သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးဖမ်းပိုက် ဖြစ်သွားရှာတဲ့ ဆေးခြင်ထောင်


 ဆေးခြင်ထောင် ကို ငါးဖမ်းပိုက်အဖြစ် အသုံးပြုနေ
ဆေးခြင်ထောင် ကို ငါးဖမ်းပိုက်အဖြစ် အသုံးပြုနေ

ငှက်ဖျားရောဂါဖြစ်စေတဲ့ ခြင်အန္တရာယ်ကနေကာကွယ်ဖို့ အသုံးပြုတဲ့ ခြင်ထောင်တွေကို အပူပိုင်းဒေသနိုင်ငံတွေမှာ ငါးဖမ်းပိုက် အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတယ်ဆိုတာ သုတေသနအသစ်တခုကနေ တွေ့လိုက်ပါတယ်။

ခြင်ထောင်တွေဟာ အသေအချာ ယက်လုပ်ထားတာကြောင့် ငါးအရွယ်အစားအမျိုးမျိုးကို မလွတ်အောင် ဖမ်းမိနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီငါးဖမ်းနည်းကြောင့် ငါးကောင်ရေ လျော့နည်း ပျောက်ကွယ်သွားမှာ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြတာပါ။

ဒါပေမယ့်လည်း ဆင်းရဲမွဲတေမှုဟာ ဒီငါးဖမ်းနည်းကို အသုံးပြုရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ သုတေသန အစီရင်ခံ စာကို ပြုစုသူတွေက ပြောပါတယ်။ ခြင်ထောင်နဲ့ ငါးဖမ်းတာကို ကန့်သတ်ဖို့ ကြိုးစားတာဟာ အသက်ရှင်သန်ဖို့သက်သက် အတွက် ရုန်းကန်နေကြသူတွေကို ထိခိုက်နိုင်ခြေရှိတယ်လို့ သတိပေးကြပါတယ်။

ပိုးသတ်ဆေးပါတဲ့ ခြင်ထောင်တွေဟာ ငှက်ဖျားရောဂါကို တားဆီးတာမှာ သိပ်ကို အောင်မြင်ခဲ့တဲ့ပစ္စည်းတွေပါ။ ဒီခြင်ထောင်တွေ ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်ခဲ့တဲ့အတွက် ငှက်ဖျားရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၀၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၅ ခုနှစ်မှာ ၆၀% ထိ လျော့နည်းသွားပါတယ်။ ငှက်ဖျားရောဂါဖြစ်တဲ့ နိုင်ငံတွေအတွက် ၂၀၁၅ ခုနှစ်အတွင်း ခြင်ထောင်အလုံးရေ သန်း ၁၅၀ ကျော်ကို ကျန်းမာရေးကဏ္ဍ တာဝန်ရှိသူတွေက ဖြန့်ဖြူးပေးခဲ့ပါတယ်။ အဲဒီခြင်ထောင်တွေကို ပုံမှန်အားဖြင့် အခမဲ့ ဒါမှမဟုတ် စရိတ်မျှပေးပြီးတော့ ဖြန့်ဝေတာပါ။

PLOS ONE ဂျာနယ်မှာဖော်ပြထားတဲ့ လေ့လာမှုအသစ်အရ ခြင်ထောင်တွေသုံးပြီး ငါးဖမ်းတာကို ဆီနီဂေါလ်နိုင်ငံကနေ ဆာမိုဝါ ကျွန်းနိုင်ငံအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာ တွေ့ရှိထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG