သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ


ကမ္ဘာမှာ အလိုအရှိဆုံး မူးယစ်ရာဇာ Guzman (လယ်) ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်စဉ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄)
ကမ္ဘာမှာ အလိုအရှိဆုံး မူးယစ်ရာဇာ Guzman (လယ်) ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်စဉ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄)
ကမ္ဘာပေါ်မှာ အလိုအရှိဆုံး မူးယစ်ဆေးဝါးရာဇာ Joaquin “El Chapo” Guzman ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက မက္ကဆီကို အပန်းဖြေမြို့ Mazatlan က ဟိုတယ်တစ်ခုမှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။

သူ့ရဲ့ Sinaloa မူးယစ်ဂိုဏ်းရဲ့ ထိပ်တန်းအဖွဲ့ဝင်နှစ်ယောက်ကို မက္ကဆီကိုရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပြီးတဲ့နောက် မူးယစ်နှိမ်နင်းရေး ထောက်လှမ်းရေးတွေက Guzman ကို သီတင်းပတ်အတော်ကြာ ခြေရာခံ လိုက်နေခဲ့တာပါ။

သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲနဲ့ ဖမ်းမိလိုက်တဲ့အချိန် မတိုင်ခင်မှာ Guzman ဟာ ပုန်းအောင်းတဲ့နေရာ အများအပြားနဲ့ တူးမြောင်း လိုဏ်ခေါင်းတွေကနေတဆင့် အဖမ်းမခံရအောင် ရှောင်နေနိုင်ခဲ့တယ်လို့ ထောက်လှမ်းရေးတွေက ယူဆပါတယ်။

မက္ကဆီကိုနယ်စပ်ကိုဖြတ်ပြီး ကိုကိန်း၊ ဆေးခြောက်နဲ့ ဘိန်းဖြူ တန်ချိန်ပေါင်း များစွာကို ခိုးသွင်းခဲ့မှုအပါအဝင် စွဲချက်အများအပြား နဲ့ Guzman ကို အမေရိကန်က အလိုရှိနေတာပါ။ သူ့ရဲ့ Sinaloa မူးယစ်ဂိုဏ်းဟာ မြောက် အမေရိကတိုက် တဝန်း ကျယ်ပြန့်တဲ့အပြင် ဥရောပနဲ့ သြစတြေးလျတိုက်တွေ အထိ ချဲ့ထွင်ထားပါတယ်။

မက္ကဆီကိုမြောက်ပိုင်းက မူးယစ်ဆေးဝါးမှောင်ခိုကူးတဲ့ လမ်းကြောင်းတွေကို အပိုင်စီးကြရင်း Sinaloa မူးယစ်ဂိုဏ်းနဲ့ တခြားမူးယစ်ဂိုဏ်းတွေအကြား သွေးချောင်းစီးလူသတ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

Guzman ကို ဖမ်းမိလိုက်တာဟာ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံသားတွေအတွက် အောင်ပွဲတစ်ခုဖြစ်တယ်လို့ အမေရိကန် ရှေ့နေ ချုပ် Eric Holder က ပြောပါတယ်။
XS
SM
MD
LG