သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန႔္ဘလူက်ီစုေက်း႐ြာေနအိမ္၄၀၀ေက်ာ္မီးရႈိ႕ခံရၿပီး လူ၂၀ေသဆုံး


ကန္႔ဘလူၿမိဳ႕နယ္ ေျမပံု (ျမန္မာအစိုးရ ၀က္ဘ္ဆိုဒ္)

စစ္ကိုင္းတိုင္း ကန္႔ဘလူၿမိဳ႕နယ္ထဲက က်ီစုေက်း႐ြာကို ဇူလိုင္ ၁၈ ရက္ေန႔က စစ္ရဟတ္ယာဥ္ ၅ စီးနဲ႔ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့သလို၊ အဲဒီရဟတ္ယာဥ္မွာပါတဲ့ စစ္ေကာင္စီတပ္သားတခ်ိဳ႕က ေက်း႐ြာထဲ ဝင္ေရာက္မီးရႈိ႕တာေၾကာင့္ ေနအိမ္ ၄၀၀ ေက်ာ္ မီးေလာင္ပ်က္စီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိမွာ ႐ြာသား ၂၀ ေက်ာ္ရဲ႕ ႐ုပ္အေလာင္းေတြကို ေတြ႕ခဲ့ရၿပီး၊ ႐ြာသား ၅၀ ေက်ာ္ ေပ်ာက္ဆုံးေနတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ သတင္းေပးပို႔ထားတာကို မခင္ျဖဴေထြးေျပာျပပါမယ္။


ကန႔္ဘလူၿမိဳ႕နယ္ထဲက က်ီစုေက်း႐ြာအပါအဝင္ ေက်း႐ြာအေတာ္မ်ားမ်ားကို စစ္ေကာင္စီတပ္ေတြက ဇူလိုင္ ၁၈ ရက္ မနက္ပိုင္းက ရဟတ္ယာဥ္ေတြနဲ႔ လာေရာက္ တိုက္ခိုက္ခဲ့သလို၊ စစ္ေကာင္စီတပ္ေတြက ႐ြာထဲ ဝင္ေရာက္ၿပီး ေနအိမ္ေတြကို မီးရႈိ႕ ႐ြာသားအမ်ားအျပားကို ဖမ္းဆီးမႈေတြ လုပ္ခဲ့တဲ့အေၾကာင္း က်ီစုေက်း႐ြာက ရပ္မိရပ္ဖတဦးက ဗြီအိုေအကို ေျပာပါတယ္။

“၁၈ ရက္ေန႔က ေလယာဥ္နဲ႔ က်ဲတယ္။ ေလယာဥ္ ၅ စီးလာတယ္။ ေလယာဥ္နဲ႔ အယင္ က်ဲၿပီးေတာ့မွ ေလယာဥ္ေပၚကေနၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔လည္းပစ္တယ္။ လက္နက္ႀကီးေတြနဲ႔ပစ္ၿပီးေတာ့ ေလယာဥ္ ၃ စီးက ေအာက္ဆင္းၿပီး ႐ြာေထာင္ ၃ ေထာင့္ကို(စကစတပ္သားေတြ) ခ်ၿပီးေတာ့မွ စစ္သားေတြက ေအာက္ကေန ကြၽန္ေတာ္တို႔ ႐ြာရဲ႕ ေတာင္ဖက္က တပ္ေတြေပါ့ အင္အား ၁၀၀ ေလာက္ရွိတယ္၊ ေျမာက္ဖက္က တပ္ကလည္း ၁၀၀ ေလာက္ရွိတယ္ တပ္ထိုင္ထားတာေလ။ အဲ့မွာ ကြၽန္ေတာ္တို႔ကို ေလယာဥ္နဲ႔ ပစ္ေတာ့ ထြက္ေျပးၾကေတာ့ ထြက္ေျပးၿပီးတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ အဲ့မွာ လူ ၄၀၊ ၅၀ ေလာက္ အဖမ္းခံလိုက္ရတယ္။ အဲ့ လူ ၄၀၊ ၅၀ ေလာက္ကို ဘုန္းႀကီးေက်ာင္းထဲမွာ ထားတယ္။ ၿပီးရင္ေတာ့ သူတို႔ကို ျပန္လြတ္လိုက္တယ္။”

သူအပါအဝင္ တိုက္ခိုက္မႈေၾကာင့္ ထြက္ေျပးသြားရတဲ့ ႐ြာသားေတြဟာ ဒီမနက္ပိုင္းေလာက္မွာ ႐ြာကို ျပန္ဝင္ၾကၿပီး မီးေလာင္ေနတဲ့အိမ္ေတြကို မီးၿငိမ္းသတ္ၿပီး ရွင္းလင္းမႈေတြ လုပ္ၾကရတယ္လို႔ဆိုပါတယ္။ မီးရႈိ႕ခံထားရတဲ့ အိမ္ေတြထဲမွာ ႀကိဳးတုတ္ၿပီး သတ္ခံထားရတဲ့ မီးေလာင္ေနတဲ့ အေလာင္းေတြကို ေတြ႕ရၿပီး လက္ရွိအခ်ိန္ထိ အေလာင္း ၂၀ ေက်ာ္ ေတြ႕ရၿပီလို႔ ေက်း႐ြာက ရပ္မိရပ္ဖတစ္ဦးက VOA ကို ခုလိုေျပာပါတယ္။

“ကြၽန္ေတာ္တို႔ အခု ျပာပုံေတြထဲ ႐ြာထဲေတြမွာ ေလွ်ာက္ရွာေတာ့ အခုေတာ့ ၂၀ ခန႔္ေလာက္ေတာ့ ကြၽန္ေတာ္တို႔ ေတြ႕ၿပီေပါ့ေႏွာ္အေလာင္း။ အေလာင္းေတြက ႀကိဳးေတြနဲ႔ တုတ္ၿပီးေတာ့မွ မီးေလာင္ထားေတာ့ ႐ုပ္ေတြက ဘယ္သူမွန္းမသိၾကေတာ့ဘူး။ ဝမ္းလ်ားေတြေမွာက္ၿပီးေတာ့ေပါ့။ ၿပီးေတာ့ စိတ္မႏွံတဲ့သူ ၂ ေယာက္ေရာေပါ့။ စိတ္မႏွံသူတစ္ေယာက္ကိုက ႀကိဳးနဲ႔တုတ္ၿပီးေတာ့မွ ပစ္သတ္ထားခဲ့တယ္။ ေနာက္တစ္ေယာက္ကိုေတာ့ အလြတ္ပစ္သတ္ထားခဲ့တယ္ ႐ြာရဲ႕ ေနာက္ထိပ္မွာ။ အခုေလာေလာဆယ္ ေပ်ာက္ေနတဲ့သူက ၅၀ ေက်ာ္တယ္၊ ဘယ္လိုမွ သတင္းမရတဲ့သူက။ အေလာင္းေတြ႕တာက ၂၀ ေက်ာ္ေနၿပီ။”

အိမ္ေျခ ၈၅၀ ရွိတဲ့ က်ီစုေက်း႐ြာမွာ လက္ရွိ ေဒသခံေတြ စာရင္းေကာက္ၿပီးသေလာက္ကေတာ့ အိမ္ေျခ ၄၀၀ ေက်ာ္ေလာက္ မီးေလာင္သြားၿပီလို႔ ဆိုပါတယ္။ မီးေလာင္တဲ့အိမ္အေရအတြက္က ဒီထက္ ပိုမ်ားႏိုင္ေပမယ့္ ႐ြာရဲ႕ အေျခအေနအရ စာရင္းအတိအက် မရႏိုင္ေသးတာေၾကာင့္လို႔ ေျပာပါတယ္။

“အိမ္ေတြကလည္းကြၽန္ေတာ္တို႔ စာရင္းကို ရသေလာက္ေတာ့ ကြၽန္ေတာ္တို႔ ယူေနၾကတယ္ေပါ့ အခု။ မီးေလာင္သြားတာက အိမ္ေျခ ၄၀၀ ဝန္းက်င္ေလာက္ မီးရႈိ႕လိုက္ၿပီ။ ၁၈ ရက္ေန႔ ၁၁ နာရီကေန စရႈိ႕တာက ေနာက္ ၁၉ ရက္ေန႔ထပ္ရႈိ႕တယ္။ ကြၽန္ေတာ္တို႔ အစၥလမ္ဘာသာဝင္ေတြရဲ႕ အိမ္ကို ေ႐ြးၿပီးေတာ့ ရႈိ႕တယ္ အဲ့ဒီေန႔က။ အခုလဲ အဲ့လို ေ႐ြးရႈိ႕ထားတာ။ ဗလီေက်ာင္းေတြက ဗလီေက်ာင္း ၂ ေက်ာင္းရွိတာေပါ့၊ အဲ့ဗလီေက်ာင္း ၂ ေက်ာင္းကို ေသနတ္ေတြနဲ႔ ပစ္တယ္။ မွန္ေတြကြဲတယ္။ ကြၽန္ေတာ္တို႔ အေနာက္ဗလီက ကားဂိုေတာင္ကို မီးရႈိ႕သြားတယ္။ နည္းနည္းရွပ္သြားတယ္ေပါ့ ဗလီကိုလည္းနည္းနည္းရွပ္သြားတယ္။ မနက္အထိေပါ့ မနက္ ၉ နာရီ ၁၀ နာရီအထိကို မီးရႈိ႕ခံရတယ္။ (မီးရႈိ႕ခံရတဲ့အိမ္က) မ်ားႏိုင္တယ္၊ အစၥလမ္ဘာသာဝင္အိမ္က နည္းနည္းပဲ က်န္တာ။ အစြန္အဖ်ားေလးေလာက္ပဲ က်န္တယ္။”

စစ္ေကာင္စီတပ္ေတြရဲ႕ နယ္ေျမရွင္းလင္းမီးရႈိ႕မႈေကာင့္ က်ီစုေက်း႐ြာသား ၄၀၀၀ ေလာက္ဟာ လက္ရွိမွာ လယ္ကြင္းလိုေနရာေတြမွာ စစ္ေရွာင္ေနၾကရတာေၾကာင့္ ေနထိုင္ေရး စားေသာက္ေရးနဲ႔ ေဆးဝါးအတြက္ပါ အကူအညီလိုအပ္ၿပီး အခက္အခဲေတြ ရွိေနၾကတယ္လို႔ ေက်း႐ြာ ရပ္မိရပ္ဖက ေျပာပါတယ္။ က်ီစုေက်း႐ြာနဲ႔ တစ္မိုင္ေလာက္ကြာေဝးတဲ့ ေအာင္သာယာ႐ြာအနီးမွာ စစ္ေကာင္စီတပ္စခန္းခ်ထားသလို က်ီစု႐ြာနဲ႔ ၂ မိုင္ေလာက္ေဝးတဲ့ ကာဘိုးမွာလည္း စစ္တပ္စခန္းရွိတာေၾကာင့္ ႐ြာသားေတြအေနနဲ႔ စားေရးရိကၡာအတြက္ သြားလာဖို႔ အဆင္မေျပျဖစ္ေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက က်ီစုေက်း႐ြာသားေယာက်္ားေတြ ကာဘိုး႐ြာဖက္ကိုသြားရင္ ဖမ္းဆီးခံရတာေတြျဖစ္ေလ့ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီက်ီစုေက်း႐ြာရဲ႕ အေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဖက္က တစုံတရာ ထုတ္ျပန္တာမ်ိဳးမရွိသလို စစ္ေကာင္စီေျပာခြင့္ရကိုလည္း ဆက္သြယ္လို႔ မရပါဘူး။

စစ္ကိုင္းတိုင္းအတြင္းမွာေတာ့ တိုင္းစစ္ဌာနခ်ဳပ္ထိုင္ရာ မုံ႐ြာၿမိဳ႕ ပတ္ပတ္လည္ျဖစ္တဲ့ ယင္းမာပင္၊ ပုလဲ၊ ေခ်ာင္းဦး၊ ျမင္းမူ၊ အရာေတာ္၊ ဝက္လက္၊ ေ႐ႊဘို စတဲ့ ေနရာေတြမွာ ေဒသခံကာကြယ္ေရးတပ္ ေတြနဲ႔စစ္ေကာင္စီတပ္ေတြအၾကားတိုက္ပြဲျဖစ္ခဲ့တာတႏွစ္ဝန္းက်င္ရွိေနပါၿပီ။ PDF ကာကြယ္ေရးတပ္ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး၊ အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီး စစ္ေကာင္စီဖက္က နယ္ေျမရွင္းလင္းေရး စစ္ဆင္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္ေနပါတယ္။

----------------------------------------

ကန့်ဘလူ ကျီစုကျေးရွာ နေအိမ်၄၀၀ကျော်မီးရှို့ခံရပြီး လူ၂၀သေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ကျီစုကျေးရွာကို ဇူလိုင် ၁၈ ရက်နေ့က စစ်ရဟတ်ယာဥ် ၅ စီးနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို၊ အဲဒီရဟတ်ယာဉ်မှာပါတဲ့ စစ်ကောင်စီတပ်သားတချို့က ကျေးရွာထဲ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ရွာသား ၂၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရပြီး၊ ရွာသား ၅၀ ကျော် ပျောက်ဆုံးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန် သတင်းပေးပို့ထားတာကို မခင်ဖြူထွေးပြောပြပါမယ်။


ကန့်ဘလူမြို့နယ်ထဲက ကျီစုကျေးရွာအပါအဝင် ကျေးရွာအတော်များများကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၁၈ ရက် မနက်ပိုင်းက ရဟတ်ယာဉ်တွေနဲ့ လာရောက် တိုက်ခိုက်ခဲ့သလို၊ စစ်ကောင်စီတပ်တွေက ရွာထဲ ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ ရွာသားအများအပြားကို ဖမ်းဆီးမှုတွေ လုပ်ခဲ့တဲ့အကြောင်း ကျီစုကျေးရွာက ရပ်မိရပ်ဖတဦးက ဗွီအိုအေကို ပြောပါတယ်။

“၁၈ ရက်နေ့က လေယာဉ်နဲ့ ကျဲတယ်။ လေယာဉ် ၅ စီးလာတယ်။ လေယာဉ်နဲ့ အယင် ကျဲပြီးတော့မှ လေယာဉ်ပေါ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ လက်နက်ကြီးတွေနဲ့ပစ်ပြီးတော့ လေယာဉ် ၃ စီးက အောက်ဆင်းပြီး ရွာထောင် ၃ ထောင့်ကို(စကစတပ်သားတွေ) ချပြီးတော့မှ စစ်သားတွေက အောက်ကနေ ကျွန်တော်တို့ ရွာရဲ့ တောင်ဖက်က တပ်တွေပေါ့ အင်အား ၁၀၀ လောက်ရှိတယ်၊ မြောက်ဖက်က တပ်ကလည်း ၁၀၀ လောက်ရှိတယ် တပ်ထိုင်ထားတာလေ။ အဲ့မှာ ကျွန်တော်တို့ကို လေယာဉ်နဲ့ ပစ်တော့ ထွက်ပြေးကြတော့ ထွက်ပြေးပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ အဲ့မှာ လူ ၄၀၊ ၅၀ လောက် အဖမ်းခံလိုက်ရတယ်။ အဲ့ လူ ၄၀၊ ၅၀ လောက်ကို ဘုန်းကြီးကျောင်းထဲမှာ ထားတယ်။ ပြီးရင်တော့ သူတို့ကို ပြန်လွတ်လိုက်တယ်။”

သူအပါအဝင် တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားရတဲ့ ရွာသားတွေဟာ ဒီမနက်ပိုင်းလောက်မှာ ရွာကို ပြန်ဝင်ကြပြီး မီးလောင်နေတဲ့အိမ်တွေကို မီးငြိမ်းသတ်ပြီး ရှင်းလင်းမှုတွေ လုပ်ကြရတယ်လို့ဆိုပါတယ်။ မီးရှို့ခံထားရတဲ့ အိမ်တွေထဲမှာ ကြိုးတုတ်ပြီး သတ်ခံထားရတဲ့ မီးလောင်နေတဲ့ အလောင်းတွေကို တွေ့ရပြီး လက်ရှိအချိန်ထိ အလောင်း ၂၀ ကျော် တွေ့ရပြီလို့ ကျေးရွာက ရပ်မိရပ်ဖတစ်ဦးက VOA ကို ခုလိုပြောပါတယ်။

“ကျွန်တော်တို့ အခု ပြာပုံတွေထဲ ရွာထဲတွေမှာ လျှောက်ရှာတော့ အခုတော့ ၂၀ ခန့်လောက်တော့ ကျွန်တော်တို့ တွေ့ပြီပေါ့နှော်အလောင်း။ အလောင်းတွေက ကြိုးတွေနဲ့ တုတ်ပြီးတော့မှ မီးလောင်ထားတော့ ရုပ်တွေက ဘယ်သူမှန်းမသိကြတော့ဘူး။ ဝမ်းလျားတွေမှောက်ပြီးတော့ပေါ့။ ပြီးတော့ စိတ်မနှံတဲ့သူ ၂ ယောက်ရောပေါ့။ စိတ်မနှံသူတစ်ယောက်ကိုက ကြိုးနဲ့တုတ်ပြီးတော့မှ ပစ်သတ်ထားခဲ့တယ်။ နောက်တစ်ယောက်ကိုတော့ အလွတ်ပစ်သတ်ထားခဲ့တယ် ရွာရဲ့ နောက်ထိပ်မှာ။ အခုလောလောဆယ် ပျောက်နေတဲ့သူက ၅၀ ကျော်တယ်၊ ဘယ်လိုမှ သတင်းမရတဲ့သူက။ အလောင်းတွေ့တာက ၂၀ ကျော်နေပြီ။”

အိမ်ခြေ ၈၅၀ ရှိတဲ့ ကျီစုကျေးရွာမှာ လက်ရှိ ဒေသခံတွေ စာရင်းကောက်ပြီးသလောက်ကတော့ အိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင်သွားပြီလို့ ဆိုပါတယ်။ မီးလောင်တဲ့အိမ်အရေအတွက်က ဒီထက် ပိုများနိုင်ပေမယ့် ရွာရဲ့ အခြေအနေအရ စာရင်းအတိအကျ မရနိုင်သေးတာကြောင့်လို့ ပြောပါတယ်။

“အိမ်တွေကလည်းကျွန်တော်တို့ စာရင်းကို ရသလောက်တော့ ကျွန်တော်တို့ ယူနေကြတယ်ပေါ့ အခု။ မီးလောင်သွားတာက အိမ်ခြေ ၄၀၀ ဝန်းကျင်လောက် မီးရှို့လိုက်ပြီ။ ၁၈ ရက်နေ့ ၁၁ နာရီကနေ စရှို့တာက နောက် ၁၉ ရက်နေ့ထပ်ရှို့တယ်။ ကျွန်တော်တို့ အစ္စလမ်ဘာသာဝင်တွေရဲ့ အိမ်ကို ရွေးပြီးတော့ ရှို့တယ် အဲ့ဒီနေ့က။ အခုလဲ အဲ့လို ရွေးရှို့ထားတာ။ ဗလီကျောင်းတွေက ဗလီကျောင်း ၂ ကျောင်းရှိတာပေါ့၊ အဲ့ဗလီကျောင်း ၂ ကျောင်းကို သေနတ်တွေနဲ့ ပစ်တယ်။ မှန်တွေကွဲတယ်။ ကျွန်တော်တို့ အနောက်ဗလီက ကားဂိုတောင်ကို မီးရှို့သွားတယ်။ နည်းနည်းရှပ်သွားတယ်ပေါ့ ဗလီကိုလည်းနည်းနည်းရှပ်သွားတယ်။ မနက်အထိပေါ့ မနက် ၉ နာရီ ၁၀ နာရီအထိကို မီးရှို့ခံရတယ်။ (မီးရှို့ခံရတဲ့အိမ်က) များနိုင်တယ်၊ အစ္စလမ်ဘာသာဝင်အိမ်က နည်းနည်းပဲ ကျန်တာ။ အစွန်အဖျားလေးလောက်ပဲ ကျန်တယ်။”

စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမီးရှို့မှုကောင့် ကျီစုကျေးရွာသား ၄၀၀၀ လောက်ဟာ လက်ရှိမှာ လယ်ကွင်းလိုနေရာတွေမှာ စစ်ရှောင်နေကြရတာကြောင့် နေထိုင်ရေး စားသောက်ရေးနဲ့ ဆေးဝါးအတွက်ပါ အကူအညီလိုအပ်ပြီး အခက်အခဲတွေ ရှိနေကြတယ်လို့ ကျေးရွာ ရပ်မိရပ်ဖက ပြောပါတယ်။ ကျီစုကျေးရွာနဲ့ တစ်မိုင်လောက်ကွာဝေးတဲ့ အောင်သာယာရွာအနီးမှာ စစ်ကောင်စီတပ်စခန်းချထားသလို ကျီစုရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကာဘိုးမှာလည်း စစ်တပ်စခန်းရှိတာကြောင့် ရွာသားတွေအနေနဲ့ စားရေးရိက္ခာအတွက် သွားလာဖို့ အဆင်မပြေဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကျီစုကျေးရွာသားယောကျ်ားတွေ ကာဘိုးရွာဖက်ကိုသွားရင် ဖမ်းဆီးခံရတာတွေဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကျီစုကျေးရွာရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က တစုံတရာ ထုတ်ပြန်တာမျိုးမရှိသလို စစ်ကောင်စီပြောခွင့်ရကိုလည်း ဆက်သွယ်လို့ မရပါဘူး။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ တိုင်းစစ်ဌာနချုပ်ထိုင်ရာ မုံရွာမြို့ ပတ်ပတ်လည်ဖြစ်တဲ့ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်၊ ရွှေဘို စတဲ့ နေရာတွေမှာ ဒေသခံကာကွယ်ရေးတပ် တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲဖြစ်ခဲ့တာတနှစ်ဝန်းကျင်ရှိနေပါပြီ။ PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး၊ အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး စစ်ကောင်စီဖက်က နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG