သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ိဳက္နဲ ေရလယ္ဘုရားဖူး ေသဆုံးသူအေလာင္းမ်ား ထပ္မံဆယ္ယူရရွိ


က်ိဳက္နဲျဖစ္စဥ္တြင္ ေသဆုံး႐ုပ္အေလာင္းမ်ားကို ကူညီသယ္ေဆာင္ေပးေနၾကသည့္ လူမႈကယ္ဆယ္ေရး အဖြဲ႕မ်ား (ဓာတ္ပုံ – CJ)

မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္ထဲမွာရွိတဲ့ က်ိဳက္နဲေရလယ္ဘုရားဖူးသြားရင္း ေရနစ္ခဲ့သူေတြထဲက ႏိုဝင္ဘာ ၂၂ ရက္ ညေနအထိ အေလာင္း ၅ ေလာင္း ထပ္မံ ဆယ္ယူႏိုင္ခဲ့တယ္လို႔ ပရဟိတ ကူညီသူေတြက ေျပာပါတယ္။ ေပ်ာက္ဆုံးေနသူ ၃၀ ထက္မနည္းရွိေနေသးတယ္လို႔လည္း ခန္းမွန္းေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မအင္ၾကင္းႏိုင္က ေျပာပါမယ္။

သံျဖဴဇရပ္ၿမိဳ႕နယ္က က်ိဳက္နဲေရလယ္ဘုရားဆီ သြားရင္း ေရနစ္ခဲ့တဲ့ ဘုရားဖူးေတြထဲက အေလာင္း ေနာက္ထပ္ ၅ ေလာင္း မေန႔က ထပ္မံ ရွာေဖြေတြ႕ခဲ့ပါတယ္။ ဒါေၾကာင့္ ႏိုဝင္ဘာ ၂၂ ရက္ ညေန ၅ နာရီအခ်ိန္အထိ ေသဆုံးသူ စုစုေပါင္း ၂၀ ရွိသြားပါၿပီ။ ေရလယ္ဘုရားရွိရာဆီ ဘုရာဖူးသြားတဲ့လမ္းမွာ ေရတက္ေနေသးတဲ့အတြက္ အခက္အခဲေတြၾကားက ေပ်ာက္ဆုံးေနသူေတြကို လိုက္ရွာခဲ့ရတဲ့လို႔ ကူညီကယ္ဆယ္ေရးလုပ္ေပးေနတဲ့ ပရဟိတကူညီသူ တစ္ဦးက ေျပာပါတယ္။

“စုစုေပါင္း အေလာင္း ၂၀ ပါ ခင္ဗ်၊ ဒီေန႔ေတြ႕တာနဲ႔ပါဆိုရင္ေတာ့ ၅ ေလာင္းထပ္ေတြ႕တယ္ခင္ဗ် ဒီေန႔တစ္ေန႔လုံးမွာေတာ့ က်ေနာ္တို႔ တစ္ေန႔လုံးရွာတဲ့အခါမွာ ဒီေန႔ ၅ ေလာင္းပဲရတယ္၊ ၿပီးေတာ့ ေရက ခင္ဗ် ညက်မွ ထပ္က်မယ္ဆိုေတာ့ က်ေနာ္တို႔က ဆက္ရွာလို႔ အဆင္မေျပဘူးခင္ဗ်၊ မေန႔ညကလည္း က်ေနာ္တို႔ ရွာတယ္၊ ရွာလို႔မေတြ႕ဘူး၊ ေနာက္ၿပီးေတာ့ အဆင္လည္း မေျပဘူး ေမွာင္လည္း ေမွာင္တယ္ေနေတာ့ က်ေနာ္တို႔ ေရေက်ာလည္း သိပ္ၿပီးေတာ့ မသိဘူးဆိုေတာ့ခင္ဗ်။”

ေသာင္ထြန္းေနတဲ့ လမ္းကေန က်ိဳက္နဲေရလယ္ဘုရားကေန လမ္းေလွ်ာက္ျပန္လာသူေတြ လႈိင္းပုတ္လို႔ ေရနစ္ေသဆုံးခဲ့ၾကတာျဖစ္ပါတယ္။ ေသဆုံးသူအားလုံးဟာ ရပ္ေဝးကေန ဘုရားလာဖူးၾကသူေတြျဖစ္ၿပီး၊ သံဃာ ၁ ပါး၊ အမ်ိဳးသား ၃ ဦးနဲ႔ အမ်ိဳးသမီး ၁၆ ဦးတို႔ျဖစ္ကာ အသက္ ၉ ႏွစ္ကေန ၆၅ ႏွစ္အထိပါဝင္ပါတယ္။ အမ်ားစုဟာ ေဝါ၊ မုတၱမ၊ ေရး၊ မုဒုံ၊ ၾကာအင္းဆိပ္ႀကီး၊ ျမဝတီနဲ႔ ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕တို႔က ပါဝင္ၾကတယ္လို႔ ကူညီကယ္ဆယ္ေရး အဖြဲ႕ေတြက သတင္းထုတ္ျပန္ပါတယ္။ ဒီေရမက်ေသးခ်ိန္ ဘုရားဖူးေတြ လမ္းေလွ်ာက္ျပန္လာေနခ်ိန္ လႈိင္းပုတ္ၿပီး ေရထဲေမ်ာပါသြားၾကတာလို႔ ပိုင္ရွင္မဲ့ လူမႈကူညီေရးအသင္းက အခုလို ေျပာျပပါတယ္။

“ေရတက္ေနတဲ့အခ်ိန္ သူတို႔က ဒီဘုရားကို သြားတဲ့ ေလွ်ာက္လမ္းရဲ႕ ဒီေဘးဘက္ျခမ္းကို သူတို႔က ဘယ္လိုေျပာမလဲ အို… စမ္းၿပီးေတာ့ သြားရင္း သြားရင္းနဲ႔ ေရက ဟိုရင္ဘတ္ေလာက္ထိေတာ့ ေရာက္ေနၿပီး သူတို႔ကကေတာ့ ေရွ႕တိုးေနဆဲေပ့ါ၊ ေရွ႕တိုးၿပီး သြားရင္း သြားရင္းနဲ႔ အဲ့မွာ လႈိင္းပုတ္ေတာ့ အဲ့မွာ အကုန္လုံး အေရွ႕ကလူေတြက ပါသြားတယ္ေပါ့ေနာ္၊ လမ္းေလွ်ာက္ရဲ႕ ေဘးမွာ ဝါးတိုင္ေလး သူက စိုက္ၿပီး ဝါးလက္ရမ္းေလးေတြ လုပ္ထားေပးတယ္၊ လူေတြက အဲ့အျပင္ဘက္ကေနၿပီးေတာ့ ေလွ်ာက္တဲ့လူလည္းရွိတယ္၊ ေရ တအားမ်ားေနလို႔ အေပၚကေနလည္း လူႀကီးေတြ ေဂါပကလူႀကီးေတြ ဦးဇင္းေတြက ေရခဏစစ္သြားရင္ ခဏေစာင့္ၿပီးမွ ျဖတ္ၾကဖို႔ ေမတၱာရပ္ခံလည္း မရဘူးေပါ့ေနာ္။”

ေရနစ္ေပ်ာက္ဆုံးေနသူ ၃၀ ထက္မနည္းရွိေနေသးတယ္လို႔လည္း ေျပာပါတယ္။ က်ိဳက္နဲေရလယ္ဘုရားဟာ မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္ အံခဲေက်း႐ြာနဲ႔ ဝကေလာင္းေက်း႐ြာၾကားမွာ ရွိေနတာပါ။ ေရလယ္မွာ ဘုရား တည္ထားၿပီး ကမ္းစပ္ကေန ဘုရားအထိ တစ္မိုင္နဲ႔ ၆ ဖာလုံ ေလာက္ေဝးပါတယ္။ ဒီေရအတက္အက် အေပၚမူတည္ၿပီး ေရက်ခ်ိန္ဆိုရင္ ေဒသခံေတြအေခၚ “နတ္လမ္း” ဆိုတဲ့လမ္းကေန ေရလယ္ဘုရားဆီကို ေျခက်င္သြားလို႔ရပါတယ္။ ဘုရားဖူးေတြအေနနဲ႔ က်ိဳက္နဲဘုရားဖူးႏိုင္ဖို႔ စက္ေလွနဲ႔ သြားလို႔ရသလို ေရက်ခ်ိန္ ေပၚလာတဲ့ “နတ္လမ္း” လို႔ေခၚတဲ့ လမ္းအတိုင္း လမ္းေလွ်ာက္သြားလို႔လည္း ရတယ္လို႔ ေျပာပါတယ္။ က်ိဳက္နဲေရလယ္ဘုရားပြဲေတာ္ကို တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၂ ေန႔ရက္နဲ႔ ၃ ရက္ေန႔ေတြမွာ ႏွစ္စဥ္က်င္းပေလ့ရွိၿပီး အနယ္နယ္အရပ္ရပ္က ဘုရားဖူးေတြ လာၾကေလ့ရွိပါတယ္။ က်ိဳက္နဲေရလယ္ဘုရားဖူးသြားသူေတြ ေလွေမွာက္လို႔ ေသဆုံးတာမ်ိဳးလည္း အရင္ႏွစ္ေတြက ျဖစ္ခဲ့ဖူးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------------

ကျိုက်နဲ ရေလယ်ဘုရားဖူး သေဆုံးသူအလောင်းများ ထပ်မံဆယ်ယူရရှိ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲမှာရှိတဲ့ ကျိုက်နဲရေလယ်ဘုရားဖူးသွားရင်း ရေနစ်ခဲ့သူတွေထဲက နိုဝင်ဘာ ၂၂ ရက် ညနေအထိ အလောင်း ၅ လောင်း ထပ်မံ ဆယ်ယူနိုင်ခဲ့တယ်လို့ ပရဟိတ ကူညီသူတွေက ပြောပါတယ်။ ပျောက်ဆုံးနေသူ ၃၀ ထက်မနည်းရှိနေသေးတယ်လို့လည်း ခန်းမှန်းနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မအင်ကြင်းနိုင်က ပြောပါမယ်။

သံဖြူဇရပ်မြို့နယ်က ကျိုက်နဲရေလယ်ဘုရားဆီ သွားရင်း ရေနစ်ခဲ့တဲ့ ဘုရားဖူးတွေထဲက အလောင်း နောက်ထပ် ၅ လောင်း မနေ့က ထပ်မံ ရှာဖွေတွေ့ခဲ့ပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီအချိန်အထိ သေဆုံးသူ စုစုပေါင်း ၂၀ ရှိသွားပါပြီ။ ရေလယ်ဘုရားရှိရာဆီ ဘုရာဖူးသွားတဲ့လမ်းမှာ ရေတက်နေသေးတဲ့အတွက် အခက်အခဲတွေကြားက ပျောက်ဆုံးနေသူတွေကို လိုက်ရှာခဲ့ရတဲ့လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ပရဟိတကူညီသူ တစ်ဦးက ပြောပါတယ်။

“စုစုပေါင်း အလောင်း ၂၀ ပါ ခင်ဗျ၊ ဒီနေ့တွေ့တာနဲ့ပါဆိုရင်တော့ ၅ လောင်းထပ်တွေ့တယ်ခင်ဗျ ဒီနေ့တစ်နေ့လုံးမှာတော့ ကျနော်တို့ တစ်နေ့လုံးရှာတဲ့အခါမှာ ဒီနေ့ ၅ လောင်းပဲရတယ်၊ ပြီးတော့ ရေက ခင်ဗျ ညကျမှ ထပ်ကျမယ်ဆိုတော့ ကျနော်တို့က ဆက်ရှာလို့ အဆင်မပြေဘူးခင်ဗျ၊ မနေ့ညကလည်း ကျနော်တို့ ရှာတယ်၊ ရှာလို့မတွေ့ဘူး၊ နောက်ပြီးတော့ အဆင်လည်း မပြေဘူး မှောင်လည်း မှောင်တယ်နေတော့ ကျနော်တို့ ရေကျောလည်း သိပ်ပြီးတော့ မသိဘူးဆိုတော့ခင်ဗျ။”

သောင်ထွန်းနေတဲ့ လမ်းကနေ ကျိုက်နဲရေလယ်ဘုရားကနေ လမ်းလျှောက်ပြန်လာသူတွေ လှိုင်းပုတ်လို့ ရေနစ်သေဆုံးခဲ့ကြတာဖြစ်ပါတယ်။ သေဆုံးသူအားလုံးဟာ ရပ်ဝေးကနေ ဘုရားလာဖူးကြသူတွေဖြစ်ပြီး၊ သံဃာ ၁ ပါး၊ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁၆ ဦးတို့ဖြစ်ကာ အသက် ၉ နှစ်ကနေ ၆၅ နှစ်အထိပါဝင်ပါတယ်။ အများစုဟာ ဝေါ၊ မုတ္တမ၊ ရေး၊ မုဒုံ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့တို့က ပါဝင်ကြတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ ဒီရေမကျသေးချိန် ဘုရားဖူးတွေ လမ်းလျှောက်ပြန်လာနေချိန် လှိုင်းပုတ်ပြီး ရေထဲမျောပါသွားကြတာလို့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းက အခုလို ပြောပြပါတယ်။

“ရေတက်နေတဲ့အချိန် သူတို့က ဒီဘုရားကို သွားတဲ့ လျှောက်လမ်းရဲ့ ဒီဘေးဘက်ခြမ်းကို သူတို့က ဘယ်လိုပြောမလဲ အို… စမ်းပြီးတော့ သွားရင်း သွားရင်းနဲ့ ရေက ဟိုရင်ဘတ်လောက်ထိတော့ ရောက်နေပြီး သူတို့ကကတော့ ရှေ့တိုးနေဆဲပေ့ါ၊ ရှေ့တိုးပြီး သွားရင်း သွားရင်းနဲ့ အဲ့မှာ လှိုင်းပုတ်တော့ အဲ့မှာ အကုန်လုံး အရှေ့ကလူတွေက ပါသွားတယ်ပေါ့နော်၊ လမ်းလျှောက်ရဲ့ ဘေးမှာ ဝါးတိုင်လေး သူက စိုက်ပြီး ဝါးလက်ရမ်းလေးတွေ လုပ်ထားပေးတယ်၊ လူတွေက အဲ့အပြင်ဘက်ကနေပြီးတော့ လျှောက်တဲ့လူလည်းရှိတယ်၊ ရေ တအားများနေလို့ အပေါ်ကနေလည်း လူကြီးတွေ ဂေါပကလူကြီးတွေ ဦးဇင်းတွေက ရေခဏစစ်သွားရင် ခဏစောင့်ပြီးမှ ဖြတ်ကြဖို့ မေတ္တာရပ်ခံလည်း မရဘူးပေါ့နော်။”

ရေနစ်ပျောက်ဆုံးနေသူ ၃၀ ထက်မနည်းရှိနေသေးတယ်လို့လည်း ပြောပါတယ်။ ကျိုက်နဲရေလယ်ဘုရားဟာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အံခဲကျေးရွာနဲ့ ဝကလောင်းကျေးရွာကြားမှာ ရှိနေတာပါ။ ရေလယ်မှာ ဘုရား တည်ထားပြီး ကမ်းစပ်ကနေ ဘုရားအထိ တစ်မိုင်နဲ့ ၆ ဖာလုံ လောက်ဝေးပါတယ်။ ဒီရေအတက်အကျ အပေါ်မူတည်ပြီး ရေကျချိန်ဆိုရင် ဒေသခံတွေအခေါ် “နတ်လမ်း” ဆိုတဲ့လမ်းကနေ ရေလယ်ဘုရားဆီကို ခြေကျင်သွားလို့ရပါတယ်။ ဘုရားဖူးတွေအနေနဲ့ ကျိုက်နဲဘုရားဖူးနိုင်ဖို့ စက်လှေနဲ့ သွားလို့ရသလို ရေကျချိန် ပေါ်လာတဲ့ “နတ်လမ်း” လို့ခေါ်တဲ့ လမ်းအတိုင်း လမ်းလျှောက်သွားလို့လည်း ရတယ်လို့ ပြောပါတယ်။ ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို တန်ဆောင်မုန်းလပြည့်ကျော် ၂ နေ့ရက်နဲ့ ၃ ရက်နေ့တွေမှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာကြလေ့ရှိပါတယ်။ ကျိုက်နဲရေလယ်ဘုရားဖူးသွားသူတွေ လှေမှောက်လို့ သေဆုံးတာမျိုးလည်း အရင်နှစ်တွေက ဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG