သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဆယ္၊ မုံးကိုးဘက္မွာ စစ္တပ္နဲ႔ MNDAA ၾကား တိုက္ပြဲဆက္ျဖစ္ေန


မူဆယ္ေဒသတြင္း တုိက္ပြဲေတြေၾကာင့္ နယ္စပ္ေဒသမွာ ထြက္ေျပးတိမ္ေရွာင္ေနသူမ်ားရဲ႕ ေနထိုင္မႈျမင္ကြင္း။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ တ႐ုတ္-ျမန္မာနယ္စပ္က မူဆယ္ၿမိဳ႕နယ္၊ မုံးကိုးေဒသဘက္မွာ စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန႔္တပ္ဖြဲ႔ၾကားမွာ ႏွစ္ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ေနပါတယ္။ ဒီကေန႔ ႏိုဝင္ဘာ ၄ ရက္ ေန႔ခင္းပိုင္းမွာေတာ့ စစ္ေကာင္စီရဲ႕ ၁၀၅ မိုင္ ဗ်ဴဟာကုန္းကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေတြလည္းရွိေနၿပီး ဒီေဒသအတြင္း စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန႔္တပ္ဖြဲ႔ၾကား စစ္ေရးတင္းမာမႈေတြ ျမင့္တက္လာေနေၾကာင္း သုံးသပ္တာေတြ ရွိေနပါတယ္။ ရန္ကုန္ကလာတဲ့ တ႐ုတ္-ျမန္မာနယ္စပ္က တိုက္ပြဲအေျခအေနကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

မူဆယ္ၿမိဳ႕နယ္၊ မုံးကိုး၊ ေဖာင္းဆိုင္ေဒသဘက္ကို စစ္ေကာင္စီဘက္က အင္အားျဖည့္တင္းတာေတြ ရွိေနၿပီး ဒီလ ၃ ရက္ေန႔နဲ႔ ၄ ရက္ေန႔မွာ မုံးကိုးမွာ တိုက္ပြဲ ႏွစ္ရက္ဆက္ ျဖစ္ေနတာပါ။ လက္ရွိ တိုက္ပြဲျဖစ္ခဲ့တဲ့အေျခအေနကို မုံးကိုးေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“မေန႔ကနဲ႔ ဒီေန႔ေတာ့ ပစ္ေနၾကတာေပါ့။ ေကာင္းတပ္နားမွာေပါ့။ မုံးကိုး ရပ္ကြက္ ၆ ေပါ့။ စစ္ကားေတြကို လာပစ္တာေပါ့ေနာ။ ေဖာင္းဆိုင္ဘက္တက္မယ့္အခ်ိန္ သူတို႔က စစ္ကားကို လာေစာင့္ထုတာ။ မေန႔ က ေတာ့ အဲလိုပဲ ပစ္ ပစ္ၿပီးေတာ့ ျပန္လွည့္လာတာပဲ။ ျပန္ၿငိမ္သြားတာ။ ဒီေန႔မွ သူတို႔က ျပန္စပစ္ တာေပါ့။ ေကာင္းတပ္အေက်ာ္ ေကာင္လုံၾကားေပါ့။ ႏွစ္ရက္ေပါ့။ ႏွစ္ရက္ ဆက္တိုက္။”

ဒီလ ၃ ရက္ေန႔က ေန႔ခင္း ၁၁ နာရီေလာက္ျဖစ္တဲ့ ပစ္ခတ္မႈဟာ ၃ နာရီနီးပါးၾကာျမင့္ခဲ့သလို ဒီကေန႔ ၄ ရက္ေန႔မွာေတာ့ မနက္ ၈ နာရီေလာက္ကေန ၁၁ နာရီေလာက္ထိ ပစ္ခတ္သံေတြ ၾကားေနရေၾကာင္း ေျပာပါတယ္။

MNDAA ကိုးကန႔္တပ္ဖြဲ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာေတာ့ စစ္ေကာင္စီဘက္က စစ္ကား ၃၄ စီး၊ ပန္ဆိုင္းကေန မုံးကိုးဘက္ ဝင္ေရာက္လာေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီလ ၁ ရက္နဲ႔ ၂ ရက္ေန႔ေတြမွာ ေဖာင္းဆိုင္ဘက္က ကိုးကန႔္တပ္စခန္းေတြကို လက္နက္ႀကီးနဲ႔ အခ်က္ ၁၀၀ ေက်ာ္ပစ္ခတ္ခဲ့တာေၾကာင့္ ကိုးကန႔္တပ္ဖြဲ႔ဝင္ ၃ ဦး ထိခိုက္ဒဏ္ရာရခဲ့သလို မုံးကိုးဘက္ကို တက္လာတဲ့ စစ္ယာဥ္တန္းကို ၾကားျဖတ္တိုက္ခိုက္တာေၾကာင့္ စစ္ကား ၈ စီးထိမွန္ၿပီး ႏွစ္စီးေပၚက ခဲယမ္းေတြ ေပါက္ကြဲခဲ့ေၾကာင္း ေဖာ္ျပပါတယ္။

ဒီကေန႔ေန႔ခင္း ၂ နာရီဝန္းက်င္ေလာက္ကလည္း မူဆယ္အနီး ၁၀၅ မိုင္က စစ္ေကာင္စီတပ္ရဲ႕ ဗ်ဴဟာကုန္းကေန လက္နက္ႀကီး ပစ္ခတ္သံၾကားရေၾကာင္းလည္း အျခား ေဒသခံတဦးက ေျပာပါတယ္။

“ဒီေန႔ သူတို႔ လက္နက္ႀကီးလည္း ပစ္တာရွိတယ္။ ၈ လုံးေလာက္ ရွိတယ္ထင္တယ္။ သူတို႔ ၁၀၅ မိုင္ လုံထန္ကုန္းကေနၿပီးေတာ့ မုံးကိုးသြားတဲ့လမ္းဘက္ကို ကူပစ္ေပးေနတယ္။ လက္နက္ႀကီးေတာ့ ၈ လုံးေလာက္ရွိတယ္။ ၁၅ မိနစ္ေလာက္ ျခားျခားၿပီး ပစ္ေနတယ္။”

၁၀၅ မိုင္က ေဒသခံေတြကေတာ့ အနီးအနားမွာ တိုက္ပြဲျဖစ္ပြားတာ မရွိေၾကာင္းေျပာသလို ပန္ဆိုင္း (ၾကဴကုတ္) က ေဒသခံေတြကလည္း သူတို႔ အနီးမွာ တိုက္ပြဲျဖစ္ပြားတာ မရွိေၾကာင္း ေျပာပါတယ္။

လြန္ခဲ့တဲ့ရက္ေတြကေတာ့ မုံးကိုးဘက္သြားတဲ့ စစ္ယာဥ္တန္းကို ပန္ဆိုင္းနဲ႔ မုံးကိုးၾကားမွာ ကိုးကန႔္တပ္ဖြဲ႔က ၿခဳံခိုတိုက္တာရွိေၾကာင္း ေျပာၾကပါတယ္။

မူဆယ္ၿမိဳ႕နယ္ ပန္ဆိုင္းနဲ႔ မုံးကိုးေဒသမွာ ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႔ KIA ရဲ႕ တပ္မဟာ ၆ လႈပ္ရွားေနၿပီး လက္ရွိအေျခအေနဟာ ဒီေဒသမွာ စစ္ေရးတင္းမာမႈေတြ ပိုမို ျမင့္တက္လာေနတယ္လို႔ KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာပါတယ္။

“စစ္ေကာင္စီဘက္က စစ္အင္အားေတြ တိုးထားတယ္။ လက္နက္ခဲယမ္းေတြ ပို႔ထားတယ္ဆိုတဲ့သတင္းက ေနာက္ဆုံးရတဲ့ သတင္းျဖစ္ပါတယ္။ ဆိုေတာ့ ေတာ္ေတာ္တင္းမာတဲ့အေနအထား ျဖစ္မွာပါ။ မုံးကိုး၊ ေဖာင္းဆိုင္ရဲ႕ ဆုေတာင္းေတာင္ဘက္မွာ စစ္ေကာင္စီဘက္က စစ္ေၾကာင္းအျပည့္နဲ႔ လူအင္အားတိုးၿပီးမွ ရွင္းေနတဲ့သတင္းေတာ့ ေနာက္ဆုံးရပါတယ္။”

ပန္ဆိုင္း (ၾကဴကုတ္)၊ မိုးကိုး၊ ေဖာင္းဆိုင္ေဒသဘက္မွာ ဇူလိုင္လဆန္းပိုင္းတည္းက တိုက္ပြဲေတြ စတင္ၿပီး ရက္ျခားဆိုသလို တိုက္ပြဲေတြ ေတာက္ေလွ်ာက္ ျဖစ္ေနတာပါ။ ဒီလပိုင္းေတြအတြင္း ျဖစ္တဲ့တိုက္ပြဲေၾကာင့္ ေဒသခံျပည္သူ ၂,၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနၾကရသလို လက္နက္ႀကီးထိမွန္တာနဲ႔ မိုင္းနင္းမိတာေၾကာင့္ အရပ္သား ၁၀ ဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

မူဆယ်၊ မုံးကိုးဘက်မှာ စစ်တပ်နဲ့ MNDAA ကြား တိုက်ပွဲဆက်ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့နယ်၊ မုံးကိုးဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြားမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၄ ရက် နေ့ခင်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ ၁၀၅ မိုင် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်းရှိနေပြီး ဒီဒေသအတွင်း စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ တရုတ်-မြန်မာနယ်စပ်က တိုက်ပွဲအခြေအနေကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မူဆယ်မြို့နယ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်ကို စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေ ရှိနေပြီး ဒီလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ မုံးကိုးမှာ တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်နေတာပါ။ လက်ရှိ တိုက်ပွဲဖြစ်ခဲ့တဲ့အခြေအနေကို မုံးကိုးဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“မနေ့ကနဲ့ ဒီနေ့တော့ ပစ်နေကြတာပေါ့။ ကောင်းတပ်နားမှာပေါ့။ မုံးကိုး ရပ်ကွက် ၆ ပေါ့။ စစ်ကားတွေကို လာပစ်တာပေါ့နော။ ဖောင်းဆိုင်ဘက်တက်မယ့်အချိန် သူတို့က စစ်ကားကို လာစောင့်ထုတာ။ မနေ့ က တော့ အဲလိုပဲ ပစ် ပစ်ပြီးတော့ ပြန်လှည့်လာတာပဲ။ ပြန်ငြိမ်သွားတာ။ ဒီနေ့မှ သူတို့က ပြန်စပစ် တာပေါ့။ ကောင်းတပ်အကျော် ကောင်လုံကြားပေါ့။ နှစ်ရက်ပေါ့။ နှစ်ရက် ဆက်တိုက်။”

ဒီလ ၃ ရက်နေ့က နေ့ခင်း ၁၁ နာရီလောက်ဖြစ်တဲ့ ပစ်ခတ်မှုဟာ ၃ နာရီနီးပါးကြာမြင့်ခဲ့သလို ဒီကနေ့ ၄ ရက်နေ့မှာတော့ မနက် ၈ နာရီလောက်ကနေ ၁၁ နာရီလောက်ထိ ပစ်ခတ်သံတွေ ကြားနေရကြောင်း ပြောပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ စစ်ကောင်စီဘက်က စစ်ကား ၃၄ စီး၊ ပန်ဆိုင်းကနေ မုံးကိုးဘက် ဝင်ရောက်လာကြောင်း ဖော်ပြထားပါတယ်။

ဒီလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ဖောင်းဆိုင်ဘက်က ကိုးကန့်တပ်စခန်းတွေကို လက်နက်ကြီးနဲ့ အချက် ၁၀၀ ကျော်ပစ်ခတ်ခဲ့တာကြောင့် ကိုးကန့်တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို မုံးကိုးဘက်ကို တက်လာတဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကား ၈ စီးထိမှန်ပြီး နှစ်စီးပေါ်က ခဲယမ်းတွေ ပေါက်ကွဲခဲ့ကြောင်း ဖော်ပြပါတယ်။

ဒီကနေ့နေ့ခင်း ၂ နာရီဝန်းကျင်လောက်ကလည်း မူဆယ်အနီး ၁၀၅ မိုင်က စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်သံကြားရကြောင်းလည်း အခြား ဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့ သူတို့ လက်နက်ကြီးလည်း ပစ်တာရှိတယ်။ ၈ လုံးလောက် ရှိတယ်ထင်တယ်။ သူတို့ ၁၀၅ မိုင် လုံထန်ကုန်းကနေပြီးတော့ မုံးကိုးသွားတဲ့လမ်းဘက်ကို ကူပစ်ပေးနေတယ်။ လက်နက်ကြီးတော့ ၈ လုံးလောက်ရှိတယ်။ ၁၅ မိနစ်လောက် ခြားခြားပြီး ပစ်နေတယ်။”

၁၀၅ မိုင်က ဒေသခံတွေကတော့ အနီးအနားမှာ တိုက်ပွဲဖြစ်ပွားတာ မရှိကြောင်းပြောသလို ပန်ဆိုင်း (ကြူကုတ်) က ဒေသခံတွေကလည်း သူတို့ အနီးမှာ တိုက်ပွဲဖြစ်ပွားတာ မရှိကြောင်း ပြောပါတယ်။

လွန်ခဲ့တဲ့ရက်တွေကတော့ မုံးကိုးဘက်သွားတဲ့ စစ်ယာဉ်တန်းကို ပန်ဆိုင်းနဲ့ မုံးကိုးကြားမှာ ကိုးကန့်တပ်ဖွဲ့က ခြုံခိုတိုက်တာရှိကြောင်း ပြောကြပါတယ်။

မူဆယ်မြို့နယ် ပန်ဆိုင်းနဲ့ မုံးကိုးဒေသမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ရဲ့ တပ်မဟာ ၆ လှုပ်ရှားနေပြီး လက်ရှိအခြေအနေဟာ ဒီဒေသမှာ စစ်ရေးတင်းမာမှုတွေ ပိုမို မြင့်တက်လာနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“စစ်ကောင်စီဘက်က စစ်အင်အားတွေ တိုးထားတယ်။ လက်နက်ခဲယမ်းတွေ ပို့ထားတယ်ဆိုတဲ့သတင်းက နောက်ဆုံးရတဲ့ သတင်းဖြစ်ပါတယ်။ ဆိုတော့ တော်တော်တင်းမာတဲ့အနေအထား ဖြစ်မှာပါ။ မုံးကိုး၊ ဖောင်းဆိုင်ရဲ့ ဆုတောင်းတောင်ဘက်မှာ စစ်ကောင်စီဘက်က စစ်ကြောင်းအပြည့်နဲ့ လူအင်အားတိုးပြီးမှ ရှင်းနေတဲ့သတင်းတော့ နောက်ဆုံးရပါတယ်။”

ပန်ဆိုင်း (ကြူကုတ်)၊ မိုးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ ဇူလိုင်လဆန်းပိုင်းတည်းက တိုက်ပွဲတွေ စတင်ပြီး ရက်ခြားဆိုသလို တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတာပါ။ ဒီလပိုင်းတွေအတွင်း ဖြစ်တဲ့တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသလို လက်နက်ကြီးထိမှန်တာနဲ့ မိုင်းနင်းမိတာကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

#WhatIsHappeningInMyanmar #MNDAA #voaburmese #လက်နက်ကိုင်ပဋိပက္ခ #ဗွီအိုအေမြန်မာပိုင်း

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG