သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ လူပေါင်း ၄ သိန်းကေ ျာ် စာနာမှု အကူအညီ လိုအပ်


ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်း
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်း

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လူမှုအဝန်းအဝိုင်းနှစ်ခုအကြား ရုန်းရင်းဆန်ခတ် အခြေအနေတွေဖြစ်ခဲ့တာ သုံးနှစ်ကြာလာပြီးတဲ့ နောက် လူပေါင်း ၄၁၆,၀၀၀ ကျော် ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်ပြီး လိုအပ်နေတုန်းပဲလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုရုံး (UNOCHA) က ပြောလိုက်ပါတယ်။

အဲဒီထဲမှာ ဒုက္ခသည်စခန်းတွေထဲ ဆိုးရွားတဲ့အခြေအနေအောက်မှာ နေထိုင်နေရတဲ့ လူပေါင်း ၁၄၀,၀၀၀ နီးပါးနဲ့ သီးခြားရွာလေး တွေမှာ နိုင်ငံသား မဟုတ် ဘဲ နေထိုင်နေကြ ရသူ အများအပြားပါတယ်လို့ သောကြာနေ့က နယူးယောက်မှာ လုပ်တဲ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း UNOCHA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပြောခွင့်ရ Stephane Dujarric ကပြောသွားပါတယ်။

ရခိုင်ပြည်နယ်က အိုးအိမ်စွန့် ထွက်ပြေးရသူတွေနဲ့ အကာအကွယ်မဲ့နေသူတွေ အတွက် သင့်တင့်လျောက်ပတ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အသက်မွေး ဝမ်းကျောင်းမှု တို့ဟာ အဓိက စိုးရိမ်ဖွယ်တခုအဖြစ် ဆက်ရှိနေတုန်းပဲလို့ ကုလသမဂ္ဂက ပြောပါ တယ်။

ရခိုင်ပြည်နယ်က ထောင်ပေါင်းများစွာသော လူတွေရဲ့ လွတ်လပ်စွာ သွားလာခွင့် အပေါ် ကန့်သတ်ထားတာကြောင့် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ တခြားအခြေခံလိုအပ်ချက်တွေ ဆိုးဆိုးရွားရွား ထိခိုက်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေါ်မှာပဲ မှီခိုအားထားနေကြရတယ်လို့ ဆိုပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးရသူ လူပေါင်း ၄၀,၀၀၀ လောက်ထိဟာ ကမ်းရိုးတန်းနဲ့ မီတာ ၅၀၀ လောက်အတွင်းမှာရှိတဲ့ စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မုတ်သုံရာသီဝင်လာတော့မှာ ဖြစ်တာနဲ့အတူ ကမ်းရိုးတန်းတလျှောက် ရာသီဥတုအခြေအနေ ဆိုးရွားလာဖွယ်ရှိတယ်လို့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG