သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul တိုက်ပွဲ တူရကီကူဖို့ အီရတ် လက်မခံ


အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ စနေနေ့က တွေ့ဆုံပြီးတဲ့နောက် အီရတ်နိုင်ငံ Mosul မြို့ကို IS အစ္စလာမ်မစ်အဖွဲ့လက်က ပြန်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းမှုမှာပါဝင်ဖို့ တူရကီရဲ့ ကမ်းလှမ်းချက်ကို အီရတ်ဝန်ကြီးချုပ် Haider al-Abadi က တရားဝင် ငြင်းဆိုလိုက်ပါတယ်။

လက်ရှိ တည်ရှိနေတဲ့ မဟာမိတ်တွေအနေနဲ့ လတ်တလော ပြုလုပ်နေတဲ့ တိုက်ပွဲတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ကြောင်း ဝန်ကြီးချုပ် Abadi က စနေနေ့မှာ ပြောပါတယ်။ တကယ်လို့ အကူအညီလိုအပ်မယ်ဆိုရင်လည်း တူရကီတင်မက တခြား ဒေသတွင်း နိုင်ငံတွေထံက အကူအညီ တောင်းခံသွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် Abadi က ပြောပါတယ်။

တူရကီက ဆူနီး ဘာသာဝင် မွတ်ဆလင်တွေနဲ့ Abadi ရဲ့ ရှီယား ဘာသာဝင် အစိုးရတို့အကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လျော့ကျရေး လုပ်ဆောင်ဖို့ အီရတ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ တွေ့ဆုံအပြီးမှာ ဝန်ကြီးချုပ် Abadi က ဘက်ဂဒတ်မြို့မှာ အဲဒီလို ပြောကြားလိုက်တာပါ။

Mosul မြို့တိုက်ပွဲအတွက် တူရကီရဲ့ အခန်းကဏ္ဍဟာ ခက်ခဲတဲ့ အကြောင်းအရာတခုဖြစ်ကြောင်း၊ ဝန်ကြီးချုပ် Abadi အနေနဲ့ ဒီကိစ္စကို တူရကီအစိုးရနဲ့ ပြောဆိုပြီးဖြစ်ကြောင်းနဲ့ နောက်ထပ် ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ်ဖို့လည်း ရှိကြောင်း ဝန်ကြီး ကာတာက ဘက်ဂဒတ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အီရတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့်ဟာ အရေးပါတဲ့ အခြေခံ အကြောင်းရပ်ဖြစ်ကြောင်း၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ဒီပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်တာနဲ့ အားလုံးက IS ကို အာရုံစိုက် တိုက်ခိုက်ရေးတို့ဟာ အမေရိကန်ရဲ့ အခန်းကဏ္ဍဖြစ်ကြောင်း ဝန်ကြီး ကာတာက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG