သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် ကွယ်လွန်


မုံရွာအောင်ရှင် (ခေါ်) ဦးအေးကြူ (ဓာတ်ပုံ - Monywa Aung Shin Facebook)
မုံရွာအောင်ရှင် (ခေါ်) ဦးအေးကြူ (ဓာတ်ပုံ - Monywa Aung Shin Facebook)

(Zawgyi / Unicode)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် (ခေါ်) ဦးအေးကြူဟာ နိုဝင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့ မနက် ၆ နာရီဝန်းကျင် နှလုံးရောဂါနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းအပြီး ၉ လနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရာက လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ လွတ်မြောက်လာခဲ့ပါတယ်။ နဂိုက နှလုံးရောဂါအခံ ရှိထားသူဖြစ်တဲ့ မုံရွာအောင်ရှင် အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာအပြီး ရက် ၄၀ ဝန်းကျင်လောက်မှာ အခုလို ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီး ဗွီအိုအေက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို ပြောပါတယ်။

“ဒီဟာ စံချိန်သစ်ဆိုတာ တကယ့်စံချိန်သစ်ပါပဲ။ ကျနော်တို့ မျှော်လင့်ထားတာထက် အများကြီး ကျော်လွန်ပါတယ်။ ဒီရွေးကောက်ပွဲ အခုလို အနိုင်ရပြီးရင် NLD အနေနဲ့ တာဝန် ပိုကြီးလာပါတယ်။”

မုံရွာအောင်ရှင်ဟာ စာပေသမားဘဝမှာ ကဗျာနဲ့ ဆောင်းပါး ဘာသာပြန်တွေ ရေးသားခဲ့သလို နိုင်ငံရေးသမားဘဝမှာ NLD ပါတီရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူပါ။ NLD ပါတီတွင်း သတင်းစာပညာနဲ့ နိုင်ငံရေးဆိုင်ရာ သင်တန်းတွေကို ပို့ချပေးခဲ့သူလည်း ဖြစ်ပါတယ်။

NLD ပါတီက ထုတ်ဝေတဲ့ D Wave ဒီလှိုင်းဂျာနယ်မှာ ကိုယ်တိုင် ဆောင်းပါးတွေ ရေးသားခဲ့သလို အယ်ဒီတာချုပ် တာဝန်ကိုလည်း ယူခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG