သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် လူ ၇ ဦးသေဆုံး


အီဂျစ်နိုင်ငံမှာ ရာထူးက ဖြုတ်ချခံရတဲ့ သမ္မတ မော်စီ (Morsi) ကို ထောက်ခံသူတွေက သူ့ကို အာဏာပြန်အပ်ဖို့ ဆက်တောင်းဆိုနေကြချိန်မှာ သမ္မတကို ထောက်ခံသူတွေနဲ့ အီဂျစ်စစ်တပ်ကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးသူ ၇ ယောက်နဲ့ ဒဏ်ရာရသူပေါင်း ၂၆၁ ယောက်လောက်ရှိပြီလို့ အီဂျစ် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

လူစုလူဝေးနဲ့ ဆန္ဒပြမှုတွေကြောင့် သမ္မတဟောင်း မော်စီကို စစ်တပ်က ရာထူးကဖယ်ရှားပြီး သီတင်း ၂ ပတ်လောက်အကြာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုင်ရိုမြို့လယ်ခေါင် Ramses ရင်ပြင်မှာ လူ ၄၀၀ ကျော်ကို တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။

တိုက်ခိုက်မှုတွေဟာ ကိုင်ရိုမြို့ တခြားနေရာတွေမှာလည်း ဆက်ဖြစ်ပွားနေခဲ့ပါတယ်။ အင်္ဂါနေ့ကတော့ အီဂျစ်ယာယီသမ္မတရဲ့ ပြောခွင့်ရသူက မော်စီရဲ့ မူဆလင် ညီအကိုတော်များအဖွဲ့ အပါအ၀င် အစ္စလာမ်မစ် လှုပ်ရှားသူတွေကို အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းမှာ ပါဝင်ကြဖို့ မျှော်လင့်တယ်လို့ ပြောဆိုပါတယ်။

ဝန်ကြီးအဖွဲ့ထဲမှာ မူဆလင်ညီအကိုတော်များအဖွဲ့ရော ရှေးရိုးစွဲဝါဒီ Nour ပါတီကိုရော ပါဝင်ကြဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း သူက ပြောဆိုပါတယ်။ ဒါပေမဲ့ ၀ါရင့် မူဆလင် ညီအကိုတော်များအဖွဲ့ တာဝန်ရှိသူတဦးကို ကိုးကားတဲ့ ရိုက်တာသတင်းမှာတော့ ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် Hazem el Beblawi က အသွင်ကူးပြောင်းရေး ၀န်ကြီးအဖွဲ့အတွက် ဘယ်ရာထူးကိုမှ ကမ်းလှမ်းတာမျိုး မရှိဘဲ တကယ်လို့ ကမ်းလှမ်းခဲ့ရင်လည်း သူတို့အဖွဲ့က ပယ်ချမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
XS
SM
MD
LG