သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးတထောင်ကျော် မလေးနဲ့အင်ဒိုကမ်းခြေရောက်ရှိ


မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဆီက လှေစီးပြီး တရားမဝင် ရွှေ့ပြောင်းလာသူတွေကို မလေးရှားနိုင်ငံ၊ Langkawi ရဲစခန်းရှေ့မှာ တွေ့ရစဉ်။ (မေ ၁၁၊ ၂၀၁၅)
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဆီက လှေစီးပြီး တရားမဝင် ရွှေ့ပြောင်းလာသူတွေကို မလေးရှားနိုင်ငံ၊ Langkawi ရဲစခန်းရှေ့မှာ တွေ့ရစဉ်။ (မေ ၁၁၊ ၂၀၁၅)

အင်ဒိုနီးရှားနဲ့ မလေးရှား ကမ်းလွန်ရေပြင်မှာ လှေလေးစင်းနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၁၄၀၀ ကျော်ကို တင်္လာနေ့မှာ ကယ်တင်ရမိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ကတော့ လူပေါင်း ၆၀၀ လောက်ဟာ သစ်သားလှေကြီးနှစ်စင်းနဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းကို ရောက်လာခဲ့တာပါ။

အမျိုးသမီးနဲ့ကလေးငယ်တွေပါဝင်တဲ့ အဲဒီရွှေ့ပြောင်းရောက်လာသူတွေဟာ သူတို့ကို မလေးရှားကမ်းရိုးတန်းမှာ ရောက်နေတယ်လို့ လိမ်ပြောတာခံရပြီး အင်ဒိုနီးရှားကမ်းခြေကို ရေကူးသွားဖို့ ပြောဆိုတာခံခဲ့ရတယ်လို့ အင်ဒိုနီးရှားအရာရှိတဦးက ပြောပြပါတယ်။ သတင်းထုတ်ပြန်ရေးဌာနရဲ့အဆိုအရ သူတို့ဟာ မြန်မာနိုင်ငံက မူဆလင်တွေဖြစ်တယ်လို့ အာချေဒေသရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီ ပြောခွင့်ရက ပြောပါတယ်

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IOM က တော့ ဒီအထဲမှာ ဘင်္ဂလားဒေ့ရှ်တွေလည်းပါတယ်လို့ ဆိုပါတယ်။ သူတို့ဟာ သီတင်းပတ်များစွာ လှေပေါ်မှာနေခဲ့ရတယ်လို့ ဒုက္ခသည်တဦးက ပြောပါတယ်။ ဒီနှစ် ပထမသုံးလတွင်း ခုလို လှေနဲ့ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာမူဆလင်တွေ နဲ့ ဘင်္ဂလားဒေ့ရှ် ခန့်မှန်းခြေ ၂၅၀၀ လောက် ရှိပြီး ဒါဟာ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်ကထက် အရေအတွက် နှစ်ဆ ပိုများလာတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကူအညီပေးရေးအဖွဲ့ UNHCR က ပြောပါတယ်။

XS
SM
MD
LG