သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္လာတဲ႔ ဒီးေမာ့ဆို စစ္ေရွာင္စခန္း ေဆးဝါးရိကၡာအခက္ၾကံဳ


ဒီးေမာ့ဆို စစ္ေဘးဒုကၡသည္စခန္း။ (ဓာတ္ပုံ - ကရင္နီလူငယ္အဖြဲ႔)

ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ဖက္ျခမ္းမွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြၾကား တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန႔္ထြက္ေျပးေနၾကရသူေတြ ခိုလႈံေနတဲ့ စခန္းတခုမွာ ကိုဗစ္ေရာဂါကူးစက္ေနသူ ၄၀ ေက်ာ္ရွိတယ္လို႔ စခန္းတာဝန္ရွိသူေတြက ေျပာပါတယ္။ ေနမေကာင္းသူေတြရွိေပမဲ့ ကိုဗစ္ေရာဂါ ျဖစ္ မျဖစ္ အားလုံးကို စစ္ေဆးေပးႏိုင္ဖို႔ အခက္အခဲရွိေနၾကပါတယ္။ ေမလထဲက စစ္ပြဲေတြ စတင္ျဖစ္ခဲ့ၿပီး အခုရက္ပိုင္းအထိလည္း တခ်ိဳ႕ေနရာေတြမွာ တိုက္ပြဲေတြ ျဖစ္ေနေသးတာေၾကာင့္ ဒုကၡသည္ေတြ ပိုတိုးလာေနပါတယ္။ စားေရးေသာက္ေရး၊ က်န္းမာေရးအကူအညီလိုအပ္ေနတဲ့ ဒုကၡသည္ေတြရဲ႕ အခက္အခဲကို ေဒၚခင္မ်ိဳးသက္ တင္ျပပါမယ္။

ကယား (ကရင္နီ) ျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ဖက္ျခမ္းက စစ္ေဘးဒုကၡသည္ေတြ ယာယီခိုလႈံေနၾကတဲ့စခန္းေတြမွာ ဒုကၡသည္ ၄၇ ဦး ထက္မနည္း ကိုဗစ္ပိုးေတြ႕ ရွိထားတယ္လို႔ စခန္းတာဝန္ရွိသူတစ္ဦးက VOA ကို ေျပာပါတယ္။ ယာယီဒုကၡသည္စခန္းမွာ ဖ်ားနာေနသူေတြအားလုံးကို ကိုဗစ္ပိုးရွိ မရွိ စစ္မေပးႏိုင္တဲ့အတြက္ ကိုဗစ္ျဖစ္ေနသူက အမွန္တကယ္ ဒီထက္မက မ်ားႏိုင္တယ္လို႔ အခုလို ေျပာပါတယ္။

"ဒီၿပီးခဲ့တဲ့ တစ္ပတ္အတြင္းမွာပဲ က်ေနာ္တို႔ covid-19 Positive ထြက္တယ္ေပ့ါေနာ္ ဒီစစ္ေရွာင္ေတြၾကားမွာဆိုရင္ က်ေနာ္တု႔ိ စုစုေပါင္း အၾကမ္းဖ်င္းဆိုရင္ ၄၀ နဲ႔ ၇ ဝန္းက်င္ေလာက္ရွိတယ္၊ အဲ့ေတာ့ ဟို… မစစ္ရေသးဘဲနဲ႔ အဲ့လို(ကိုဗစ္ပိုး)ရွိေနၿပီးသားသူလည္း ရွိေကာင္းရွိႏိုင္တယ္ေပါ့ေနာ္၊ အဲ့ေတာ့ ၄၀ ေက်ာ္ ၅၀ ဝန္းက်င္ေတာ့ ရွိေနၿပီးေပါ့ေနာ္ ဟုတ္ကဲ့၊ ဒါစစ္ၿပီးသားသူေတြ Positive အတည္ျပဳတဲ့သူေတြေပါ့၊ ခုနက်ေနာ္ေျပာတဲ့ အေရအတြက္ကေလး၊ အဲ့ေတာ့ မစစ္ႏိုင္ေသးဘဲနဲ႔ အဲ့လိုမ်ိဳးကူၿပီးသားလူေတြလည္း ရွိေကာင္းရွိႏိုင္တယ္။”

ဖ်ားနာ ေခ်ာင္းဆိုးၿပီး ကိုဗစ္လကၡဏာျပသူေတြကို ကိုဗစ္ Test Kit နဲ႔စစ္ေဆးေပးတာမွာ ခုလို ကိုဗစ္ေရာဂါပိုးကူးစက္ေနတာ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္း စျဖစ္တဲ့ ဇူလိုင္လေလာက္ထဲက ယာယီဒုကၡသည္စခန္းမွာ လူ ၄ ၊ ၅ ေယာက္က စၿပီး ကိုဗစ္ပိုးေတြ႕ခဲေပမယ့္ အေနအေျခမဆိုးေသးဘဲ အခု ဒီတပတ္အတြင္းမွာ ကူးစက္ခံရသူေတြ ပိုမ်ားလာတာလို႔ ေျပာပါတယ္။ ခုလိုကိုဗစ္ကူးစက္သူေတြ မ်ားလာေပးမဲ့ ေဆးဝါးနဲ႔ စားနပ္ရိကၡာလိုအပ္ခ်က္ေတြရွိေၾကပါတယ္။

“အခုေလာေလာဆယ္ က်ေနာ္တို႔ဒီကိုယ္ထူကိုယ္ထ volunteer ကေနၿပီးေတာ့မွ ကိုဗစ္စင္တာလည္း လုပ္ထားတာရွိတယ္၊ အဲ့ေတာ့ ဒီကုသေပးတဲ့ ဆရာဆရာမေတြကေတာ့ အဓိက ဒီနယ္လွည့္က်န္းမာေရးအဖြဲ႕ေတြရွိတယ္၊ ေနာက္ ဒီ CDM ဝင္ထားတဲ့ ဆရာ၊ ဆရာမတခ်ိဳ႕ရွိတာေပါ့ေနာ္၊ ဆိုေတာ့ အဲ့ဒီလူေတြနဲ႔ဘဲ ကုသေပးေနတာေပါ့၊ အခုေလာေလာ က်ေနာ္တို႔ ဒီစစ္ေရွာင္က မ်ားတာထက္မ်ားလာတယ္၊ အဲ့ေတာ့ ဒီေနာက္ပိုင္းမွာ က်ေနာ္တို႔ ဒီလြိဳင္ေကာၿမိဳ႕ေပၚမွာဆိုလို႔ရွိရင္ အစစ္အေဆးတအား ၾကမ္းလာတယ္၊ ၾကမ္းလာေတာ့ က်ေနာ္တို႔ ရိကၡာ၊ ေနာက္ဒီေဆးဝါးေတြေပ့ါေနာ္ သယ္ျပဳလို႔မရျဖစ္ေနတယ္၊ အဲ့ေတာ့ ဒီေဆးဝါးအပိုင္းမွာဆိုလို႔ရွိလည္း အၿမဲလိုအပ္မႈေတြရွိတယ္၊ ေနာက္ ဒီကိုဗစ္စစ္ေဆးမႈ ဒီကိရိယာေတြေပ့ါေနာ္ ဒီ Test kit ေတြလည္း က်ေနာ္တို႔ အမ်ားႀကီးလိုအပ္လာတယ္ေပါ့၊ အဲ့ေတာ့က်ေနာ္တို႔ အကုန္လုံးမစစ္ႏိုင္ဘူး အဲ့လိုမ်ိဳးအေနအထားေတြ ရွိတယ္။”

ဒုကၡသည္စခန္းေတြမွာ ဆန္၊ ဆီ၊ ဆား၊ မိုးကာ စတဲ့ ပစၥည္းေတြ လိုအပ္ခ်က္ရွိေနပါတယ္။ အလႉရွင္ေတြ နည္းပါးလာတာေၾကာင့္ ေတာ္ေတာ္ေလး အခက္အခဲျဖစ္ေနတယ္လို႔ ဒုကၡသည္တစ္ဦးက အခုလို ေျပာပါတယ္။

“မ်ားေသာအားျဖင့္ နားေစးတာ ၿပီးရင္ေခ်ာင္းတာ ၿပီးရင္ ကိုက္ခဲတာ အဲ့လိုမ်ိဳး ဒါေၾကာင့္မို႔လို႔ ဒီဘက္မွာေလး တုပ္ေကြးလို႔ပဲ ထင္ၾကတာေပါ့၊ ဒါေၾကာင့္ တုပ္ေကြးေဆးေတာ့ ေတာ္ေတာ္ကုန္တယ္ ဒီမွာ ေဆးလည္းမလုံမေလာက္ျဖစ္တယ္၊ လူဦးေရလည္း ေထာင္နဲ႔ခ်ီရွိလာေတာ့ ေဆးက မလုံမေလာက္ေတြ ျဖစ္ေနတယ္၊ ေတာင္းဆိုခ်င္တာေပါ့ေနာ္ စစ္ေဘးေရွာင္ေတြအတြက္ အဓိကေဆးဝါးရယ္ စားေသာက္ကုန္အနည္းအက်ဥ္းေပါ့ အဆင္ေျပခဲ့မယ္ဆိုလို႔ရွိရင္ေပါ့ေနာ္၊ အဆင္ေျပခဲ့မယ္ဆိုလို႔ရွိရင္ ေဆးဝါး စားေသာက္ကုန္နဲ႔ မိုးကာေတြ တခ်ိဳ႕လိုအပ္ေသးပါတယ္၊ ၿပီးေတာ့မွ ျခင္ေတာင္ေပါေ့နာ္ ျခင္ေတာင္လည္း လိုအပ္ခ်က္ရွိေသးတယ္။”

စစ္ေဘးဒုကၡသည္ေတြအတြက္ အလႉရထားတဲ့ပစၥည္းတခ်ိဳ႕ လြိဳင္ေကာ္ၿမိဳ႕မွာ ေတာင္တင္ေနပါတယ္။ လြိဳင္ေကာ္ဘက္ သြားတဲ့သူေတြဟာ PDF အဖြဲ႕လို႔ ထင္ေၾကးၿပီး ေတြ႕တဲ့လူတိုင္းကို စစ္ေဆးဖမ္းဆီးေနလို႔ သြားမသယ္ရဲဘူးလို႔ စခန္းတာဝန္ရွိသူတစ္ဦး ဆက္ေျပာပါတယ္။ ရိကၡာသြားဝယ္တဲ့ ဒုကၡသည္ လူငယ္ တခ်ိဳ႕လည္း ဖမ္းဆီးခံထားရပါတယ္။

“ဖမ္းဆီးမႈလည္း အရမ္းၾကမ္းလာတယ္၊ အခုလူငယ္ေတြဆိုလို႔ရွိရင္ ဒီစစ္ေရွာင္ေတြကပဲ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ေဆးဝါးသြားဝယ္စရာလိုတာတို႔ ေနာက္စားနပ္ရိကၡာမလုံေလာက္လို႔ ခဏတျပဳတ္ၿမိဳ႕ေပၚတက္ၿပီးမွ ပစၥည္းနည္းနည္းပါးပါး ရိကၡာနည္းနည္းသြားဝယ္ခ်င္တာတို႔ သြားလာလို႔ရွိရင္ လမ္းမွာ အခု ဒီတစ္ပတ္အတြင္းမွာပဲ ကေလးအပါအဝင္ေပါ့ေနာ္ က်ေနာ္တို႔ ဟိုတစ္ေန႔က သုံးေယာက္၊ ၅ေယာက္၊ ၆ေယာက္၊ ၇ေယာက္၊ ၇ ေယာက္ဝန္းက်င္ေလာက္ ဖမ္းဆီးခံေနရတယ္ေပါ့ေနာ္၊ အဲ့ေတာ့ ဟို… မနက္သြားတယ္ ညေနျပန္မလာေတာ့ဘူး ျပန္မေရာက္ေတာ့ဘူး အဲ့လိုမ်ိဳးအေနအထားေတြ ႀကဳံေနရတယ္၊ အဲ့ဒါက်ေနာ္တို႔အတြက္ အဓိကစိန္ေခၚမႈေပါ့ေနာ္၊ မေန႔ကေလာေလာလတ္လတ္ က်ေနာ္တို႔ ဒီ ေတာတလဲ႐ြာသား ကေလးတစ္ေပါ့ေနာ္၊ မနက္ပိုင္း သူလြိဳင္ေကာ္တက္သြားၿပီးမွ မေန႔ကအထိ အခုခ်ိန္ထိ ျပန္မလာေတာ့ဘူး အဆက္အသြယ္လည္း မရေသးဘူးအဲ့လိုမ်ိဳးျဖစ္ေနတာ။”

စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြၾကား ေမလထဲက တိုက္ပြဲေတြစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ ဒီးေမာ့ဆိုၿမိဳ႕ဝန္းက်င္က ေဒသခံ ေသာင္းနဲ႔ခ်ီ ထြက္ေျပးတိမ္းေရွာင္ေနၾကရတာပါ။ စက္တင္ဘာ ၇ ရက္ေန႔ကလည္း ဒီးေမာ့ဆိုၿမိဳ႕အနီးမွာ ေဒသခံကာကြယ္ေရးအဖြဲ႕ KNDF နဲ႔ စစ္ေကာင္စီတု႔ိအၾကား တိုက္ပြဲ တခုျဖစ္ပြားခဲ့ပါတယ္။ ဒီအေျခအေနေတြေၾကာင့္ ေဒသခံ ၁,၀၀၀ ေလာက္ ထပ္မံ ထြက္ေျပးလာၾကပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ဖက္ျခမ္းမွာ တိမ္းေရွာင္လာၾကတဲ့ စစ္ေဘးဒုကၡသည္ ၅,၀၀၀ ေလာက္ ရွိၿပီး အစားအေသာက္ ေဆးဝါးနဲ႔ ျခင္ေထာင္ေတြ အဓိကလိုအပ္ေနၾကပါတယ္။

=================

ကိုဗစ်ကူးစက်လာတဲ့ ဒီးမော့ဆို စစ်ရှောင်စခန်း ဆေးဝါးရိက္ခာအခက်ကြုံ

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေကြရသူတွေ ခိုလှုံနေတဲ့ စခန်းတခုမှာ ကိုဗစ်ရောဂါကူးစက်နေသူ ၄၀ ကျော်ရှိတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ နေမကောင်းသူတွေရှိပေမဲ့ ကိုဗစ်ရောဂါ ဖြစ် မဖြစ် အားလုံးကို စစ်ဆေးပေးနိုင်ဖို့ အခက်အခဲရှိနေကြပါတယ်။ မေလထဲက စစ်ပွဲတွေ စတင်ဖြစ်ခဲ့ပြီး အခုရက်ပိုင်းအထိလည်း တချို့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေသေးတာကြောင့် ဒုက္ခသည်တွေ ပိုတိုးလာနေပါတယ်။ စားရေးသောက်ရေး၊ ကျန်းမာရေးအကူအညီလိုအပ်နေတဲ့ ဒုက္ခသည်တွေရဲ့ အခက်အခဲကို ဒေါ်ခင်မျိုးသက် တင်ပြပါမယ်။

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေ ယာယီခိုလှုံနေကြတဲ့စခန်းတွေမှာ ဒုက္ခသည် ၄၇ ဦး ထက်မနည်း ကိုဗစ်ပိုးတွေ့ ရှိထားတယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးက VOA ကို ပြောပါတယ်။ ယာယီဒုက္ခသည်စခန်းမှာ ဖျားနာနေသူတွေအားလုံးကို ကိုဗစ်ပိုးရှိ မရှိ စစ်မပေးနိုင်တဲ့အတွက် ကိုဗစ်ဖြစ်နေသူက အမှန်တကယ် ဒီထက်မက များနိုင်တယ်လို့ အခုလို ပြောပါတယ်။

"ဒီပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာပဲ ကျနော်တို့ covid-19 Positive ထွက်တယ်ပေ့ါနော် ဒီစစ်ရှောင်တွေကြားမှာဆိုရင် ကျနော်တု့ိ စုစုပေါင်း အကြမ်းဖျင်းဆိုရင် ၄၀ နဲ့ ၇ ဝန်းကျင်လောက်ရှိတယ်၊ အဲ့တော့ ဟို… မစစ်ရသေးဘဲနဲ့ အဲ့လို(ကိုဗစ်ပိုး)ရှိနေပြီးသားသူလည်း ရှိကောင်းရှိနိုင်တယ်ပေါ့နော်၊ အဲ့တော့ ၄၀ ကျော် ၅၀ ဝန်းကျင်တော့ ရှိနေပြီးပေါ့နော် ဟုတ်ကဲ့၊ ဒါစစ်ပြီးသားသူတွေ Positive အတည်ပြုတဲ့သူတွေပေါ့၊ ခုနကျနော်ပြောတဲ့ အရေအတွက်ကလေး၊ အဲ့တော့ မစစ်နိုင်သေးဘဲနဲ့ အဲ့လိုမျိုးကူပြီးသားလူတွေလည်း ရှိကောင်းရှိနိုင်တယ်။”

ဖျားနာ ချောင်းဆိုးပြီး ကိုဗစ်လက္ခဏာပြသူတွေကို ကိုဗစ် Test Kit နဲ့စစ်ဆေးပေးတာမှာ ခုလို ကိုဗစ်ရောဂါပိုးကူးစက်နေတာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း စဖြစ်တဲ့ ဇူလိုင်လလောက်ထဲက ယာယီဒုက္ခသည်စခန်းမှာ လူ ၄ ၊ ၅ ယောက်က စပြီး ကိုဗစ်ပိုးတွေ့ခဲပေမယ့် အနေအခြေမဆိုးသေးဘဲ အခု ဒီတပတ်အတွင်းမှာ ကူးစက်ခံရသူတွေ ပိုများလာတာလို့ ပြောပါတယ်။ ခုလိုကိုဗစ်ကူးစက်သူတွေ များလာပေးမဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေရှိကြေပါတယ်။

“အခုလောလောဆယ် ကျနော်တို့ဒီကိုယ်ထူကိုယ်ထ volunteer ကနေပြီးတော့မှ ကိုဗစ်စင်တာလည်း လုပ်ထားတာရှိတယ်၊ အဲ့တော့ ဒီကုသပေးတဲ့ ဆရာဆရာမတွေကတော့ အဓိက ဒီနယ်လှည့်ကျန်းမာရေးအဖွဲ့တွေရှိတယ်၊ နောက် ဒီ CDM ဝင်ထားတဲ့ ဆရာ၊ ဆရာမတချို့ရှိတာပေါ့နော်၊ ဆိုတော့ အဲ့ဒီလူတွေနဲ့ဘဲ ကုသပေးနေတာပေါ့၊ အခုလောလော ကျနော်တို့ ဒီစစ်ရှောင်က များတာထက်များလာတယ်၊ အဲ့တော့ ဒီနောက်ပိုင်းမှာ ကျနော်တို့ ဒီလွိုင်ကောမြို့ပေါ်မှာဆိုလို့ရှိရင် အစစ်အဆေးတအား ကြမ်းလာတယ်၊ ကြမ်းလာတော့ ကျနော်တို့ ရိက္ခာ၊ နောက်ဒီဆေးဝါးတွေပေ့ါနော် သယ်ပြုလို့မရဖြစ်နေတယ်၊ အဲ့တော့ ဒီဆေးဝါးအပိုင်းမှာဆိုလို့ရှိလည်း အမြဲလိုအပ်မှုတွေရှိတယ်၊ နောက် ဒီကိုဗစ်စစ်ဆေးမှု ဒီကိရိယာတွေပေ့ါနော် ဒီ Test kit တွေလည်း ကျနော်တို့ အများကြီးလိုအပ်လာတယ်ပေါ့၊ အဲ့တော့ကျနော်တို့ အကုန်လုံးမစစ်နိုင်ဘူး အဲ့လိုမျိုးအနေအထားတွေ ရှိတယ်။”

ဒုက္ခသည်စခန်းတွေမှာ ဆန်၊ ဆီ၊ ဆား၊ မိုးကာ စတဲ့ ပစ္စည်းတွေ လိုအပ်ချက်ရှိနေပါတယ်။ အလှူရှင်တွေ နည်းပါးလာတာကြောင့် တော်တော်လေး အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တစ်ဦးက အခုလို ပြောပါတယ်။

“များသောအားဖြင့် နားစေးတာ ပြီးရင်ချောင်းတာ ပြီးရင် ကိုက်ခဲတာ အဲ့လိုမျိုး ဒါကြောင့်မို့လို့ ဒီဘက်မှာလေး တုပ်ကွေးလို့ပဲ ထင်ကြတာပေါ့၊ ဒါကြောင့် တုပ်ကွေးဆေးတော့ တော်တော်ကုန်တယ် ဒီမှာ ဆေးလည်းမလုံမလောက်ဖြစ်တယ်၊ လူဦးရေလည်း ထောင်နဲ့ချီရှိလာတော့ ဆေးက မလုံမလောက်တွေ ဖြစ်နေတယ်၊ တောင်းဆိုချင်တာပေါ့နော် စစ်ဘေးရှောင်တွေအတွက် အဓိကဆေးဝါးရယ် စားသောက်ကုန်အနည်းအကျဉ်းပေါ့ အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်၊ အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင် ဆေးဝါး စားသောက်ကုန်နဲ့ မိုးကာတွေ တချို့လိုအပ်သေးပါတယ်၊ ပြီးတော့မှ ခြင်တောင်ပေါေ့နာ် ခြင်တောင်လည်း လိုအပ်ချက်ရှိသေးတယ်။”

စစ်ဘေးဒုက္ခသည်တွေအတွက် အလှူရထားတဲ့ပစ္စည်းတချို့ လွိုင်ကော်မြို့မှာ တောင်တင်နေပါတယ်။ လွိုင်ကော်ဘက် သွားတဲ့သူတွေဟာ PDF အဖွဲ့လို့ ထင်ကြေးပြီး တွေ့တဲ့လူတိုင်းကို စစ်ဆေးဖမ်းဆီးနေလို့ သွားမသယ်ရဲဘူးလို့ စခန်းတာဝန်ရှိသူတစ်ဦး ဆက်ပြောပါတယ်။ ရိက္ခာသွားဝယ်တဲ့ ဒုက္ခသည် လူငယ် တချို့လည်း ဖမ်းဆီးခံထားရပါတယ်။

“ဖမ်းဆီးမှုလည်း အရမ်းကြမ်းလာတယ်၊ အခုလူငယ်တွေဆိုလို့ရှိရင် ဒီစစ်ရှောင်တွေကပဲ အခြေအနေအမျိုးမျိုးကြောင့် ဆေးဝါးသွားဝယ်စရာလိုတာတို့ နောက်စားနပ်ရိက္ခာမလုံလောက်လို့ ခဏတပြုတ်မြို့ပေါ်တက်ပြီးမှ ပစ္စည်းနည်းနည်းပါးပါး ရိက္ခာနည်းနည်းသွားဝယ်ချင်တာတို့ သွားလာလို့ရှိရင် လမ်းမှာ အခု ဒီတစ်ပတ်အတွင်းမှာပဲ ကလေးအပါအဝင်ပေါ့နော် ကျနော်တို့ ဟိုတစ်နေ့က သုံးယောက်၊ ၅ယောက်၊ ၆ယောက်၊ ၇ယောက်၊ ၇ ယောက်ဝန်းကျင်လောက် ဖမ်းဆီးခံနေရတယ်ပေါ့နော်၊ အဲ့တော့ ဟို… မနက်သွားတယ် ညနေပြန်မလာတော့ဘူး ပြန်မရောက်တော့ဘူး အဲ့လိုမျိုးအနေအထားတွေ ကြုံနေရတယ်၊ အဲ့ဒါကျနော်တို့အတွက် အဓိကစိန်ခေါ်မှုပေါ့နော်၊ မနေ့ကလောလောလတ်လတ် ကျနော်တို့ ဒီ တောတလဲရွာသား ကလေးတစ်ပေါ့နော်၊ မနက်ပိုင်း သူလွိုင်ကော်တက်သွားပြီးမှ မနေ့ကအထိ အခုချိန်ထိ ပြန်မလာတော့ဘူး အဆက်အသွယ်လည်း မရသေးဘူးအဲ့လိုမျိုးဖြစ်နေတာ။”

စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား မေလထဲက တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးနောက် ဒီးမော့ဆိုမြို့ဝန်းကျင်က ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ စက်တင်ဘာ ၇ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့အနီးမှာ ဒေသခံကာကွယ်ရေးအဖွဲ့ KNDF နဲ့ စစ်ကောင်စီတု့ိအကြား တိုက်ပွဲ တခုဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် ဒေသခံ ၁,၀၀၀ လောက် ထပ်မံ ထွက်ပြေးလာကြပါတယ်။ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ တိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည် ၅,၀၀၀ လောက် ရှိပြီး အစားအသောက် ဆေးဝါးနဲ့ ခြင်ထောင်တွေ အဓိကလိုအပ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG