သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးေကာင္းနဲ႔ ဖားကန႔္အနီး စစ္ေကာင္စီတပ္နဲ႔ KIA တိုက္ပြဲ ေဒသခံေတြထိခိုက္


မိုးေကာင္းၿမိဳ႕အပိုင္၊ ဆားေမွာ္ေက်းရြာ

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္၊ မိုးေကာင္းနဲ႔ ဖားကန႔္အနီးတဝိုက္မွာ မေန႔ကညနဲ႔ ဒီေန႔မနက္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကခ်င္လက္ လက္နက္ကိုင္အဖြဲ႔ KIA တို႔ ႏွစ္ဘက္ပစ္ခတ္မႈေတြ ရွိခဲ့ၿပီး ေဒသခံေတြထိခိုက္၊ ဒဏ္ရာရတာေတြလည္း ရွိတယ္တယ္လို႔ တိုက္ပြဲကို ကိုယ္တိုင္ႀကဳံေတြ႔ခဲ့သူေတြက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္အပိုင္ ဆားေမွာ္ေက်း႐ြာနားမွာရွိတဲ့ စစ္တပ္ရဲ႕ ခမရ (၃၈၃) ကို ကခ်င္လက္နက္ KIA က ဒီေန႔မနက္ ၃ နာရီေလာက္မွာ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲက ၂ နာရီနီးပါးၾကာခဲ့တယ္လို႔ ဒီတပ္ရင္းအနီးမွာ ေနထိုင္ တဲ့ ေဒသခံတဦးက ေျပာပါတယ္။ လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ အဆက္မျပတ္ ပစ္ခတ္သံေတြၾကားခဲ့ရေၾကာင္း သူကဗြီအိုေအကိုေျပာပါတယ္။

“၂ နာရီေလာက္ကေနစတာ မနက္ ၅ နာရီခြဲ၊ ၆ နာရီေလာက္အထိ ျဖစ္တာေပါ့ေနာ္။ အႀကီးႀကီးဗ်။ ေျမေတာင္တုန္တယ္၊ က်ေနာ့အိမ္နဲ႔ဆိုရင္ ကပ္လ်က္ေလ။ လက္နက္ႀကီးနဲ႔လည္း ပစ္ကူေပးတာ။ ေတာ္ေတာ္ထိတယ္လို႔ေျပာပါတယ္။ ေတာ္ေတာ္ေလး ရစရာမရွိဘူးလို႔ေျပာတယ္။ နယ္ေျမခံတပ္ေတြက နည္းသြားပါၿပီ။ ေရွ႕တန္းထြက္ေနတာႀကီးကို၊ ညကေတာ့ ေတာ္ေတာ္ေလးေတာ့ ျပန္ဆုတ္ရတယ္ ထင္ပါတယ္။ အဲဒါမို႔ မေန႔ကညက ေတာ္ေတာ္ေလး ကူရတယ္ေျပာပါတယ္။”

မေန႔က ဒီဇင္ဘာလ ၂၃ ရက္ညပိုင္း ၈ နာရီေလာက္ကလည္း မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေကအိုင္ေအ လက္နက္ကိုင္တပ္ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ဖားကန႔္ဗ်ဴဟာကုန္းေပၚကေန ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္ေတြ ေရမေဆးလုပ္ကြက္ထဲကို က်ေရာက္ခဲ့လို႔ ေဒသခံတခ်ိဳ႕ထိခိုက္ခဲ့ေၾကာင္း အဲဒီအခ်ိန္မွာ ေက်ာက္ရွာေဖြေနတဲ့ ေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ဗ်ဴဟာကုန္းကေန လက္နက္ႀကီးနဲ႔ သုံးခ်က္လွမ္းပစ္တယ္၊ ေနရာက ဗလခနဲ႔ ေတာင္ၿပိဳၾကားမွာ ေရမေဆးရွာေနတဲ့ လုပ္ကြက္ထဲကို။ တေယာက္က ဝမ္းဗိုက္၊ တေယာက္ကတင္ပါး၊ တေယာက္က ေျခေထာက္၊ တေယာက္က ေခါင္းဒဏ္ရာရၿပီး ေသသြားၿပီ။ ငါးေယာက္ထိတာ တေယာက္ေသတယ္၊ တေယာက္ကေတာ့ ျမစ္ႀကီးနားလႊဲလိုက္ၿပီ။ ဒီမွာသုံးေယာက္ရွိတယ္။”

ႏွစ္ဘက္ပစ္ခတ္မႈေတြနဲ႔ ပတ္သက္ၿပီးေမးျမန္းဖို႔ KIA ေျမျပင္တာဝန္ရွိသူကိုေမးျမန္းဖို႔ ဗြီအိုေအက ဆက္သြယ္ေနဆဲျဖစ္ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ မိုးေကာင္းၿမိဳ႕နယ္၊ ဆားေမွာ္က နယ္ေျမခံတပ္ရင္းကို အင္အား ၁၀၀ ေလာက္ရွိတဲ့ KIA နဲ႔ PDF ပူးေပါင္းတပ္ေတြ ဒီေန႔မနက္ ၃ နာရီေလာက္မွာ လာေရာက္တိုက္ခိုက္ခဲ့ေၾကာင္းနဲ႔စစ္သားတခ်ိဳ႕ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

မိုးကောင်းနဲ့ ဖားကန့်အနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲ ဒေသခံတွေထိခိုက်

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းနဲ့ ဖားကန့်အနီးတဝိုက်မှာ မနေ့ကညနဲ့ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လက် လက်နက်ကိုင်အဖွဲ့ KIA တို့ နှစ်ဘက်ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ဒေသခံတွေထိခိုက်၊ ဒဏ်ရာရတာတွေလည်း ရှိတယ်တယ်လို့ တိုက်ပွဲကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အပိုင် ဆားမှော်ကျေးရွာနားမှာရှိတဲ့ စစ်တပ်ရဲ့ ခမရ (၃၈၃) ကို ကချင်လက်နက် KIA က ဒီနေ့မနက် ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲက ၂ နာရီနီးပါးကြာခဲ့တယ်လို့ ဒီတပ်ရင်းအနီးမှာ နေထိုင် တဲ့ ဒေသခံတဦးက ပြောပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်သံတွေကြားခဲ့ရကြောင်း သူကဗွီအိုအေကိုပြောပါတယ်။

“၂ နာရီလောက်ကနေစတာ မနက် ၅ နာရီခွဲ၊ ၆ နာရီလောက်အထိ ဖြစ်တာပေါ့နော်။ အကြီးကြီးဗျ။ မြေတောင်တုန်တယ်၊ ကျနော့အိမ်နဲ့ဆိုရင် ကပ်လျက်လေ။ လက်နက်ကြီးနဲ့လည်း ပစ်ကူပေးတာ။ တော်တော်ထိတယ်လို့ပြောပါတယ်။ တော်တော်လေး ရစရာမရှိဘူးလို့ပြောတယ်။ နယ်မြေခံတပ်တွေက နည်းသွားပါပြီ။ ရှေ့တန်းထွက်နေရာကြီးကို၊ ညကတော့ တော်တော်လေးတော့ ပြန်ဆုတ်ရတယ် ထင်ပါတယ်။ အဲဒါမို့ မနေ့ကညက တော်တော်လေး ကူရတယ်ပြောပါတယ်။”

မနေ့က ဒီဇင်ဘာလ ၂၃ ရက်ညပိုင်း ၈ နာရီလောက်ကလည်း မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဖားကန့်ဗျူဟာကုန်းပေါ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ရေမဆေးလုပ်ကွက်ထဲကို ကျရောက်ခဲ့လို့ ဒေသခံတချို့ထိခိုက်ခဲ့ကြောင်း အဲဒီအချိန်မှာ ကျောက်ရှာဖွေနေတဲ့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ သုံးချက်လှမ်းပစ်တယ်၊ နေရာက ဗလခနဲ့ တောင်ပြိုကြားမှာ ရေမဆေးရှာနေတဲ့ လုပ်ကွက်ထဲကို။ တယောက်က ဝမ်းဗိုက်၊ တယောက်ကတင်ပါး၊ တယောက်က ခြေထောက်၊ တယောက်က ခေါင်းဒဏ်ရာရပြီး သေသွားပြီ။ ငါးယောက်ထိတာ တယောက်သေတယ်၊ တယောက်ကတော့ မြစ်ကြီးနားလွှဲလိုက်ပြီ။ ဒီမှာသုံးယောက်ရှိတယ်။”

နှစ်ဘက်ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီးမေးမြန်းဖို့ KIA မြေပြင်တာဝန်ရှိသူကိုမေးမြန်းဖို့ ဗွီအိုအေက ဆက်သွယ်နေဆဲဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုးကောင်းမြို့နယ်၊ ဆားမှော်က နယ်မြေခံတပ်ရင်းကို အင်အား ၁၀၀ လောက်ရှိတဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဒီနေ့မနက် ၃ နာရီလောက်မှာ လာရောက်တိုက်ခိုက်ခဲ့ကြောင်းနဲ့စစ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

#မိုးညှင်း #KIA #PDF #စစ်ကောင်စီ #ဖားကန့်ဗျူဟာကုန်း #မိုးကောင်း #ခမရ(၃၈၃) #ကချင်လက်နက်ကိုင်အဖွဲ့ #ဗွီအိုအေ #WhatIsHappeningInMyanmar #MilitaryCoup

==================

XS
SM
MD
LG