သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားတိုက်ခိုက်မှု လူအသေပျောက်များ


ထရီပိုလီလေဆိပ်အနီး တိုက်ခိုက်ခံရပြီး ပျက်စီးသွားတြံ အဆောက်အဦး။ (ဂျူလိုင် ၂၆၊ ၂၀၁၄)
ထရီပိုလီလေဆိပ်အနီး တိုက်ခိုက်ခံရပြီး ပျက်စီးသွားတြံ အဆောက်အဦး။ (ဂျူလိုင် ၂၆၊ ၂၀၁၄)

Libya နိုင်ငံံ အရှေ့ပိုင်းက Benghazi မြို့မှာ စနေ့နဲ့ တနင်္ဂနွေနေ့တွေက အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် Islam စစ်သွေးကြွတွေအကြား တိုက်ပွဲတွေဖြစ်ပွားပြီး လူ ၃၈ ဦးမက သေဆုံးသွားရပါတယ်။

ထရီပိုလီမြို့်တော်မှာလည်း မတည့်ကြတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ လေဆိပ်နားက နေအိမ်တအိမ် ဒုံးကျည်ထိမှန်ပြီး အီဂျစ်နွယ်ဖွား၂၃ ဦးသေဆုံးသွားရတယ်လို့ အီဂျစ်အစိုးရ သတင်းဌာနက ပြောပါတယ်။ Libya နိုင်ငံံမှာ ခေါင်းဆောင် Moammar Gadhafi ရာထူးကဖြုတ်ချခံရတဲ့ ၂၀၁၁ စစ်ပွဲကတည်းက စပြီး အခုဆိုရင် အကြမ်းဖက်တိုက်ခိုက်မှုတွေ အဆိုးဆုံး အခြေအနေကို ရောက်နေပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ နဲ့ တူရကီနိုင်ငံတို့က သူတို့ရဲ့ ဝန်ထမ်းတွေကို Libya နိုင်ငံကနေ ရွှေ့ပြောင်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဓနသဟာယရုံးတို့က သူတို့နိုင်ငံသားတွေ Libya နိုင်ငံကနေ ချက်ချင်းထွက်ခွာကြဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG