သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ညပိုင္းပစ္ခတ္မႈေၾကာင့္ မိုးကုတ္နဲ႔ေပါင္ၿမိဳ႕ေတြမွာ ေသဆံုးမႈရွိ


မိုးကုတ္ၿမိဳ႕ဆႏၵျပပြဲျမင္ကြင္း။ (ဓာတ္ပံု-မိုးကုတ္သတင္းဖဘ)

မႏၱေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နဲ႔ မြန္ျပည္နယ္ ေပါင္ၿမိဳ႕မွာ ပုဒ္မ ၁၄၄ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားရာမွာ လိုက္နာမွဳမရွိသူေတြကို လုံၿခံဳေရးအဖြဲ႔ေတြက ပစ္ခတ္ခဲ့လို႔ ေသဆုံးဒဏ္ရာရတာေတြ ရွိခဲ့ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

မႏၱေလးတိုင္း မိုးကုတ္ၿမိဳ႕နဲ႔ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕တို႔မွာ စစ္ေကာင္စီက ပုဒ္မ ၁၄၄ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားရာမွာ လိုက္နာမွဳမရွိတဲ့သူေတြကို လုံျခံဳေရးအဖြဲ႕ေတြကေန ပစ္ခတ္မွဳေတြျဖစ္ပြါးေနတာပါ။

မေန႔ညမွာ မႏၱေလးတိုင္း၊ မိုးကုတ္ၿမိဳ႕ လယ္ဦးရပ္ကြက္မွာ ရပ္ကြက္လုံၿခံဳေရးကင္းေစာင့္ေနတဲ့ျပည္သူေတြကို ကင္းလွည့္လာတဲ့ လုံျခံဳေရးတပ္ဖြဲ႔ေတြက ပစ္ခတ္ခဲ့တယ္လို႔ မိုးကုတ္ေဒသခံတဦးကဆိုပါတယ္။

“လယ္ဦးမွာ ကင္းေလးေတြေစာင့္ၾကပါတယ္။ မသမာသူေတြဝင္လာမွာ ေရာင္ျပန္ေတြဝင္လာမွာ စိုးလို႔ေလေနာ္။ ည (၁၁) နာရီခြဲေလာက္မွာ တပ္မေတာ္စစ္ေၾကာင္းက ဝင္သြားၿပီးေတာ့ လူေတြပစ္တာ (၂)ေ ယာက္ထိသြားပါတယ္။ တေယာက္ကေတာ့ ပြဲခ်င္းၿပီးဆုံးသြားလို႔ ၾကက္ေျခနီတပ္ဖြဲ႔ဝင္ေတြက ဒီေန႔ သၿဂၤဳိေပးပါတယ္။ ေနာက္တေယာက္ေတာ့ မႏၱေလးကို သယ္သြားပါတယ္။”

ဒဏ္ရာရသူတဦးကိုေတာ့ မႏၱေလးေဆးရံုကိုပို႔ေဆာင္ထားရပါတယ္။

အလားတူ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕အတြင္းမွာလည္း ညအခ်ိန္မေတာ္သြားလာသူႏွစ္ဦးကို လုံၿခံဳေရးအဖြဲ႔ကပစ္ခတ္ခဲ့ေၾကာင္း ေဒသခံေက်ာင္းဆရာမတဦးက ဆိုပါတယ္။

“အဲဒီႏွစ္ေယာက္က ကဒုံစီးေဒးပိန္ဘက္ကတဲ့။ သူတို႔က မူးေနတယ္။ ေနာက္ အေပါင္မွာ ပုဒ္မ (၁၄၄) လည္း ထုတ္ထားတယ္။ သူ တို႔က ညအခ်ိန္ အရက္ေသာက္ဖို႔ဆိုၿပီးေတာ့ အဲဒီအေပၚလမ္းကိုတက္လာတာတဲ့။ ဆိုင္ကယ္နဲ႔တဲ့။ အဲဒါ ရဲကတားတယ္တဲ့။ ရပ္ခိုင္းတယ္တဲ့။ မရပ္ဘဲေမာင္းေျပးလို႔ဆိုၿပီး ပစ္လိုက္တာတဲ့။ တေယာက္ကေတာ့ပြဲခ်င္းၿပီးေပါ့ေနာ္။ (၁၄၄) ထုတ္ထားတယ္။ သူတို႔ ထုတ္ထားတဲ့အခ်ိန္ထြက္လာတဲ့တေၾကာင္းေပါ့။ တားတာကိုလည္း မရပ္တာကေၾကာင္းမို႔လို႔။”

မေန႔ည (၁၁) ခန္႔ ေပါင္ၿမိဳ႕ရဲစခန္းေရွ႕မွာ အဆိုပါလူႏွစ္ေယာက္နဲ႔ ရဲတပ္ဖြဲ႔တို႔ အေျခအတင္ျဖစ္ပြါးရာကေန ပစ္ခတ္မွဳျဖစ္ခဲ့တာလို႔ ေဒသခံေတြကဆိုပါတယ္။

ေဖေဖာ္ဝါရီ (၁) ရက္ေန႔တုန္းက မဲမသမာမွဳကိုအေၾကာင္းျပဳၿပီး တပ္မေတာ္ကေန နိုင္ငံေတာ္အာဏာကိုထိန္းသိမ္းထားခဲ့ပါတယ္။

တပ္မေတာ္ကေနအာဏာသိမ္းတာကို တနိုင္ငံလုံးအတိုင္းအတာနဲ႔ ဆန္႔က်င္သပိတ္ေမွာက္ဆႏၵျပေနခဲ့ၾကတာျဖစ္ခဲ့ၿပီး စစ္ေကာင္စီကေန ညမထြက္ရအမိန္႔ကိုေၾကညာခဲ့သလို ရန္ကုန္တိုင္းေဒသၾကီးကၿမိဳ႕နယ္ (၆) ၿမိဳ႕နယ္မွာ စစ္အုပ္ခ်ဳပ္ေရးေၾကညာခဲ့ပါတယ္။

စစ္အာဏာရွင္ဆန္႔က်င္ေရး သပိတ္ေမွာက္ဆႏၵျပတာ ရက္ရွည္လာသလို လုံၿခံဳေရးအဖြဲ႔ေတြရဲ႕သပိတ္ၿဖိဳခြင္းမွဳကလည္း အရွိန္ျပင္း လာတာေၾကာင့္ ေသဆုံးဒဏ္ရာရရွိမွဳေတြလည္း မ်ားျပားလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ညပိုင်းပစ်ခတ်မှုကြောင့် မိုးကုတ်နဲ့ပေါင်မြို့တွေမှာ သေဆုံးမှုရှိ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နဲ့ မွန်ပြည်နယ် ပေါင်မြို့မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားရာမှာ လိုက်နာမှုမရှိသူတွေကို လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ခဲ့လို့ သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ မွန်ပြည်နယ်၊ ပေါင်မြို့တို့မှာ စစ်ကောင်စီက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားရာမှာ လိုက်နာမှုမရှိတဲ့သူတွေကို လုံခြုံရေးအဖွဲ့တွေကနေ ပစ်ခတ်မှုတွေဖြစ်ပွါးနေတာပါ။

မနေ့ညမှာ မန္တလေးတိုင်း၊ မိုးကုတ်မြို့ လယ်ဦးရပ်ကွက်မှာ ရပ်ကွက်လုံခြုံရေးကင်းစောင့်နေတဲ့ပြည်သူတွေကို ကင်းလှည့်လာတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ မိုးကုတ်ဒေသခံတဦးကဆိုပါတယ်။

“လယ်ဦးမှာ ကင်းလေးတွေစောင့်ကြပါတယ်။ မသမာသူတွေဝင်လာမှာ ရောင်ပြန်တွေဝင်လာမှာ စိုးလို့လေနော်။ ည (၁၁) နာရီခွဲလောက်မှာ တပ်မတော်စစ်ကြောင်းက ဝင်သွားပြီးတော့ လူတွေပစ်တာ (၂)ေ ယာက်ထိသွားပါတယ်။ တယောက်ကတော့ ပွဲချင်းပြီးဆုံးသွားလို့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက ဒီနေ့ သြင်္ဂိုပေးပါတယ်။ နောက်တယောက်တော့ မန္တလေးကို သယ်သွားပါတယ်။”

ဒဏ်ရာရသူတဦးကိုတော့ မန္တလေးဆေးရုံကိုပို့ဆောင်ထားရပါတယ်။

အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့အတွင်းမှာလည်း ညအချိန်မတော်သွားလာသူနှစ်ဦးကို လုံခြုံရေးအဖွဲ့ကပစ်ခတ်ခဲ့ကြောင်း ဒေသခံကျောင်းဆရာမတဦးက ဆိုပါတယ်။

“အဲဒီနှစ်ယောက်က ကဒုံစီးဒေးပိန်ဘက်ကတဲ့။ သူတို့က မူးနေတယ်။ နောက် အပေါင်မှာ ပုဒ်မ (၁၄၄) လည်း ထုတ်ထားတယ်။ သူ တို့က ညအချိန် အရက်သောက်ဖို့ဆိုပြီးတော့ အဲဒီအပေါ်လမ်းကိုတက်လာတာတဲ့။ ဆိုင်ကယ်နဲ့တဲ့။ အဲဒါ ရဲကတားတယ်တဲ့။ ရပ်ခိုင်းတယ်တဲ့။ မရပ်ဘဲမောင်းပြေးလို့ဆိုပြီး ပစ်လိုက်တာတဲ့။ တယောက်ကတော့ပွဲချင်းပြီးပေါ့နော်။ (၁၄၄) ထုတ်ထားတယ်။ သူတို့ ထုတ်ထားတဲ့အချိန်ထွက်လာတဲ့တကြောင်းပေါ့။ တားတာကိုလည်း မရပ်တာကကြောင်းမို့လို့။”

မနေ့ည (၁၁) ခန့် ပေါင်မြို့ရဲစခန်းရှေ့မှာ အဆိုပါလူနှစ်ယောက်နဲ့ ရဲတပ်ဖွဲ့တို့ အခြေအတင်ဖြစ်ပွါးရာကနေ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

ဖေဖော်ဝါရီ (၁) ရက်နေ့တုန်းက မဲမသမာမှုကိုအကြောင်းပြုပြီး တပ်မတော်ကနေ နိုင်ငံတော်အာဏာကိုထိန်းသိမ်းထားခဲ့ပါတယ်။

တပ်မတော်ကနေအာဏာသိမ်းတာကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင်သပိတ်မှောက်ဆန္ဒပြနေခဲ့ကြတာဖြစ်ခဲ့ပြီး စစ်ကောင်စီကနေ ညမထွက်ရအမိန့်ကိုကြေညာခဲ့သလို ရန်ကုန်တိုင်းဒေသကြီးကမြို့နယ် (၆) မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြတာ ရက်ရှည်လာသလို လုံခြုံရေးအဖွဲ့တွေရဲ့သပိတ်ဖြိုခွင်းမှုကလည်း အရှိန်ပြင်း လာတာကြောင့် သေဆုံးဒဏ်ရာရရှိမှုတွေလည်း များပြားလာနေပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #MyanmarMartialLaw #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG