သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကို ကပွဲရုံတိုက်ခိုက်ခံရမှု ၁၁၀ ထက်မနည်းသေဆုံး


မော်စကို ကပွဲရုံတိုက်ခိုက်ခံရမှု
မော်စကို ကပွဲရုံတိုက်ခိုက်ခံရမှု

ရုရှားနိုင်ငံ မော်စကိုမြို့တော်က ကပွဲရုံထဲမှာ လူပေါင်း ၁၁၀ ထက်မနည်း သေဆုံးခဲ့တဲ့ ပစ်ခတ်မှုမှာ ကိုယ်တိုင်ပါဝင်သူ ၄ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သမ္မတ Vladimir Putin က ပြောကြားလိုက်ပါတယ်။ ယူကရိန်းဘက်ကို ထွက်ပြေးဖို့ ပုန်းခိုနေစဉ် ဖမ်းမိခဲ့တာဖြစ်တယ်လို့ သမ္မတ Putin က ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားခဲ့တာပါ။

ကနဦးစုံစမ်းမှုတွေအရ ယူကရိန်းဘက်ထဲဝင်ပြေးနိုင်အောင် နယ်စပ်မှာ ယူကရိန်းဘက်က ပြင်ဆင်ထားတယ်လို့ သိရကြောင်းနဲ့ တိုက်ခိုက်မှုမှာ ပတ်သက်နေသူ စုစုပေါင်း ၁၁ ယောက်ကို ဖမ်းမိထားကြောင်း ရုရှားသမ္မတက ပြောကြားခဲ့ပါတယ်။

သောကြာနေ့ ညပိုင်းက ကဇတ်ရုံထဲမှာ ဂီတဖျော်ဖြေပွဲကြည့်ဖို့ ရောက်နေသူတွေကို သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၁၅ ယောက်ရှိသွားပြီလို့ ရုရှားတာဝန်ရှိသူတွေက ဒီနေ့ အစောပိုင်းက အတည်ပြုပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ယူကရိန်းကို စွပ်စွဲတာဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ယူကရိန်းဘက်က တုံ့ပြန်ထားပါတယ်။ IS စစ်သွေးကြွအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

မော်စကိုမြို့ မြောက်ဘက် ကရာစနော်ဂွက်စ်ခ် Krasnogorsk ရပ်ကွက်မှာရှိတဲ့ Crocus City Hall ဇာတ်ရုံထဲမှာ သောကြာနေ့ ညနေက နာမည်ကြီး ရော့ခ်ဂီတအဖွဲ့တခုရဲ့ ဖျော်ဖြေပွဲ မစခင် လူတွေ အပြည့်ရှိနေတဲ့အချိန် သေနတ်သမားတွေ ဝင်လာပြီး ပစ်ခတ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ မော်စကိုမြို့တော်မှာ ဆယ်စုနှစ်တခု အတွင်း အသေအပျောက် အများဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။

Forum

XS
SM
MD
LG