သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချကြောင်း MNDAA သတင်းထုတ်ပြန်


စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချကြောင်း MNDAA သတင်းထုတ်ပြန် (ဇူလိုင် ၂၃၊ ၂၀၂၄)
စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချကြောင်း MNDAA သတင်းထုတ်ပြန် (ဇူလိုင် ၂၃၊ ၂၀၂၄)

လားရှိုးတဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးနဲ့ တပ်သား စုစုပေါင်း ၃၁၇ ယောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင် ၂၁ ရက်နေ့က လက်နက်ချပြီး ပူးပေါင်းလာတဲ့အကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လက်နက်ချတဲ့သူတွေဆီက သေနတ်နဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ MNDAA ဘက်က ပြောပါတယ်။ ရှမ်းမြောက်ဒေသမှာ တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အရ ဒီလကုန်အထိ အပစ်ရပ်စဲဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား သဘောတူထားတဲ့အကြောင်း သတင်းတွေ ထွက်နေပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်သားတွေ ရာနဲ့ချီလက်နက်ချလာတဲ့အကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က ပြောဆိုတာပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ တုံ့ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချကြောင်း MNDAA သတင်းထုတ်ပြန် (ဇူလိုင် ၂၃၊ ၂၀၂၄)
စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချကြောင်း MNDAA သတင်းထုတ်ပြန် (ဇူလိုင် ၂၃၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရပ်သားတွေ နှစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့အကြောင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြား အတည်ပြုချက် ရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချကြောင်း MNDAA သတင်းထုတ်ပြန်
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG