သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား IS အပေါ် အီဂျစ်လေကြောင်း ထိုးစစ်ဆင်မှုတိုး


လစ်ဗျားနိုင်ငံအတွင်း IS အကြမ်းဖက်သမားတွေ သတ်ဖြတ်မှုခံရသူတွေရဲ့ ဆွေမျိုးမိသားစုဝင်တွေ ဝမ်းနည်းပူဆွေးမှု။
လစ်ဗျားနိုင်ငံအတွင်း IS အကြမ်းဖက်သမားတွေ သတ်ဖြတ်မှုခံရသူတွေရဲ့ ဆွေမျိုးမိသားစုဝင်တွေ ဝမ်းနည်းပူဆွေးမှု။

အီဂျစ်နိုင်ငံသား Coptic ခရစ္စယာန်ဘာသာဝင် ၂၁ ဦးကို IS အစ္စလာမ်မစ်စစ်သွေးကြွတွေက လစ်ဗျားနိုင်ငံထဲမှာ သတ်ဖြတ်လိုက်တာကို လက်စားချေတဲ့အနေနဲ့ အီဂျစ်နိုင်ငံက လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်နေတာမှာ တနင်္လာနေ့က ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အီဂျစ် ခရစ္စယာန်တွေကို သတ်ဖြတ်ခဲ့တဲ့နေရာနဲ့ မိုင် ၈၀၀ ကျော်ဝေးပြီး IS အဖွဲ့ ခြေကုတ်ယူထားတဲ့ Darna ဒေသကို အီဂျစ်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် IS အဖွဲ့ဝင် ဒါဇင်နဲ့ချီသေဆုံးခဲ့သလို အရပ်သားတွေလည်း သေဆုံးခဲ့တယ်လို့ လစ်ဗျား စစ်ဘက်အရာရှိတွေက ပြောပါတယ်။

IS အဖွဲ့က အဲဒီလို သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ စက်ဆုပ် ရွံလျာဖွယ်ကောင်းတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ချက်ခြင်း လက်စားချေသွားမယ်လို့ ရုပ်မြင်သံကြားကတဆင့် တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းထဲမှာ အီဂျစ်သမ္မတ Abdel Fattah el-Sissi က ထည့်သွင်း ပြောကြားသွားတာပါ။

စစ်သွေးကြွတွေရဲ့ လက်နက် သိုလှောင်ရုံနဲ့ သင်တန်းပို့ချတဲ့နေရာတွေကို ပစ်မှတ်ထား ပြုလုပ်တဲ့ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေမှာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လစ်ဗျားအစိုးရကလည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

XS
SM
MD
LG