သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ဂိုလီးယားဒေသ တိုက်ခိုက်မှု ၁၃ ဦး ဒဏ်ရာရ


တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ အတွင်းမွန်ဂိုလီးယား ဒေသမြေပုံ။
တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ အတွင်းမွန်ဂိုလီးယား ဒေသမြေပုံ။

တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ အတွင်းမွန်ဂိုလီးယား ဒေသက လုံခြုံရေး စစ်ဆေးရေး ဂိတ်တခုကို မျက်နှာဖုံးစွပ်ထားသူ ၁၀၀ လောက်က ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးတာကြောင့် လူ ၁၃ ဦးထိခိုက်ပြီး ကားတွေလည်း ပျက်ဆီးခဲ့ရတယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာက ဒီကနေ့ တနလာၤနေ့မှာ ထုတ်ပြန်ပါတယ်။

အခင်းဖြစ်နေရာက ရဲ စုံစမ်းစစ်ဆေးရေးမှူးတွေ နဲ့ မြေပြင်ပေါ်မှာ သွေးစွန်းနေတာတွေကို နိုင်ငံပိုင် သတင်းဌာန CCTV က ထုတ်လွှင့်ပြသပါတယ်။ တိုက်ခိုက်သူ လူအုပ်က Pepper-Spary တွေနဲ့ ဝန်ထမ်းတွေကို ပက်၊ သူတို့ကို တုပ်နှောင်ပြီး အသေရိုက်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း တရုတ် သတင်းဌာနက ပြောပါတယ်။

Ejin အရပ်က လုံခြုံရေး စစ်ဆေးရေး ဂိတ်မှာ ဖြစ်ခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက် မနေ့ တနင်္ဂနွေနေ့က တိုက်ခိုက်မှုက ဘယ်လို ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ တရုတ်နိုင်ငံပိုင် သတင်းက မဖော်ပြသလို Reuters သတင်းဌာနဘက်ကလည်း အာဏာပိုင်တွေကို ဆက်သွယ်စုံစမ်းမရ ဖြစ်ခဲ့တာကြောင့် ဘယ်လို ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ရိုးရာ စာကျက်မြေတွေကို ဖျက်ဆီးမှုကို မကျေနပ်မှုနဲ့ သတ္တုတူးဖော်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတဲ့ မွန်ဂိုတိုင်းရင်းသားတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အတွင်းမွန်ဂိုလီးယား ဒေသမှာ မတည်မငြိမ်မှုတွေ ကွက်ကြား ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းမှာ လုံခြုံရေးကို တင်းကြပ်ထားတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေကတော့ များသော အားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါတယ်။

XS
SM
MD
LG