သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ ၆၀ လောက်ပျောက်နေတဲ့ တရုတ်မြေပြိုမှု


တရုတ်နိုင်ငံတောင်ပိုင်းက စက်မှုဇုန်မှာ အကြီးအကျယ် မြေပြို
တရုတ်နိုင်ငံတောင်ပိုင်းက စက်မှုဇုန်မှာ အကြီးအကျယ် မြေပြို

တရုတ်နိုင်ငံတောင်ပိုင်းက စက်မှုဇုန်မှာ အကြီးအကျယ် မြေပြိုကျပြီး အလုပ်သမားတွေနေထိုင်ရာ အဆောင် ၂ ခုအပါအဝင် အဆောက်အအုံပေါင်း ၂၂ လုံးမြေမြုပ်သွားခဲ့ပြီးတဲ့နောက် လူပေါင်း ၅၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တရုတ်အစိုးရပိုင်သတင်းက ဖော်ပြထားပါတယ်။

အပျက်အစီးတွေကြားကနေ လူ ၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီထဲက ၃ ယောက်မှာ မပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂွမ်းဒေါင်းပြည်နယ်အတွင်းက ရှန်ဇန်း ဒေသမှာ တနင်္ဂနွေနေ့မနက်ပိုင်းက မြေပြိုကျခဲ့ပြီး အဲဒီအရပ်မှာ ရွှံ့ပြင်ကြီးဖုံးလွှမ်းသွားခဲ့သလို အဲဒီနားက ဓာတ်ငွေ့ပိုက်လိုင်းတခု ပေါက်ကွဲသွားခဲ့ကြောင်း ရှင်ဟွာသတင်းဌာနက ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေး အလုပ်သမားပေါင်း ၁၅၀၀ ကို စေလွှတ်ထားပါတယ်။ အခုလို မြေပြိုမှုမဖြစ်ခင် လူပေါင်း ၉၀၀ လောက်ကို နေရာရွှေ့ပြောင်းပေးခဲ့တာပါ။ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ ဝန်ကြီးချုပ် လီ ကီကျင်း တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အရာရှိတွေစေလွှတ်ဖို့ ဗဟိုအာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။

ဘာကြောင့် အခုလို မြေပြိုကျခဲ့ရသလဲဆိုတာ သဲသဲကွဲကွဲမသိရသေးပေမယ့် အဲဒီအရပ်ဒေသမှာ မကြာသေးခင်နှစ်တွေအတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေ အတော်များများ လုပ်ခဲ့ပါတယ်။

XS
SM
MD
LG