{Zawgyi/Unicode}
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ မုံးကိုးၿမိဳ႕မွာ အဂၤါေန႔က ျဖစ္ပြားတဲ့တိုက္ပြဲအတြင္း လက္နက္ႀကီး ထိမွန္တာေၾကာင့္ အသက္ႏွစ္ႏွစ္အ႐ြယ္ ကေလး ၂ ဦးအပါအဝင္ အရပ္သား ၆ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ လက္နက္ႀကီးထိမွန္တဲ့ ကေလးတဦးက ဒဏ္ရာျပင္းထန္တာေၾကာင့္ မူဆယ္ေဆး႐ုံပို႔ေဆာင္ထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက တင္ျပထားပါတယ္။
မူဆယ္ၿမိဳ႕နယ္ မုံးကိုးၿမိဳ႕က စစ္ေကာင္စီတပ္အေျခစိုက္တဲ့ ဗ်ဴဟာကုန္းကို မေန႔ေန႔ခင္း ၁၂ နာရီေလာက္ MNDAA ကိုးကန႔္တပ္ဖြဲ႔က လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့တာပါ။ ဒီတိုက္ပြဲဟာ ၁ နာရီေက်ာ္ေလာက္ၾကာျမင့္ၿပီး ႏွစ္ဘက္ လက္နက္ႀကီးနဲ႔ အျပန္အလွန္ပစ္ခတ္ရာမွာ မုံးကိုးၿမိဳ႕ အစြန္က ႀကံခင္းဘက္မွာ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့တာျဖစ္ပါတယ္။
လက္နက္ႀကီးေပါက္ကြဲတာေၾကာင့္ အရပ္သား ၆ ဦး ထိခိုက္ခဲ့တယ္လို႔ မုံးကိုး ေဒသခံတဦးက VOA ကို ေျပာပါတယ္။
“ထိတာ ၆ ေယာက္ေပါ့။ ကေလးက တေယာက္ထိတာေတြ႔တာ။ ေဖာ္ႀကဳံ႐ြာသစ္ေပါ့။ စစ္ဗ်ဴဟာကုန္းဘက္က လွမ္းထုလိုက္တာဗ်။”
မုံးကိုးေဒသဘက္က စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနသူတဦးကလည္း အခုလို ေျပာပါတယ္။
“ဗ်ဴဟာကုန္းရဲ႕ ေျမာက္ဘက္မွာ က်တာေပါ့။ ရပ္ကြက္ ၆ နဲ႔ ဆက္သြားႀကီးကိုးေနာ။ အဲဒီ ႐ြာက။ ရပ္ကြက္ ၆ ရဲ႕ တဆက္တည္းႀကီးေတာ့မဟုတ္ဘူး။ ၾကားမွာ ႀကံၿခံတခုေလာက္ အဲလို ခံသြားတာေပါ့။ အဲဒီဘက္မွာ အိမ္ေျခ ၁၀ အိမ္ေက်ာ္ရွိတာ။ အဲဒီဘက္ လက္နက္ႀကီး က်တယ္ လို႔ ေျပာတာပဲ။ ၆ ေယာက္ေလာက္လို႔ ေျပာေနတယ္။ ၄ ေယာက္က နည္းနည္း စိုးရိမ္ရတာေပါ့။ ၃ ႏွစ္ကေလး တဦးပါတယ္တဲ့။ မုံးကိုးကေန မူဆယ္ပို႔လာၿပီလို႔ ေျပာတယ္။ မူဆယ္ကေန လားရႈိးထပ္ပို႔မလား အဲဒါမ်ိဳးေပါ့။”
အျခား မုံးကိုးၿမိဳ႕ခံတဦးကေတာ့ လက္နက္ႀကီးက်ည္ထိသူေတြမွာ အသက္ ၂ ႏွစ္ေက်ာ္ မိန္းကေလး ၂ ေယာက္၊ ၂၅ ႏွစ္ နဲ႔ ၆၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ၂ ဦး၊ ၂၃ ႏွစ္နဲ႔ ၆၃ ႏွစ္အ႐ြယ္ အမ်ိဳးသား ၂ ဦးျဖစ္ေၾကာင္းနဲ႔ ဦးေခါင္းကို ထိမွန္ထားတဲ့ အသက္ ၂ ႏွစ္ ၁၀ လအ႐ြယ္မိန္းကေလးနဲ႔ ၂ ဦးကို အဂၤါေန႔က မူဆယ္ေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီး က်န္ ၃ ဦးကို မုံးကိုးေဆး႐ုံမွာ ကုသေပးေနေၾကာင္း ေျပာပါတယ္။
ေဒသခံေတြက စစ္ဗ်ဴဟာကုန္းဘက္က ပစ္ခတ္တဲ့ လက္နက္ႀကီးျဖစ္ေၾကာင္း ေျပာဆိုေပမဲ့ သီးျခားအတည္ျပဳခ်က္ေတာ့ မရရွိပါဘူး။ မူဆယ္ၿမိဳ႕နယ္ ၾကဴကုတ္(ပန္ဆိုင္း)၊ မုံးကိုးနဲ႔ ေဖာင္းဆိုင္ေဒသမွာ ဇူလိုင္လဆန္းပိုင္းကစတင္ၿပီး တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနတာပါ။
ဒီတိုက္ပြဲေၾကာင့္ ၾကဴကုတ္(ပန္ဆိုင္း)ဘက္မွာ ဒုကၡသည္ ၁,၄၀၀ ေက်ာ္၊ မုံးကိုးဘက္မွာ ၇၀၀ ေက်ာ္နဲ႔ ေဖာင္းဆိုင္ဘက္မွာ ၁၅၀ ေက်ာ္ေလာက္ တိမ္းေရွာင္ေနရသလို မုံးကိုးဘက္မွာ လက္နက္ႀကီး က်ည္ထိမွန္တာေၾကာင့္ ၅ ဦးနဲ႔ မိုင္းနင္းမိတာေၾကာင့္ ၂ ဦးေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္။
-----------
{Unicode}
မုံးကိုးတိုက်ပွဲ အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့မှာ အင်္ဂါနေ့က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်တာကြောင့် အသက်နှစ်နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကြီးထိမှန်တဲ့ ကလေးတဦးက ဒဏ်ရာပြင်းထန်တာကြောင့် မူဆယ်ဆေးရုံပို့ဆောင်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
မူဆယ်မြို့နယ် မုံးကိုးမြို့က စစ်ကောင်စီတပ်အခြေစိုက်တဲ့ ဗျူဟာကုန်းကို မနေ့နေ့ခင်း ၁၂ နာရီလောက် MNDAA ကိုးကန့်တပ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ပွဲဟာ ၁ နာရီကျော်လောက်ကြာမြင့်ပြီး နှစ်ဘက် လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ရာမှာ မုံးကိုးမြို့ အစွန်က ကြံခင်းဘက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီးပေါက်ကွဲတာကြောင့် အရပ်သား ၆ ဦး ထိခိုက်ခဲ့တယ်လို့ မုံးကိုး ဒေသခံတဦးက VOA ကို ပြောပါတယ်။
“ထိတာ ၆ ယောက်ပေါ့။ ကလေးက တယောက်ထိတာတွေ့တာ။ ဖော်ကြုံရွာသစ်ပေါ့။ စစ်ဗျူဟာကုန်းဘက်က လှမ်းထုလိုက်တာဗျ။”
မုံးကိုးဒေသဘက်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတဦးကလည်း အခုလို ပြောပါတယ်။
“ဗျူဟာကုန်းရဲ့ မြောက်ဘက်မှာ ကျတာပေါ့။ ရပ်ကွက် ၆ နဲ့ ဆက်သွားကြီးကိုးနော။ အဲဒီ ရွာက။ ရပ်ကွက် ၆ ရဲ့ တဆက်တည်းကြီးတော့မဟုတ်ဘူး။ ကြားမှာ ကြံခြံတခုလောက် အဲလို ခံသွားတာပေါ့။ အဲဒီဘက်မှာ အိမ်ခြေ ၁၀ အိမ်ကျော်ရှိတာ။ အဲဒီဘက် လက်နက်ကြီး ကျတယ် လို့ ပြောတာပဲ။ ၆ ယောက်လောက်လို့ ပြောနေတယ်။ ၄ ယောက်က နည်းနည်း စိုးရိမ်ရတာပေါ့။ ၃ နှစ်ကလေး တဦးပါတယ်တဲ့။ မုံးကိုးကနေ မူဆယ်ပို့လာပြီလို့ ပြောတယ်။ မူဆယ်ကနေ လားရှိုးထပ်ပို့မလား အဲဒါမျိုးပေါ့။”
အခြား မုံးကိုးမြို့ခံတဦးကတော့ လက်နက်ကြီးကျည်ထိသူတွေမှာ အသက် ၂ နှစ်ကျော် မိန်းကလေး ၂ ယောက်၊ ၂၅ နှစ် နဲ့ ၆၁ နှစ်အရွယ် အမျိုးသမီး ၂ ဦး၊ ၂၃ နှစ်နဲ့ ၆၃ နှစ်အရွယ် အမျိုးသား ၂ ဦးဖြစ်ကြောင်းနဲ့ ဦးခေါင်းကို ထိမှန်ထားတဲ့ အသက် ၂ နှစ် ၁၀ လအရွယ်မိန်းကလေးနဲ့ ၂ ဦးကို အင်္ဂါနေ့က မူဆယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကျန် ၃ ဦးကို မုံးကိုးဆေးရုံမှာ ကုသပေးနေကြောင်း ပြောပါတယ်။
ဒေသခံတွေက စစ်ဗျူဟာကုန်းဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးဖြစ်ကြောင်း ပြောဆိုပေမဲ့ သီးခြားအတည်ပြုချက်တော့ မရရှိပါဘူး။ မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသမှာ ဇူလိုင်လဆန်းပိုင်းကစတင်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
ဒီတိုက်ပွဲကြောင့် ကြူကုတ်(ပန်ဆိုင်း)ဘက်မှာ ဒုက္ခသည် ၁,၄၀၀ ကျော်၊ မုံးကိုးဘက်မှာ ၇၀၀ ကျော်နဲ့ ဖောင်းဆိုင်ဘက်မှာ ၁၅၀ ကျော်လောက် တိမ်းရှောင်နေရသလို မုံးကိုးဘက်မှာ လက်နက်ကြီး ကျည်ထိမှန်တာကြောင့် ၅ ဦးနဲ့ မိုင်းနင်းမိတာကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
#MNDAA #MyanmarViolence #ShanFighting #VOABurmese