ပည္ပကို ထြက္ခြာၾကမယ့္ တ႐ုတ္ခရီးသည္ေတြအေနနဲ႔ ၾသစေၾတးလ်အပါအဝင္ ႏိုင္ငံေပါင္း တဒါဇင္ေက်ာ္မွာ ကိုဗစ္ 19 ေရာဂါပိုး ကင္းစင္ေၾကာင္း အေထာက္အထား ျပသရၾကမွာ ျဖစ္ပါတယ္။ ၾသစေၾတးလ်ဟာ တ႐ုတ္ခရီးသည္ေတြအေပၚ ကန္႔သတ္ခ်က္ ထုတ္ျပန္တဲ့ ေနာက္ဆုံးႏိုင္ငံလည္း ျဖစ္ပါတယ္။
တ႐ုတ္အစိုးရက ကိုဗစ္ေရာဂါကူးစက္မႈ လုံးဝကင္းစင္ေရး Zero-Covid ေပၚလစီကို ၿပီးခဲ့တဲ့လအတြင္း ႐ုတ္တရက္ ႐ုတ္သိမ္းလိုက္ပါတယ္။ ဒါဟာ ၃ ႏွစ္နီးပါး ကိုဗစ္ေရာဂါဆိုင္ရာ ထိန္းခ်ဳပ္မႈေတြ တင္းၾကပ္စြာ လုပ္ေဆာင္လာတဲ့ ေပၚလစီကို ခ်က္ျခင္းေျပာင္းလဲပစ္လိုက္တာလည္း ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံအတြင္း ကိုဗစ္ကူးစက္မႈေတြ အ႐ွိန္ျမင့္ျဖစ္ေပၚေနတာေၾကာင့္ ေဆး႐ုံေတြမွာ လူနာေတြ အဆမတန္မ်ားျပားေနၿပီး ေသဆုံးသူေတြလည္း တိုးမ်ားေနတဲ့ၾကားက ေရာဂါပိုးကူးစက္မႈကို ထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ တ႐ုတ္အစိုးရက တဘက္မွာ ေျပာဆိုေနသလို တဘက္မွာလည္း ေရာဂါပိုးကူးစက္မႈႏႈန္း အတိအက် သိႏိုင္ဖို႔ ခက္ခဲ့တယ္လို႔ ေျပာဆိုေနပါတယ္။
ၾသစေၾတးလ်အစိုးရကေတာ့ တ႐ုတ္ႏိုင္ငံဘက္က ကိုဗစ္ေရာဂါပိုးနဲ႔ဆိုင္တဲ့ အခ်က္အလက္ေတြ အျပည့္အဝ မသိ႐ွိႏိုင္တဲ့အတြက္ တ႐ုတ္ခရီးသည္ေတြအေပၚ ကန္႔သတ္ခ်က္ ထုတ္ျပန္ရတာလို႔ ဆိုပါတယ္။ ၾသစေၾတးလ်ရဲ႕ ကန္႔သတ္ခ်က္ဟာ ဇန္နဝါရီလ ၅ ရက္ေန႔မွာ စတင္အသက္ဝင္မွာ ျဖစ္ပါတယ္။
မၾကာေသးခင္ ရက္ေတြတုန္းကေတာ့ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္၊ ျပင္သစ္၊ အီတလီ၊ စပိန္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ အိႏၵိယနဲ႔ ထိုင္ဝမ္တို႔က သူတို႔ႏိုင္ငံေတြကိုလာတဲ့ တ႐ုတ္ခရီးသည္ေတြအေနနဲ႔ ကိုဗစ္ေရာဂါကင္းစင္ေၾကာင္း အေထာက္အထား ျပၾကရမယ္ဆိုတဲ့ ကန္႔သတ္ခ်က္ကို ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။
==== Unicode =====
ပြည်ပကို ထွက်ခွာကြမယ့် တရုတ်ခရီးသည်တွေအနေနဲ့ သြစတြေးလျအပါအဝင် နိုင်ငံပေါင်း တဒါဇင်ကျော်မှာ ကိုဗစ် 19 ရောဂါပိုး ကင်းစင်ကြောင်း အထောက်အထား ပြသရကြမှာ ဖြစ်ပါတယ်။ သြစတြေးလျဟာ တရုတ်ခရီးသည်တွေအပေါ် ကန့်သတ်ချက် ထုတ်ပြန်တဲ့ နောက်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
တရုတ်အစိုးရက ကိုဗစ်ရောဂါကူးစက်မှု လုံးဝကင်းစင်ရေး Zero-Covid ပေါ်လစီကို ပြီးခဲ့တဲ့လအတွင်း ရုတ်တရက် ရုတ်သိမ်းလိုက်ပါတယ်။ ဒါဟာ ၃ နှစ်နီးပါး ကိုဗစ်ရောဂါဆိုင်ရာ ထိန်းချုပ်မှုတွေ တင်းကြပ်စွာ လုပ်ဆောင်လာတဲ့ ပေါ်လစီကို ချက်ခြင်းပြောင်းလဲပစ်လိုက်တာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေတာကြောင့် ဆေးရုံတွေမှာ လူနာတွေ အဆမတန်များပြားနေပြီး သေဆုံးသူတွေလည်း တိုးများနေတဲ့ကြားက ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ထားနိုင်တယ်လို့ တရုတ်အစိုးရက တဘက်မှာ ပြောဆိုနေသလို တဘက်မှာလည်း ရောဂါပိုးကူးစက်မှုနှုန်း အတိအကျ သိနိုင်ဖို့ ခက်ခဲ့တယ်လို့ ပြောဆိုနေပါတယ်။
သြစတြေးလျအစိုးရကတော့ တရုတ်နိုင်ငံဘက်က ကိုဗစ်ရောဂါပိုးနဲ့ဆိုင်တဲ့ အချက်အလက်တွေ အပြည့်အဝ မသိရှိနိုင်တဲ့အတွက် တရုတ်ခရီးသည်တွေအပေါ် ကန့်သတ်ချက် ထုတ်ပြန်ရတာလို့ ဆိုပါတယ်။ သြစတြေးလျရဲ့ ကန့်သတ်ချက်ဟာ ဇန်နဝါရီလ ၅ ရက်နေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
မကြာသေးခင် ရက်တွေတုန်းကတော့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ ထိုင်ဝမ်တို့က သူတို့နိုင်ငံတွေကိုလာတဲ့ တရုတ်ခရီးသည်တွေအနေနဲ့ ကိုဗစ်ရောဂါကင်းစင်ကြောင်း အထောက်အထား ပြကြရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။