သုံးရလွယ်ကူစေသည့် Link များ

ရာသီဥတု သဘောတူညီချက် နိုင်ငံပေါင်း ၁၇၀ ကျော် လက်မှတ်ထိုး


ပဲရစ်သဘောတူညီချက်ကို မြေကမ္ဘာနေ့မှာ လက်မှတ်ရေးထိုးနေတဲ့ ကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ( ဧပြီ ၂၂၊ ၂၀၁၆)

ကမ္ဘာ့အပူချိန် မြင့်တက်လာတာကို ထိန်းချုပ်ဖို့နဲ့ ရာသီဥတုဖောက်ပြန်မှုတွေရဲ့ ဆိုးကျိုးတွေ လျော့ပါးစေဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက် တရပ်ကို သောကြာနေ့မှာ နိုင်ငံပေါင်း ၁၇၀ ကျော်က လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

သဘောတူညီချက်ကိုတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ သဘောတူခဲ့ကြတာ ဖြစ်ပေမဲ့၊ မြေကမ္ဘာနေ့ဖြစ်တဲ့ သောကြာနေ့မှာ လက်မှတ်ရေးထိုးဖို့ စီစဉ်ခဲ့ကြတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ ကမ္ဘာ့အပူချိန်မြင့်တက်မှုနှုန်းကို ၁.၅ ဒီဂရီ ဆဲလ်စီရပ်စ် မပြောနဲ့၊ ၂ ဒီဂရီ မကျော်အောင် လုပ်ဖို့ အတွက်ကိုတောင် အခွင့်အလမ်းက နည်းပါးလာနေပြီလို့ သတိပေးပြောဆိုလိုက်ပါတယ်။ ဆိုးကျိုးတွေ မခံစားရဘဲ၊ အရင်းအမြစ်တွေကို သုံးစွဲတဲ့ခေတ် ကုန်ပြီလို့လည်း ပြောဆိုခဲ့တာပါ။

တိုင်းပြည်တွေရဲ့ စီးပွားရေးမှာ ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ ကင်းရှင်းအောင် ကြိုးပမ်းကြဖို့နဲ့ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေ အနေနဲ့ အသွင်ပြောင်းဖို့ ကြိုးစားနေတာတွေကို အားပေးတဲ့အကြောင်းလည်း ပြောကြားသွားပါတယ်။

သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေဟာ ကမ္ဘာပေါ်က ဖန်လုံအိမ် အာနိသင် ကာဗွန်ဓာတ်ငွေ့တွေရဲ့ ၉၃ ရာခိုင်နှုန်းကို ထုတ်လုပ်နေတဲ့ တိုင်းပြည်တွေ ဖြစ်ပါတယ်။ ဒါဟာဆိုရင် နိုင်ငံတကာ သဘောတူညီချက်တွေထဲမှာ ပထမဆုံး တရက်တည်းအတွင်း အများဆုံး လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်တခုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG