိုက်မှာ အမေရိကန်ရဲ့ လွှမ်းမိုးမှု ပိုမို တိုးမြှင့်ပြီး တရုတ်ရဲ့ အာဏာကို ထိန်းညှိနိုင်ရာမှာ အိန္ဒိယဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တဲ့အကြောင်း အမေရိကန်အစိုးရက ယူဆတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ အိန္ဒိယအနေနဲ့ NSG ခေါ် န ျူ ကလီးယား ပစ္စည်းများ ရောင်းချရေးဆိုင်ရာ အုပ်စုဖြစ်တဲ့ ၄၈နိုင်ငံ အဖွဲ့ဝင်ဖြစ်လာရေး အတွက် လျှောက်ထားတဲ့အတွက် မိုဒီအနေနဲ့ ဒီအပေါ် ထောက်ခံမှု ရရှိဖို့လည်း ခရီးစဉ် အတွင်း ကြိုးပမ်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အိန္ဒိယရဲ့ ကုန်သွယ်ရေး စွမ်းအင်နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ ရည်ရွယ်တဲ့ လက်ရှိ ငါးနိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ်ဟာ အာဖဂန် နစ္စတန်၊ ကာတာနဲ့ ဆွစ်ဇာလန်တို့ကို သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ ဒီခရီးစဉ်အပြီး မက္ကဆီကိုနဲ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။

၂၀၀၂ခုနှစ်က မိုဒီ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဂူဂျာရတ် ပြည်နယ်မှာ မွတ်စလင် အများစု ပါဝင်တဲ့ လူပေါင်း ၁၀၀၀ကျော် သေဆုံးခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် ပြည်ထောင်စုက မိုဒီကို ပြည်ဝင်ခွင့် ပိတ်ပင်ထားခဲ့တာ လွန်ခဲ့တဲ့ သုံးနှစ်အထိ ဖြစ်ပါတယ်။

ထိုစဉ်က မိုဒီဟာ ဟိန္ဒူ လူအုပ်ကြီးက မွတ်စလင်တွေကို တိုက်ခိုက်တာကို တားဆီးဖို့ ထိထိရောက်ရောက် မဆောင်ရွက်ခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့ပါတယ်။ မိုဒီကတော့ ဒီစွပ်စွဲချက်တွေ မဟုတ် မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

မိုဒီဟာ ၂၀၁၄ခုနှစ်က အမေရိကန် ပြည်ထောင်စုကို ဝန်ကြီးချုပ်အဖြစ် ပထမဦးဆုံးအကြိမ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG