သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်ကျော်သက် လူမည်း ပစ်သတ်ခံရမှု အဓိကရုဏ်း ဆက်ဖြစ်


မစ်ဇူရီ (Missouri) ပြည်နယ်၊ စိန့်လူးဝစ် (St.Louis) မြို့က မှာ အာဏာပိုင်နဲ့ ဒေသခံကြား တင်းမာမှုဖြစ်ပွား။
မစ်ဇူရီ (Missouri) ပြည်နယ်၊ စိန့်လူးဝစ် (St.Louis) မြို့က မှာ အာဏာပိုင်နဲ့ ဒေသခံကြား တင်းမာမှုဖြစ်ပွား။

အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်း ပြည်နယ် တစ်ခုဖြစ်တဲ့ မစ်ဇူရီ (Missouri) ပြည်နယ်၊ စိန့်လူးဝစ် (St.Louis) မြို့မှာ လက်နက်မဲ့ ဆယ်ကျော်သက် လူမည်း တစ်ယောက်ကို ရဲ အရာရှိ တစ်ယောက် က ပစ်သတ်လိုက်တဲ့ အတွက် ဒေသခံတွေ နဲ့ ရဲတပ်ဖွဲ့ အကြား တင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။ လူမည်း အများစု နေထိုင်တဲ့ ဖာဂူဆန် ဆိုတဲ့ ရပ်ကွက်မှာ လေးရက်မြောက်အဖြစ် ဆန္ဒပြ ခဲ့ကြရမှာ အဓိကရုဏ်းထိန်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေ သုံးခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ စနေနေ့ က အသက် ၁၈ အရွယ် မိုက်ကယ် ဘရောင်း (Michael Brown) ဆိုတဲ့ လူငယ် သေဆုံးပြီးကတည်းက ဒီ လူ ၂ သောင်းကျော် ရှိတဲ့ ရပ်ကွက်ဟာ ဒေါသထွက်နေကြတာပါ။ ဘရောင်းဟာ ရဲ အရာရှိနဲ့ ကားထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ် ပြီး သေဆုံးသွားတာပါလို့ ဖာဂူဆန် ရဲတာဝန်ရှိသူတွေ က ပြောပါတယ်။ ဒါပေမဲ့ မျက်မြင်သက်သေ တွေကတော့ ဒီ ဆယ်ကျော်သက် လူငယ် နဲ့ သူ့သူငယ်ချင်း စတိုးဆိုင်ထဲက ထွက်လာပြီး လက်မြှောက်ထားတဲ့ အချိန်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံလိုက်ရတာလို့ ပြောပါတယ်။

တချို့ ဆန္ဒပြသူတွေဟာ ဆန္ဒပြရုံသာမကပဲ ဆိုင်တွေကို ဖျက်ဆီး၊ လုယက်ကြတဲ့ အကြမ်းဖက် အဆင့်ကို ရောက်လာကြပါတယ်။ အဲဒီ အတွက် ရဲတပ်ဖွဲ့ကလည်း လက်နက် အပြည့်အစုံတပ်ဆင်ထားပြီး စစ်တပ်ပုံစံ ယာဉ်တန်းတွေ ရပ်ကွက်ထဲမှာ ချထားတဲ့ အတွက် ဒေသခံတွေ နဲ့ ဖာဂူဆန် လူဖြူ နိုင်ငံရေး ခေါင်းဆောင်တွေ အကြား အခြေအနေတွေကို ပိုဆိုးလာစေခဲ့ပါတယ်။

အခုလို မငြိမ်သက်မှုတွေ ဖြစ်နေတဲ့ အတွက် ကျောင်းဖွင့်ရက်ကို ဒီကနေ့ ကြာသပတေးကနေ့ နောက်အပတ် တနင်္လာနေ့ကို ဖာဂူဆန် ကျောင်းတာဝန်ရှိသူတွေက ပြောင်းရွှေ့ထားရပါတယ်။

XS
SM
MD
LG