သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဝန်ကြီးချုပ် ဆန့်ကျင်သူ ထောင်ပေါင်းများစွာ မော်စကိုမှာ ဆန္ဒပြ

ရုရှားဝန်ကြီးချုပ် ဆန့်ကျင်သူ ထောင်ပေါင်းများစွာ မော်စကိုမှာ ဆန္ဒပြ
ရုရှားဝန်ကြီးချုပ် ဆန့်ကျင်သူ ထောင်ပေါင်းများစွာ မော်စကိုမှာ ဆန္ဒပြ

ဒီသီတင်းပတ်အကုန်မှာ ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Vladimir Putin) သမ္မတ ဖြစ်လာနိုင်ဖွယ် ရှိနေတာကို ကန့်ကွက်ဆန္ဒပြကြတဲ့ မော်စကိုမြို့လယ်က ထောင်ပေါင်းများစွာသော ဆန္ဒပြလူထုဟာ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ်ပြီး ချိန်းကြိုးတွေ ဆက်ထားသလို ဆန္ဒပြခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က ၁၆ ကီလိုမီတာ လောက်ရှိတဲ့ Moscow Garden Ring လမ်းမတလျှောက် ဆန္ဒပြသူတွေဟာ အဲဒီလို လက်တွေကို ချိတ်ပြီး ဘေးချင်းယှဉ်ရပ် ဆန္ဒပြခဲ့ကြတာပါ။ ဆိုဗီယက်ပြည်ထောင်စု ပျက်ဆီးခဲ့ချိန်ကစလို့ အကြီးမားဆုံး အတိုက်အခံ ဆန္ဒပြ ဖော်ထုတ်မှု သင်္ကေတဖြစ်တဲ့ အဖြူရောင် ဖဲကြိုးတွေကိုလည်း ဆန္ဒပြသူ အများစုက ဝတ်ဆင်ထားကြပါတယ်။

မစ္စတာ ပူတင်ဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ သမ္မတ တာဝန်ယူပြီးတဲ့နောက်ပိုင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ အခုတခါ လက်ရှိ သမ္မတ ဒီမစ်ထရီ မက်ဗီးယဲ့ဒက်ဖ် (Dmitry Medvedev) နဲ့ နေရာချင်း ဖလှယ်ဖို့အတွက် မတ်လ ၄ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သူ ပါဝင် အရွေးခံဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလက ကြေညာခဲ့တာဖြစ်ပါတယ်။

Garden Ring လမ်းမကြီးဟာ ပြီးခဲ့တဲ့နှစ်ပတ် တနင်္ဂနွေနေ့တွေ ကလည်း ရာနဲ့ချီ ပြည်သူတွေ အဖြူရောင် ဖဲကြိုးတွေနဲ့ ဘောလုံးတွေနဲ့ အလှဆင်ထားတဲ့ ကားတွေမောင်းပြီး ဆန္ဒပြမှုတွေလုပ်ခဲ့တဲ့ နေရာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG