သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား အာချေးပြည်နယ်ကို တပတ်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၈၀၀ ကျော် ရောက်ရှိ


အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော်နဲ့ ပြည့်နေတဲ့ စက်လှေသုံးစင်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ဆုံး ပြည်နယ်မှာ တနင်္ဂနွေနေ့ ဒီကနေ့မှာ ဆိုက်ရောက်လာခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။

ရိုဟင်ဂျာ ၂၅၆ ဦးလိုက်ပါလာတဲ့ စက်လှေတစင်းကတော့ အာချေးပြည်နယ် Bireuen ခရိုင်ကိုဆိုက်ရောက်လာခဲ့ပြီး Pidie ဒေသကို ဆိုက်ရောက်ခဲ့တဲ့ နောက်ထပ်စက်လှေတစင်းမှာတော့ အနည်းဆုံးလူပေါင်း ၂၃၉ဦးပါဝင်ပြီး၊ အရှေ့အာချေးမြို့ကို ရောက်လာတဲ့ စက်လှေထဲမှာတော့ ရိုဟင်ဂျာ ၃၆ ဦးတွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ တာဝန်ရှိသူ Faisal Rahman က ဒီကနေ့ ပြောပါတယ်။

Bireuen ခရိုင်ကို ရောက်လာတဲ့ စက်လှေပေါ်မှာပါလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၅၆ ဦးမှာ အမျိုးသမီးအရေအတွက် ၁၁၀ နဲ့ ကလေးအရေအတွက် ၆၀ ပါဝင်ကြောင်း Faisal Rahman က ဆိုပါတယ်။ အဲဒီစက်လှေက ကြာသပတေးနေ့က အင်ဒိုနီးရှားဒေသခံတွေ လက်မခံဘဲ၊ ပင်လယ်ထဲ ပြန်မောင်းထုတ်ခဲ့တဲ့ စက်လှေဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းမှာ ရက်အတန်ကြာ သောင်တင်နေခဲ့ပြီးနောက် Bireuen ခရိုင်ဘက်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အာချေးပြည်နယ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကရောက်ရှိလာတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၉၆ ဦး၊ ဗုဒ္ဓဟူးနေ့က ၁၄၇ ဦးအပါအဝင် ဒီကနေ့ရောက်လာတဲ့ ၅၀၀ ကျော်နဲ့ စုစုပေါင်း ၈၀၀ ကျော်ရှိနေပြီးဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG