သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆန္ဖရန္ဆစၥကိုမွာ ေမ်ာက္ေက်ာက္အေရးေပၚအေျခအေနေၾကညာ


WHO Monkeypox

[[Zawgyi/Unicode]]

အေမရိကန္ႏိုင္ငံ ဆန္ဖရန္ဆစၥကိုမွာ ေမ်ာက္ေက်ာက္ေရာဂါ အေရးေပၚအေျခအေန ေၾကညာလိုက္ပါၿပီ။

ကယ္လီဖိုနီးယားျပည္နယ္ရွိ ဆန္ဖရန္ဆစၥကိုၿမိဳ႕မွာ ေမ်ာက္ေက်ာက္ေရာဂါျဖစ္ပြားမႈ တိုးလာေနတာေၾကာင့္ သတိထားရမယ့္ လူထုက်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ၿမိဳ႕ေတာ္ဝန္က ဒီေန႔ ေၾကညာလိုက္တာပါ။

၁၉၈၀ ခုႏွစ္ေတြအတြင္း AIDS ကူးစက္ေရာဂါလို ဆင္တူ႐ိုးမွားပ်ံ႕ႏွံ႔လာတဲ့ ဒီေရာ ဂါ ကူးစက္မႈ တိုက္ဖ်က္ေရးမွာလည္း အလားတူ ႀကိဳးနီစနစ္ေတြ ေလွ်ာ့ခ် ျမန္ျမန္ ထိေရာက္ေအာင္လုပ္ႏိုင္ဖို႔ ခုလို ေၾကညာတာလို႔လည္း ၿမိဳ႕ေတာ္ဝန္က ရွင္းျပပါတယ္။ ဆန္ဖရန္ဆစၥကိုၿမိဳ႕ေတာ္ဝန္ London Breed က ဒီေရာဂါ တိုက္ဖ်က္ေရးအတြက္ ကာကြယ္ေဆးေတြ၊ ကုသေပးဖို႔ေတြ ပိုၿပီး အသည္းအသန္ကို လိုအပ္ေနပါၿပီလို႔ ဖယ္ဒရယ္ ျပည္ေထာင္စုအဆင့္ကို ရည္႐ြယ္ၿပီး ေျပာလိုက္ပါတယ္။

ၿမိဳ႕က ေတာင္းခံထားတဲ့ ဒီေရာဂါကာကြယ္ေဆး ၃၅,၀၀၀ ထဲက လက္ေတြ႕ ၇,၈၀၀ ပဲ ရခဲ့တာမို႔ ကာကြယ္ေဆးထိုးတာေတြ ရပ္ထားရခ်ိန္မွာ က်ေနာ္တို႔ ၿမိဳ႕ခံေတြဟာ တျခားေနရာက လူေတြလိုပဲ က်န္းမာေရးေစာင့္ေရွာက္မႈကို ရပိုင္ခြင့္ရွိပါတယ္လို႔ သူက ေျပာလိုက္ပါတယ္။

လက္ရွိေတာ့ ဆန္ဖရန္ဆစၥကိုမွာ ေမ်ာက္ေက်ာက္ေရာဂါျဖစ္ပြားသူ ၂၆၁ ေယာက္ရွိေနပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္တခုတည္းမွာ ၈၀၀ ေလာက္ရွိေနၿပီး အေမရိကန္တႏိုင္ငံလုံးမွာေတာ့ ၄,၆၀၀ ေလာက္အထိ ရွိလာေနပါတယ္။

ေမ်ာက္ေက်ာက္ေရာဂါဟာ လူမႈအသိုက္အဝိုင္းတခုလုံးကို ၿခိမ္းေျခာက္ေနတဲ့ ေရာဂါဆိုတာ အားလုံး နားလည္ေစဖို႔ အခုလို အေရးေပၚ ေၾကညာခ်က္ထုတ္လိုက္တာလို႔လည္း ဆန္ဖရန္ဆစၥကိုၿမိဳ႕ ျပည္သူ႔က်န္းမာေရးဌာန ဒါ႐ိုက္တာ Grant Colfax ေျပာခဲံပါေသးတယ္။

အမ်ိဳးသားအခ်င္းခ်င္း လိင္ဆက္ဆံသူေတြ အဓိက ေရာဂါျဖစ္ပြားတယ္ဆိုေပမယ့္ ဘယ္သူ႔ကိုမဆို ကူးစက္ႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ေျပာပါတယ္။

ေရာဂါတိုက္ဖ်က္ေရးမွာ တက္တက္ႂကြႂကြ ထိေရာက္ေအာင္မလုပ္ဘူးဆိုၿပီး လိင္စိတ္ခံယူခ်က္ကြဲျပားသူ LGBTQ အသိုင္းအဝိုင္းက စိတ္ပ်က္လက္ပ်က္ ေဝဖန္တာေတြလည္း တိုးလာေနပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ဆန်ဖရန်ဆစ္စကိုမှာ မျောက်ကျောက်အရေးပေါ်အခြေအနေကြေညာ

အမေရိကန်နိုင်ငံ ဆန်ဖရန်ဆစ္စကိုမှာ မျောက်ကျောက်ရောဂါ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါပြီ။

ကယ်လီဖိုနီးယားပြည်နယ်ရှိ ဆန်ဖရန်ဆစ္စကိုမြို့မှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု တိုးလာနေတာကြောင့် သတိထားရမယ့် လူထုကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် မြို့တော်ဝန်က ဒီနေ့ ကြေညာလိုက်တာပါ။

၁၉၈၀ ခုနှစ်တွေအတွင်း AIDS ကူးစက်ရောဂါလို ဆင်တူရိုးမှားပျံ့နှံ့လာတဲ့ ဒီရော ဂါ ကူးစက်မှု တိုက်ဖျက်ရေးမှာလည်း အလားတူ ကြိုးနီစနစ်တွေ လျှော့ချ မြန်မြန် ထိရောက်အောင်လုပ်နိုင်ဖို့ ခုလို ကြေညာတာလို့လည်း မြို့တော်ဝန်က ရှင်းပြပါတယ်။ ဆန်ဖရန်ဆစ္စကိုမြို့တော်ဝန် London Breed က ဒီရောဂါ တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးတွေ၊ ကုသပေးဖို့တွေ ပိုပြီး အသည်းအသန်ကို လိုအပ်နေပါပြီလို့ ဖယ်ဒရယ် ပြည်ထောင်စုအဆင့်ကို ရည်ရွယ်ပြီး ပြောလိုက်ပါတယ်။

မြို့က တောင်းခံထားတဲ့ ဒီရောဂါကာကွယ်ဆေး ၃၅,၀၀၀ ထဲက လက်တွေ့ ၇,၈၀၀ ပဲ ရခဲ့တာမို့ ကာကွယ်ဆေးထိုးတာတွေ ရပ်ထားရချိန်မှာ ကျနော်တို့ မြို့ခံတွေဟာ တခြားနေရာက လူတွေလိုပဲ ကျန်းမာရေးစောင့်ရှောက်မှုကို ရပိုင်ခွင့်ရှိပါတယ်လို့ သူက ပြောလိုက်ပါတယ်။

လက်ရှိတော့ ဆန်ဖရန်ဆစ္စကိုမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၂၆၁ ယောက်ရှိနေပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တခုတည်းမှာ ၈၀၀ လောက်ရှိနေပြီး အမေရိကန်တနိုင်ငံလုံးမှာတော့ ၄,၆၀၀ လောက်အထိ ရှိလာနေပါတယ်။

မျောက်ကျောက်ရောဂါဟာ လူမှုအသိုက်အဝိုင်းတခုလုံးကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုတာ အားလုံး နားလည်စေဖို့ အခုလို အရေးပေါ် ကြေညာချက်ထုတ်လိုက်တာလို့လည်း ဆန်ဖရန်ဆစ္စကိုမြို့ ပြည်သူ့ကျန်းမာရေးဌာန ဒါရိုက်တာ Grant Colfax ပြောခဲံပါသေးတယ်။

အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူတွေ အဓိက ရောဂါဖြစ်ပွားတယ်ဆိုပေမယ့် ဘယ်သူ့ကိုမဆို ကူးစက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ရောဂါတိုက်ဖျက်ရေးမှာ တက်တက်ကြွကြွ ထိရောက်အောင်မလုပ်ဘူးဆိုပြီး လိင်စိတ်ခံယူချက်ကွဲပြားသူ LGBTQ အသိုင်းအဝိုင်းက စိတ်ပျက်လက်ပျက် ဝေဖန်တာတွေလည်း တိုးလာနေပါတယ် ခင်ဗျာ။

XS
SM
MD
LG