အီဂျစ်နိုင်ငံမှာ ရာထူးကနေ ဖယ်ရှားခံရတဲ့ သမ္မတ Mohamed Morsi ကို ထောက်ခံသူတွေနဲ့ အစိုးရတပ်တွေကြား Cairo မြို့တော်မှာ
ပဋိပက္ခဖြစ်ပွားခဲ့ပြီး သေနတ်နဲ့ပြစ်ခတ်မှုတွေရှိတယ်လို့ သတင်းတွေ
ထွက်ပေါ်နေပါတယ်၊ အီဂျစ်နိုင်ငံ တခြားနေရာတွေမှာလဲ ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေက ပြောပါတယ်။
သွေးထွက်သံယို ပဋိပက္ခတွေမှာ အသေ အပျောက်တွေ ရှိတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှိရာကို ချီတက်သွားဖို့ ကြိုးစားကြတဲ့ မော်စီကို ထောက်ခံသူတွေအပေါ် စစ်သားတွေက သေနတ်နဲ့ ပစ်တာကို တွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ သွေးတွေလူးနေတဲ့ အလောင်းတွေ မြေပေါ်မှာ လဲနေတာတွေ့ရတယ်လို့ ဆိုပါတယ်။
Nasr မြို့က Rabea Al-Adaweya ဗလီရှေ့မှာ မော်စီကိုထောက်ခံသူ ထောင်ချီ စုဝေးခဲ့ကြပြီး စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်၊ မော်စီကို အသက်ပေးပြီး ထောက်ခံသွားမယ်လို့ လဲ သစ္စာပြုခဲ့ကြပါတယ်။
လူထုဆန္ဒပြပွဲတွေဖြစ်ပြီး ရက်ပိုင်းအကြာမှာ စစ်တပ်ကနေ
သမ္မတမော်စီကို ဗုဒ္ဓဟူးနေ့က ရာထူးကနေဖယ်ရှားခဲ့ပြီးတဲ့နောက် တရားသူကြီးချုပ် Adly Mansour ယာယီသမ္မတအဖြစ် ကြာသပတေးနေ့က ကျန်းကျိန်ခဲ့ပါတယ်၊ ခုလို လုပ်တာကို Muslim Brotherhood က လက်မခံဘဲ စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်တာပဲလို့ ပြောပါတယ်။
သမ္မတမောစီကို စစ်တပ်က ဖယ်ရှားခဲ့တဲ့အတွက် AU အာဖရိက သမဂ္ဂက အီဂျစ်ကို အဖွဲ့ဝင်အဖြစ်ကနေ ယာယီထုတ်ပယ်လိုက်ပါတယ်။ အီသီယိုပီးယား
နိုင်ငံမှာ AU ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီဆွေးနွေးပွဲမှာ ဒီကနေ့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်ခံထားရတဲ့ အီဂျစ်သမ္မတကို ဖယ်ရှားတဲ့ အတွက်ခုလို တုံ့ပြန်တာဖြစ်တယ်လို့ အာဖရိကသမဂ္ဂရဲ့ Twitter လူမှုကွန်ယက်ပေါ်မှာဖော်ပြပါတယ်၊ ဖွဲ့စည်းပုံဥပဒေနဲ့အညီ အီဂျစ်နိုင်ငံ
ပြန်ဖြစ်အောင်ဆောင်ရွက်ရေးအတွက် အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်တဲ့ အာဖရိကသမဂ္ဂက ကိုယ်စားလှယ်တဖွဲ့စေလွှတ်မယ်လို့ လဲ ပြောပါတယ်။