သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားအနောက်ခြမ်းကို ရိုဟင်ဂျာ ၁၀၀ ကျော် ကမ်းကပ်ရောက်ရှိ


အင်ဒိုနီးရှားနိုင်ငံ၊ အာချေးခရိုင် ဆာဘန်းကျွန်းကိုအသစ်ရောက်လာတဲ့ ရိုဟင်ဂျာမိသားစုတွေရဲ့ ကလေးများ။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၃ / AFP)
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးခရိုင် ဆာဘန်းကျွန်းကိုအသစ်ရောက်လာတဲ့ ရိုဟင်ဂျာမိသားစုတွေရဲ့ ကလေးများ။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၃ / AFP)

အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်ဆုံးပြည်နယ်ကို အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ရိုဟင်ဂျာ ၁၀၀ ကျော် စနေနေ့ က ကမ်းကပ်လာခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံတွေကတော့ သူတို့ကို ပင်လယ်ပြင်ဘက် ပြန်ထုတ်ဖို့ ခြိမ်းခြောက်နေကြပါတယ်။

မူဆလင် ရိုဟင်ဂျာအများစုလိုက်ပါလာကြတဲ့ လူရာကျော် သင်္ဘော ၂ စီး ဟာ အာဒမန်ပင်လယ်ပြင်ထဲမှာမျောနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက ဆိုပါတယ်။ ဒီ သင်္ဘောတွေဟာ ပင်လယ်ပြင်ကိုဖြတ်နိုင်လောက်အောင် မခိုင်ခံ့တဲ့ သင်္ဘောတွေ ဖြစ်ကြတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ရိုဟင်ဂျာ ၁,၀၀၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးကို ရောက်ရှိလာခဲ့ကြပါတယ်။

၂၀၁၅ ကတည်းကဆိုရင် ရိုဟင်ဂျာတွေ ပင်လယ်ပြင်ကို အသုတ်လိုက်ထွက်ခွါရာမှာ ဒါဟာ အကြီးမားဆုံးလည်းဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ မျောနေတဲ့ သင်္ဘောနှစ်စင်းဟာ စက်ပျက်သွားခဲ့ပြီး သင်္ဘောပေါ်မှာ အစာနဲ့ရေပြတ်ပြီး အသေအပျောက်တွေ ရှိလာမှာကို ကုလသမဂ္ ဒုက္ခသည်များဆိုင်ရာရုံးက စိုးရိမ်ကြောင်း၊ အဲဒီ သင်္ဘောတွေကို ရှာဖွေကယ်တင်ပေးဖို့ အာဒမန် ပင်လယ်ပြင်ဝန်းကျင်က တိုင်းပြည်တွေကို ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၁၄ ကတည်းကဆိုရင် သင်္ဘော ဒါဇင်ဝက်ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ လူဆန်တဲ့ စိတ်ဓာတ်ကို နမူနာယူ ဆောင်ရွက်ကြဖို့ တခြားတိုင်းပြည်တွေကို ကုလသမဂ္ဂ က ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG