သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကိုလေဆိပ်ဗုံးပေါက်ကွဲ၊ လူ ၃၀ ကျော် သေ

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် Domodedovo လေဆိပ်မှာ အသေခံ ဗုံးဖောက်ခွဲမှုတခုကြောင့် လူ ၃၁ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ရုရှားသမ္မတက ပြောလိုက်ပါတယ်။

မော်စကိုမြို့ရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တခုမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် တခြားလူ အယောက် ၁၃၀ ထက်မနည်းလည်း ဒဏ်ရာရသွားတယ်လို့ ရုရှားနိုင်ငံ၊ စုံစမ်းစစ်ဆေးရေးကော်မတီက ပြောကြောင်း Interfax သတင်းဌာနက ပြောပါတယ်။

ပေါက်ကွဲမှုဟာ လေဆိပ်ထဲက အပြည်ပြည်ဆိုင်ရာ ခရီးသည်တွေ ဆိုက်ရောက်ရာ နေရာမှာ ဖြစ်ခဲ့တာပါ။

This item is part of
XS
SM
MD
LG