သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Moonlight ရုပ်ရှင် အကောင်းဆုံးအော်စကာဇာတ်ကားဆုရ


တနင်္ဂနွေနေ့ညက လော့စ်အိန်ဂျလိစ်မြို့၊ ဟောလီးဝုဒ်မှာကျင်းပတဲ့ ၈၉ ကြိမ်မြောက် အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ Moonlight ရုပ်ရှင်က အကောင်းဆုံးဇာတ်ကားဆုရသွားပါတယ်။ ဒါပေမဲ့လဲ ဆုရမယ်လို့ နာမည်ကြီးနေခဲ့တဲ့ La La Land ဇာတ်ကားကို အကောင်းဆုံးဇာတ်ကားဆုအဖြစ် အရင်ဆုံး မှားပြီး ကြေညာခဲ့ပြီးမှ ပြန်ပြင်ပြီးတော့ တကယ်တမ်း ဆုရတာက Moonlight ဇာတ်ကားလို့ ကြေညာရတာပါ။ အဲဒီလို ပြန်ပြင်ပြီး ကြေညာတဲ့အချိန် La La Land ဇာတ်ကားမှာ ပါဝင်သူတွေ ဆုယူဖို့အတွက် စင်ပေါ်ကိုတောင်မှ ရောက်နေကြပါပြီ။

အော်စကာဆုပေးပွဲအတွက် မဲတွေကို တာဝန်ယူ ရေတွက်ပြီး ဆုရတဲ့ စာအိတ်တွေကို ပြင်ဆင်ရတဲ့ PwC ကုမ္ပဏီက ဒီဖြစ်ရပ်အတွက် တောင်းပန်ပြီး အမှားအယွင်း ဘယ်လိုဖြစ်သွားတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

အရင့်အရင်က အော်စကာတစ်ကြိုဆု အများဆုံးဝင်ခဲ့ဖူးတဲ့ Titanic, All About Eve ဇာတ်ကားတွေနဲ့တန်းတူ တစ်ကြိုဆု ၁၄ ဆု ဝင်ထားတဲ့ La La Land ဇာတ်ကားကတော့ မင်းသမီး Emma Stone က အကောင်းဆုံး မင်းသမီးသရုပ်ဆောင်ဆုနဲ့ အကောင်း ဆုံး ဒါရိုက်တာဆုအပါအဝင် အော်စကာထူးချွန်ဆုပေါင်း ၆ ဆု ရပါတယ်။

အကောင်းဆုံး မင်းသားသရုပ်ဆောင်ဆုကို Manchester by the Sea ဇာတ်ကားက မင်းသား Casey Affleck ကရပါတယ်။ Affleck အတွက်တော့ ဒါဟာ ပထမဆုံး အော်စကာဆုပါ။ အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို Moonlight ဇာတ်ကားက Mahershala Ali နဲ့ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို Fences ဇာတ်ကားက Viola Davis တို့ အသီးသီး ရသွားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG