သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း အစိုးရဆန့်ကျင်သူ ခုနစ်ယောက်ထက်မနည်း သေနတ် ဒဏ်ရာရ


ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် Suthep Thaugsuban ထိုင်းကလေးများနေ့အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေစဉ်။(ဇန်နဝါရီ ၁၁၊ ၂၀၁၄)
ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် Suthep Thaugsuban ထိုင်းကလေးများနေ့အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေစဉ်။(ဇန်နဝါရီ ၁၁၊ ၂၀၁၄)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူတွေကို တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခံခဲ့ရပြီး ဆန္ဒပြသူ အမျိုးသား ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စနေနေ့ မနက် စောစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ နောက်နာရီ အတန်ကြာမှာ ဖြစ်ပွားခဲ့တဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှု အတွင်းမှာ နောက်ထပ် လူ ၅ ဦး ဒဏ်ရာရရှိ သွားခဲ့တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ဒဏ်ရာရရှိသွားသူတွေထဲက အနည်းဆုံးတယောက်ဟာ ဆန္ဒပြသူတွေကို လုံခြုံရေး အစောင့်ရှောက်လုပ်ပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြခေါင်းဆောင် အရင်က ဒုတိယ ဝန်ကြီးချုပ် ဆူထေ့ပ် သောင်ဆူဘန် ဟာ တနင်္လာနေ့မှာ အစိုးရယန္တရားကို ရပ်ဆိုင်းသွားစေရမယ် ဆိုပြီးတော့ ရည်ရွယ်ပြီး လူထုလှုပ်ရှားမှုကြီးကို ပြုလုပ်နေတာပါ။

ဆန္ဒပြသူတွေက မြို့တော်ရဲ့ အဓိကကျတဲ့ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ပစ်ပြီး အစိုးရရုံးတွေ အလုပ် မလုပ်နိုင်အောင် လုပ်ပစ်ဖို့ ရည်ရွယ်ထား ပါတယ်။

ဝန်ကြီးချုပ် ရင်းလပ်ရှင်နာဝပ်ကတော့ ပါလီမန်ကို ဖျက်သိမ်းခဲ့ပြီး ရွေးကောက်ပွဲကို အစောဆုံးပြန်ပြီး ကျင်းပပေးမယ်၊ လအတန်ကြာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းပေးဖို့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်တခုဖွဲ့ဖို့ အဆိုပြု ထားပါတယ်။

အတိုက်အခံတွေကတော့ ဒီလောက်နဲ့မလုံလောက်ဘူး၊ ဖေဖော်ဝါရီလ ၂ ရက် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမတိုင်ခင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲလုပ်ရင် အာဏာရပါတီပဲ ဆက်ပြီးတော့ အနိုင် ရသွား နိုင်ခြေရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
XS
SM
MD
LG