သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS ညီလာခံကိုယ်စားလှယ် ရာကျော် လေယာဉ်ပျက်ရာ သေဆုံး


မလေးရှား လေယာဉ်ပျက်ကျရာနေရာ။ (ဇူလိုင် ၁၈၊ ၂၀၁၄)
မလေးရှား လေယာဉ်ပျက်ကျရာနေရာ။ (ဇူလိုင် ၁၈၊ ၂၀၁၄)

ယူကရိန်းနိုင်ငံပေါ်မှာ ပျံသန်းနေတဲ့အချိန် ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်း လိုင်းက ခရီးသည် တင်လေယာဉ်ပေါ်မှာ ပါသွား တဲ့ ခရီးသည်တွေထဲ သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံကို တက်ရောက်မယ့်သူ အများအပြားပါပြီး အဲဒီထဲမှာ အထင်ရှားဆုံးကတော့ နယ်သာလန်နိုင်ငံက HIV သုတေသီ၊ နိုင်ငံတကာ AIDS အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဟောင်း Joep Lange ဖြစ်ပါတယ်။

“ပျက်ကျသွားတဲ့ MH17 မလေးရှားခရီးသည်တင်လေယာဉ်ပေါ်မှာ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာကျင်းပ မယ့် အကြိမ် ၂၀ မြောက် နိုင်ငံတကာ AIDS ညီလာခံကို တက်ရောက်မယ့် လုပ်ဖော်ကိုင်ဘက်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ ပါသွားတယ်ဆိုတာသိရတဲ့အတွက် နိုင်ငံတကာ AIDS အဖွဲ့အစည်း အနေနဲ့ အလွန်အမင်းဝမ်းနည်းရပါတယ်။ အခုလို ဝမ်းနည်း ကြေကွဲဖွယ်အချိန်မျိုးမှာ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ နိုင်ငံတကာ မိသားစုတွေနဲ့ အတူတကွ ရပ်တည်ပြီး ဒီဖြစ်ရပ်ဆိုးကြီးမှာ အသက် ဆုံးပါးသွားကြသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ဝမ်းနည်းစကားပြောကြားလိုပါတယ်။” လို့ နိုင်ငံတကာ AIDS အဖွဲ့အစည်းအရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသူ Chris Beyrer က ပြောခဲ့ပါတယ်။


သေဆုံးတဲ့ထဲမှာ ဥက္ကဋ္ဌဟောင်း Lange လည်းပါတယ်ဆိုတဲ့ သတင်းသာ မှန်ခဲ့မယ်ဆိုရင် HIV/AIDS တိုက်ဖျက်ရေး လှုပ်ရှားမှု အတွက် အရေးပါသူတဦးကို ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါလိမ့်မယ်လို့လည်း Beyrer က ပြောပါတယ်။

XS
SM
MD
LG