သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းက မူဆလင်တချို့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးနေဆဲ


ဘင်္ဂလားဒေ့ရှ်ဘက်ကို ရေလမ်းကနေ လှေတွေနဲ့ ထွက်ပြေး တိမ်းရှောင်လာနေတဲ့ မူဆလင်ဒုက္ခသည်များ။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ရေလမ်းကနေ လှေတွေနဲ့ ထွက်ပြေး တိမ်းရှောင်လာနေတဲ့ မူဆလင်ဒုက္ခသည်များ။

ဗုဒ္ဓဟူး နေ့ကစပြီး မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထပ်ပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာမူစလင် တရာကျော်နေပြီ ဖြစ်တဲ့အတွက် ၂ နိုင်ငံ အစိုးရတွေရဲ့ ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်တွေ အဆင်ပြေပါ့မလားလို့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရ တို့က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဒုက္ခသည်တွေ ပြန်ပို့ရေး စတင်လုပ်ဆောင်ဖို့နဲ့ အားလုံးကို ၂ နှစ်အတွင်း ပြန်ပို့ဖို့ သဘောတူညီမှု ရထားတာပါ။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ဒုက္ခသည် ၅၃ ယောက် လိုက်ပါလာတဲ့ လှေဟာ နတ်မြစ်ကို ဖြတ်ပြီးဘင်္ဂလားဒေ့ရှ် ဘက် ရောက်လာတဲ့ အပြင် ဘင်္ဂလား ပင်လယ်အော် ဘက်ကနေ လှေနဲ့ ထပ်ပြီးဝင်ရောက်လာသူက ၆၀ လောက် ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အရာရှိတွေနဲ့ Cox's Bazar နားမှာ ရှိတဲ့ Kutupalong ဒုက္ခသည် စခန်းက ကယ်ဆယ်ကူညီရေး အဖွဲ့တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တားစ် သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် Teknaf ကို လှေနဲ့ နတ်မြစ်ကနေ ကူးဖြတ်ဖို့ စောင့်နေသူကလည်း ဆယ်ဂဏန်းလောက် ရှိနေပြီး သူတို့ကတော့ လှေခ ကျပ် ၃ - ၄ သောင်း မပေးနိုင်လို့ သောင်တင်နေတယ်လို့ ဆိုပါတယ်။ အခုနောက်ဆုံး လာရောက်သူတွေဟာ ဘူးသီးတောင်က စိန်ရင်ပြင် ကျေးရွာကဖြစ်ပြီး သူတို့ အလုပ်သွားရင် စစ်တပ်က လာဖမ်းမှာ စိုးလို့ ထွက်ပြေးလာတာ လို့ ဆိုပါတယ်။

အဲဒီဒေသမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှု မရှိပေမယ့် ရခိုင်မြောက်ပိုင်း ဒေသလုံခြုံရေးအတွက် တပ်တွေ ချထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူ တဦးရဲ့ ပြောကြားချက်ကိုလည်း ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိ တဦးကတော့ လာမယ့် အင်္ဂါနေ့ ဒုက္ခသည်တွေ စပြီး ပြန်ပို့ဖို့ စီစဉ်ထားပေမယ့် ပြန်မယ့်သူတွေဟာ စိတ်ချရမှ သူ့ဆန္ဒအလျှောက် ပြန်ရမှာ ဖြစ်တဲ့အတွက် ဒီအစီအစဉ်ဟာ ဖြစ်နိုင်ချေ သိပ်မရှိဘူးလို့ ပြောကြားကြောင်း လည်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG