သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆိုင္ကယ္စီးကန႔္သတ္ခ်က္ေတြေၾကာင့္ ခရီးသြားလာသူမ်ားအခက္ႀကဳံ


ဆိုင္ကယ္စီးရာမွာ လိုက္နာရမယ့္ ေဒသဆုိင္ရာအလုိက္ အမိန္႔ေၾကညာခ်က္မ်ားအနက္ ျမင္းမူၿမိဳ႕က သတိေပးခ်က္။ (ႏုိဝင္ဘာ ၂၃၊ ၂၀၂၁)

{{Zawgyi/Unicode}}

ႏိုင္ငံတဝန္းက ဆိုင္ကယ္အသုံးမ်ားတဲ့ ေဒသေတြမွာ ဆိုင္ကယ္တစီးကို လူတဦးသာ စီးဖို႔၊ အမ်ိဳးသားႏွစ္ဦး လိုက္ပါစီးနင္းတာမ်ိဳးမလုပ္ဖို႔နဲ႔ လိုက္နာျခင္းမရွိရင္ တည္ဆဲဥပေဒေတြနဲ႔ ထိေရာက္စြာ အေရးယူမယ္လို႔ စစ္ေကာင္စီရဲ႕ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးေတြက ေဒသအလိုက္အမိန႔္ေတြ ထုတ္ျပန္ေနပါတယ္။ အဓိကကေတာ့ ဆိုင္ကယ္မွာ လူ ၂ ေယာက္စီးရင္ အမ်ိဳးသားေတြ ေနာက္မွာ မထိုင္ရလို႔ ကန႔္သတ္တာျဖစ္ပါတယ္။ ဒီလို ကန႔္သတ္ခ်က္ေၾကာင့္ ဆိုင္ကယ္အားကိုးၿပီး သြားလာ ေနၾကရသူေတြ အေတာ္အခက္အခဲျဖစ္ေနပါတယ္။ ဒီအေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

“နံပါတ္ ၁ က သူတို႔ လုံၿခဳံေရးအတြက္ လုပ္တယ္။ နံပါတ္ ၂ က ပိုက္ဆံရွာတယ္၊ က်ေနာ္တို႔က အဲ့လိုပဲျမင္တယ္ခင္ဗ်။ ..... သူတို႔က သိတဲ့အတိုင္းပဲေလ။ ဘာမွ ေမးျမန္းေနတာမဟုတ္ဘူး၊ လွမ္းပစ္တာပဲ။ ကိုယ္က လြတ္ေအာင္ေျပးႏိုင္မွ မေျပးႏိုင္ရင္ေတာ့ အဲ့မွာ အသက္ကို ဖက္နဲ႔ ထုပ္ထားရတာပဲ။ အနည္းဆုံးကေတာ့ အ႐ိုက္ခံရတာပဲ။ ေသြးကို ရဲထြက္သြားတာပဲ။ ဘာမွမေျပာႏိုင္ဘူး။ ..... ဒီဥပေဒက မတရားတဲ့ ဥပေဒျဖစ္ေတာ့ လူေတြက သြားလာေနရတာ က်ီးလန႔္စာစား ပိုျဖစ္လာတယ္။” (မႏၱေလးၿမိဳ႕သား)


ဆိုင္ကယ္တစီးကို လူတဦးသာ စီးဖို႔၊ အမ်ိဳးသား ၂ ဦး အတူမစီးဖို႔၊ အမ်ိဳးသမီးတဦးေနာက္မွာ အမ်ိဳးသားတဦး လိုက္ပါစီးနင္းတာမ်ိဳးမလုပ္ဖို႔ဆိုတဲ့ ကန႔္သတ္ခ်က္ ေတြပါတဲ့ ေဒသႏၲရအမိန႔္ေတြကို စစ္ေကာင္စီရဲ႕ အုပ္ခ်ဳပ္ေရးမႉး႐ုံးေတြကေန ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ထုတ္ျပန္ေနပါတယ္။ ထုတ္ျပန္ခ်က္ေတြအရ ဆိုင္ကယ္မွာ လူ ၂ ေယာက္စီးရင္ အေနာက္မွာထိုင္သူ အမ်ိဳးသား မျဖစ္ရဘူးဆိုတာကို အဓိက ကန႔္သတ္ထားပါတယ္။

ဆိုင္ကယ္တစီးေပၚမွာ အမ်ိဳးသား ၂ ဦး ၃ ဦးစီးနင္းၿပီး ေသနတ္နဲ႔ ပစ္ခတ္မႈေတြ၊ ဗုံးပစ္ေဖာက္မႈေတြ လုပ္လာတာကို ေတြ႕ရတဲ့အတြက္ အမ်ားျပည္သူရဲ႕ လုံၿခဳံေရးနဲ႔ ေအးခ်မ္းသာယာေရးအတြက္ ရည္႐ြယ္ ထုတ္ျပန္ရတာျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးလက္မွတ္ေတြနဲ႔ ထုတ္ျပန္တဲ့ ေဒသႏၲရအမိန႔္ေတြမွာ ေရးသားထားပါတယ္။ အမိန႔္မလိုက္နာရင္ တည္ဆဲဥပေဒမ်ားအရ ထိေရာက္စြာ အေရးယူမယ္လို႔ ေဖာ္ျပထားသလို တခ်ိဳ႕ေနရာေတြမွာေတာ့ အမိန႔္အသက္ဝင္တဲ့ေန႔ ေနာက္ပိုင္း လိုက္နာျခင္းမရွိတာေတ့ြရင္ အေမးအျမန္းမရွိ ပစ္ခတ္ ေဆာင္႐ြက္ျခင္းမ်ားလုပ္ သြားမယ္လို႔ စာကပ္ သတိေပးေနပါတယ္။

ျမန္မာႏိုင္ငံမွာ ဆိုင္ကယ္အစီးဆုံးၿမိဳ႕တၿမိဳ႕ျဖစ္တဲ့ မႏၲေလးၿမိဳ႕မွာလည္း ဒီလို အမိန႔္ ထုတ္ျပန္လိုက္တာေၾကာင့္ အလုပ္သြားလာရတဲ့အခါ အခက္အခဲေတြ အမ်ားႀကီးျဖစ္လာတယ္လို႔ ေဒသခံေတြက ေျပာေနၾကပါတယ္။ ၿမိဳ႕ရဲ႕ လမ္းဆုံလမ္းခြေတြ၊ ဂိတ္ေတြမွာ စစ္ေဆးေစာင့္ၾကည့္ေနတာေတြ ရွိေနတာေၾကာင့္ ၿမိဳ႕သစ္ဘက္ကေန ၿမိဳ႕ထဲကို အလုပ္လာလုပ္ၾကသူေတြ အဓိက အခက္ႀကဳံေနၾကပါတယ္။ ဒီလို အမိန႔္ ထုတ္ျပန္တာနဲ႔ ပတ္သက္ၿပီး မႏၲေလးၿမိဳ႕ခံတဦးက ခုလိုေျပာပါတယ္။

“နံပါတ္ ၁ က သူတို႔ လုံၿခဳံေရးအတြက္ လုပ္တယ္။ နံပါတ္ ၂ က ပိုက္ဆံရွာတယ္၊ က်ေနာ္တို႔က အဲ့လိုပဲျမင္တယ္ခင္ဗ်။ ဆိုင္ကယ္စီးရင္ အေရွ႕ကို ႀကိဳၾကည့္ရတာေပါ့။ ကိုယ္က အမႈမဲ့ အမွတ္မဲ့ ျဖစ္တဲ့ခါက်ရင္လည္း ေရွ႕မွာ ဘြားခနဲေပၚလာရင္ အႏၲရာယ္ရွိေတာ့ ျပန္လွည့္ေျပးရတာပဲ။ အဲ့လိုျပန္လွည့္ေကြ႕ေျပးရင္လည္း သူတို႔က သိတဲ့အတိုင္းပဲေလ။ ဘာမွ ေမးျမန္းေနတာမဟုတ္ဘူး၊ လွမ္းပစ္တာပဲ။ ကိုယ္က လြတ္ေအာင္ေျပးႏိုင္မွ မေျပးႏိုင္ရင္ေတာ့ အဲ့မွာ အသက္ကို ဖက္နဲ႔ ထုပ္ထားရတာပဲ။ အနည္းဆုံးကေတာ့ အ႐ိုက္ခံရတာပဲ။ ေသြးကို ရဲထြက္သြားတာပဲ။ ဘာမွမေျပာႏိုင္ဘူး။ ကိုယ့္ေခါင္းေလးကို လက္နဲ႔ အုပ္ထားရတာပဲ။ ေနာက္ေစ့ထိၿပီး ေသမွာေၾကာက္လို႔။ အဲ့လို အေနအထားပဲ ေတာ္ေတာ္မ်ားမ်ား။ ဒီဥပေဒက မတရားတဲ့ ဥပေဒျဖစ္ေတာ့ လူေတြက သြားလာေနရတာ က်ီးလန႔္စာစား ပိုျဖစ္လာတယ္။”

သြားလာေရးအတြက္ ဆိုင္ကယ္ကို အားထားၾကတဲ့ မုံ႐ြာၿမိဳ႕မွာလည္း ဆိုင္ကယ္ကို အမ်ိဳးသား ၂ ေယာက္ မစီးဖို႔ ေဒသႏၲရ အမိန႔္ထုတ္ျပန္ထားတာေၾကာင့္ ဆိုင္ကယ္ ကယ္ရီသမားေတြအေနနဲ႔ စားဝတ္ေနေရး အခက္အခဲျဖစ္တယ္လို႔ မုံ႐ြာၿမိဳ႕က ဆိုင္ကယ္ ကယ္ရီသမားတဦးက ေျပာျပပါတယ္။

“က်ေနာ္က ကယ္ရီဆြဲတာဆိုေတာ့ ဟိုေန႔က ခရီးသည္တေယာက္က ေလယာဥ္ ကြင္းပို႔ခိုင္းတာ ေယာက်္ားေလးျဖစ္ေနေတာ့ ကြၽန္ေတာ္ မပို႔ရေတာ့ဘူးေပါ့ဗ်ာ။ ဒီတိုင္း ဆိုင္ကယ္အလြတ္ (ခရီးသည္မပါ) ဆိုရင္ေတာင္ သူတို႔က စစ္လားေဆးလား လုပ္ၾကတာ။ ေစာေစာကလိုမ်ိဳးေပါ့ ခရီးသည္ပါလာရင္ မေကာင္းဘူးေလ၊ က်ေနာ္က တင္လည္းမတင္ရဲဘူး။ သူတို႔က လူကို အႏၲရာယ္ရွာရင္ရွာ မရွာရင္ ဒဏ္ေငြ႐ိုက္မွာပဲေလ။ အဲ့ဒါေၾကာင့္မို႔ မတင္ရဲဘူးေပါ့။ အဲ့ဒါေတြေၾကာင့္ က်ေနာ္တို႔က စားဝတ္ေနေရးကအစ အကုန္ နစ္နာတာေပါ့ေလ။ ဆိုင္ကယ္နဲ႔ လုပ္စားေနတဲ့သူက ခရီးသည္တင္ခြင့္မရဘူးဆိုေတာ့ အရမ္းနစ္နာတာေပါ့ဗ်ာ။”

ဆိုင္ကယ္ေပၚမွာ အမ်ိဳးသား ၂ ဦး မစီးရဆိုတဲ့ အမိန႔္ ထုတ္ျပန္ထားတဲ့ထဲမွာရန္ကုန္တိုင္း တြံေတးၿမိဳ႕နယ္လည္း ပါပါတယ္။အမ်ိဳးသား ၂ ဦးစီးရင္ ပစ္ခတ္ တာမ်ိဳးလုပ္တဲ့အတြက္ ကန႔္သတ္ခ်က္ကို မလိုက္နာခ်င္လည္း လိုက္နာေနရတယ္လို႔ ေဒသခံတဦးက ခုလိုေျပာျပပါတယ္။

“ရဲ CDM ေတြ ထြက္ေျပးတဲ့ကိစၥနဲ႔ သူတို႔ ပတ္ရွာေနၾကတယ္။ အဲဒီမွာတင္ သူတို႔ ဆိုင္ကယ္ စီးခြင့္မေပးဘဲ ပိတ္ထားတဲ့ ေနရာေတြ ရွိတယ္။ ေတြ႕တာနဲ႔ ပစ္တာပဲ။ သူတို႔ ထုတ္တဲ့အမိန႔္က မလိုက္နာလို႔လည္းမရဘူးေလ။ မလိုက္နာရင္က သူတို႔ စည္းကမ္းကို ေၾကာက္လို႔ေတာ့ မဟုတ္ဘူး၊ သူတို႔ စည္းကမ္းကိုက က်ေနာ္တို႔ကို ေသေအာင္လုပ္တာ ျဖစ္ေနေတာ့ သူတို႔ကို လိုက္လည္းမနာဘူး၊ လိုက္လည္းနာတယ္ ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ပဲ အလုပ္လုပ္ေနၾကရတာေပါ့ေလ။ အဓိကက သူတို႔ ေရွ႕မွာ ဆိုင္ကယ္ ၂ ေယာက္စီးသြားရင္ေတာ့ ေသခ်ာတာက ပစ္တယ္။ မဟုတ္ရင္ ဆိုင္ကယ္ကို ဖမ္းတယ္၊ ဒဏ္႐ိုက္တယ္၊ ပါးေတြနားေတြ ႐ိုက္တယ္။ အဲ့ဒါမ်ိဳးေတာ့ လုပ္တယ္။”

ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္တခ်ိဳ႕အျပင္ ပုဂံ-ေညာင္ဦး၊ ျမင္းမူ၊ စတဲ့ ေဒသေတြမွာ ခုလို ေဒသႏၲရ အမိန႔္ေတြကို စစ္ေကာင္စီခန႔္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးေတြက ထုတ္ျပန္ထားပါတယ္။ တခ်ိဳ႕ေနရာေတြမွာ အမိန႔္က ရက္ေပါင္း ၆၀ အသက္ဝင္တယ္လို႔ ေရးထားသလို တခ်ိဳ႕ ေနရာေတြမွာေတာ့ ေနာက္အမိန႔္ တစုံတရာ မထုတ္ခင္အထိ အတည္ျဖစ္တယ္လို႔ ေရးသားထားပါတယ္။

တနသၤာရီတိုင္းက ထားဝယ္ၿမိဳ႕နဲ႔ ၿမိတ္ၿမိဳ႕တို႔မွာလည္း ခုလိုဆိုင္ကယ္စီးသူနဲ႔ ပတ္သက္တဲ့ ကန႔္သတ္မိန႔္ဟာ ႏိုဝင္ဘာ ၁၈ ရက္ေန႔ကတည္းက အသက္ဝင္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


=============

{{Unicode}}

ဆိုင်ကယ်စီးကန့်သတ်ချက်တွေကြောင့် ခရီးသွားလာသူများအခက်ကြုံ

နိုင်ငံတဝန်းက ဆိုင်ကယ်အသုံးများတဲ့ ဒေသတွေမှာ ဆိုင်ကယ်တစီးကို လူတဦးသာ စီးဖို့၊ အမျိုးသားနှစ်ဦး လိုက်ပါစီးနင်းတာမျိုးမလုပ်ဖို့နဲ့ လိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူမယ်လို့ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဒေသအလိုက်အမိန့်တွေ ထုတ်ပြန်နေပါတယ်။ အဓိကကတော့ ဆိုင်ကယ်မှာ လူ ၂ ယောက်စီးရင် အမျိုးသားတွေ နောက်မှာ မထိုင်ရလို့ ကန့်သတ်တာဖြစ်ပါတယ်။ ဒီလို ကန့်သတ်ချက်ကြောင့် ဆိုင်ကယ်အားကိုးပြီး သွားလာ နေကြရသူတွေ အတော်အခက်အခဲဖြစ်နေပါတယ်။ ဒီအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဆိုင်ကယ်တစီးကို လူတဦးသာ စီးဖို့၊ အမျိုးသား ၂ ဦး အတူမစီးဖို့၊ အမျိုးသမီးတဦးနောက်မှာ အမျိုးသားတဦး လိုက်ပါစီးနင်းတာမျိုးမလုပ်ဖို့ဆိုတဲ့ ကန့်သတ်ချက် တွေပါတဲ့ ဒေသန္တရအမိန့်တွေကို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်နေပါတယ်။ ထုတ်ပြန်ချက်တွေအရ ဆိုင်ကယ်မှာ လူ ၂ ယောက်စီးရင် အနောက်မှာထိုင်သူ အမျိုးသား မဖြစ်ရဘူးဆိုတာကို အဓိက ကန့်သတ်ထားပါတယ်။

“နံပါတ် ၁ က သူတို့ လုံခြုံရေးအတွက် လုပ်တယ်။ နံပါတ် ၂ က ပိုက်ဆံရှာတယ်၊ ကျနော်တို့က အဲ့လိုပဲမြင်တယ်ခင်ဗျ။ ..... သူတို့က သိတဲ့အတိုင်းပဲလေ။ ဘာမှ မေးမြန်းနေတာမဟုတ်ဘူး၊ လှမ်းပစ်တာပဲ။ ကိုယ်က လွတ်အောင်ပြေးနိုင်မှ မပြေးနိုင်ရင်တော့ အဲ့မှာ အသက်ကို ဖက်နဲ့ ထုပ်ထားရတာပဲ။ အနည်းဆုံးကတော့ အရိုက်ခံရတာပဲ။ သွေးကို ရဲထွက်သွားတာပဲ။ ဘာမှမပြောနိုင်ဘူး။ ..... ဒီဥပဒေက မတရားတဲ့ ဥပဒေဖြစ်တော့ လူတွေက သွားလာနေရတာ ကျီးလန့်စာစား ပိုဖြစ်လာတယ်။” (မန္တလေးမြို့သား)


ဆိုင်ကယ်တစီးပေါ်မှာ အမျိုးသား ၂ ဦး ၃ ဦးစီးနင်းပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေ၊ ဗုံးပစ်ဖောက်မှုတွေ လုပ်လာတာကို တွေ့ရတဲ့အတွက် အများပြည်သူရဲ့ လုံခြုံရေးနဲ့ အေးချမ်းသာယာရေးအတွက် ရည်ရွယ် ထုတ်ပြန်ရတာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်တွေနဲ့ ထုတ်ပြန်တဲ့ ဒေသန္တရအမိန့်တွေမှာ ရေးသားထားပါတယ်။ အမိန့်မလိုက်နာရင် တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူမယ်လို့ ဖော်ပြထားသလို တချို့နေရာတွေမှာတော့ အမိန့်အသက်ဝင်တဲ့နေ့ နောက်ပိုင်း လိုက်နာခြင်းမရှိတာတေ့ွရင် အမေးအမြန်းမရှိ ပစ်ခတ် ဆောင်ရွက်ခြင်းများလုပ် သွားမယ်လို့ စာကပ် သတိပေးနေပါတယ်။

မြန်မာနိုင်ငံမှာ ဆိုင်ကယ်အစီးဆုံးမြို့တမြို့ဖြစ်တဲ့ မန္တလေးမြို့မှာလည်း ဒီလို အမိန့် ထုတ်ပြန်လိုက်တာကြောင့် အလုပ်သွားလာရတဲ့အခါ အခက်အခဲတွေ အများကြီးဖြစ်လာတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။ မြို့ရဲ့ လမ်းဆုံလမ်းခွတွေ၊ ဂိတ်တွေမှာ စစ်ဆေးစောင့်ကြည့်နေတာတွေ ရှိနေတာကြောင့် မြို့သစ်ဘက်ကနေ မြို့ထဲကို အလုပ်လာလုပ်ကြသူတွေ အဓိက အခက်ကြုံနေကြပါတယ်။ ဒီလို အမိန့် ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံတဦးက ခုလိုပြောပါတယ်။

“နံပါတ် ၁ က သူတို့ လုံခြုံရေးအတွက် လုပ်တယ်။ နံပါတ် ၂ က ပိုက်ဆံရှာတယ်၊ ကျနော်တို့က အဲ့လိုပဲမြင်တယ်ခင်ဗျ။ ဆိုင်ကယ်စီးရင် အရှေ့ကို ကြိုကြည့်ရတာပေါ့။ ကိုယ်က အမှုမဲ့ အမှတ်မဲ့ ဖြစ်တဲ့ခါကျရင်လည်း ရှေ့မှာ ဘွားခနဲပေါ်လာရင် အန္တရာယ်ရှိတော့ ပြန်လှည့်ပြေးရတာပဲ။ အဲ့လိုပြန်လှည့်ကွေ့ပြေးရင်လည်း သူတို့က သိတဲ့အတိုင်းပဲလေ။ ဘာမှ မေးမြန်းနေတာမဟုတ်ဘူး၊ လှမ်းပစ်တာပဲ။ ကိုယ်က လွတ်အောင်ပြေးနိုင်မှ မပြေးနိုင်ရင်တော့ အဲ့မှာ အသက်ကို ဖက်နဲ့ ထုပ်ထားရတာပဲ။ အနည်းဆုံးကတော့ အရိုက်ခံရတာပဲ။ သွေးကို ရဲထွက်သွားတာပဲ။ ဘာမှမပြောနိုင်ဘူး။ ကိုယ့်ခေါင်းလေးကို လက်နဲ့ အုပ်ထားရတာပဲ။ နောက်စေ့ထိပြီး သေမှာကြောက်လို့။ အဲ့လို အနေအထားပဲ တော်တော်များများ။ ဒီဥပဒေက မတရားတဲ့ ဥပဒေဖြစ်တော့ လူတွေက သွားလာနေရတာ ကျီးလန့်စာစား ပိုဖြစ်လာတယ်။”

သွားလာရေးအတွက် ဆိုင်ကယ်ကို အားထားကြတဲ့ မုံရွာမြို့မှာလည်း ဆိုင်ကယ်ကို အမျိုးသား ၂ ယောက် မစီးဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်ထားတာကြောင့် ဆိုင်ကယ် ကယ်ရီသမားတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်တယ်လို့ မုံရွာမြို့က ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောပြပါတယ်။

“ကျနော်က ကယ်ရီဆွဲတာဆိုတော့ ဟိုနေ့က ခရီးသည်တယောက်က လေယာဉ် ကွင်းပို့ခိုင်းတာ ယောကျ်ားလေးဖြစ်နေတော့ ကျွန်တော် မပို့ရတော့ဘူးပေါ့ဗျာ။ ဒီတိုင်း ဆိုင်ကယ်အလွတ် (ခရီးသည်မပါ) ဆိုရင်တောင် သူတို့က စစ်လားဆေးလား လုပ်ကြတာ။ စောစောကလိုမျိုးပေါ့ ခရီးသည်ပါလာရင် မကောင်းဘူးလေ၊ ကျနော်က တင်လည်းမတင်ရဲဘူး။ သူတို့က လူကို အန္တရာယ်ရှာရင်ရှာ မရှာရင် ဒဏ်ငွေရိုက်မှာပဲလေ။ အဲ့ဒါကြောင့်မို့ မတင်ရဲဘူးပေါ့။ အဲ့ဒါတွေကြောင့် ကျနော်တို့က စားဝတ်နေရေးကအစ အကုန် နစ်နာတာပေါ့လေ။ ဆိုင်ကယ်နဲ့ လုပ်စားနေတဲ့သူက ခရီးသည်တင်ခွင့်မရဘူးဆိုတော့ အရမ်းနစ်နာတာပေါ့ဗျာ။”

ဆိုင်ကယ်ပေါ်မှာ အမျိုးသား ၂ ဦး မစီးရဆိုတဲ့ အမိန့် ထုတ်ပြန်ထားတဲ့ထဲမှာရန်ကုန်တိုင်း တွံတေးမြို့နယ်လည်း ပါပါတယ်။အမျိုးသား ၂ ဦးစီးရင် ပစ်ခတ် တာမျိုးလုပ်တဲ့အတွက် ကန့်သတ်ချက်ကို မလိုက်နာချင်လည်း လိုက်နာနေရတယ်လို့ ဒေသခံတဦးက ခုလိုပြောပြပါတယ်။

“ရဲ CDM တွေ ထွက်ပြေးတဲ့ကိစ္စနဲ့ သူတို့ ပတ်ရှာနေကြတယ်။ အဲဒီမှာတင် သူတို့ ဆိုင်ကယ် စီးခွင့်မပေးဘဲ ပိတ်ထားတဲ့ နေရာတွေ ရှိတယ်။ တွေ့တာနဲ့ ပစ်တာပဲ။ သူတို့ ထုတ်တဲ့အမိန့်က မလိုက်နာလို့လည်းမရဘူးလေ။ မလိုက်နာရင်က သူတို့ စည်းကမ်းကို ကြောက်လို့တော့ မဟုတ်ဘူး၊ သူတို့ စည်းကမ်းကိုက ကျနော်တို့ကို သေအောင်လုပ်တာ ဖြစ်နေတော့ သူတို့ကို လိုက်လည်းမနာဘူး၊ လိုက်လည်းနာတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ အလုပ်လုပ်နေကြရတာပေါ့လေ။ အဓိကက သူတို့ ရှေ့မှာ ဆိုင်ကယ် ၂ ယောက်စီးသွားရင်တော့ သေချာတာက ပစ်တယ်။ မဟုတ်ရင် ဆိုင်ကယ်ကို ဖမ်းတယ်၊ ဒဏ်ရိုက်တယ်၊ ပါးတွေနားတွေ ရိုက်တယ်။ အဲ့ဒါမျိုးတော့ လုပ်တယ်။”

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့အပြင် ပုဂံ-ညောင်ဦး၊ မြင်းမူ၊ စတဲ့ ဒေသတွေမှာ ခုလို ဒေသန္တရ အမိန့်တွေကို စစ်ကောင်စီခန့် မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ထုတ်ပြန်ထားပါတယ်။ တချို့နေရာတွေမှာ အမိန့်က ရက်ပေါင်း ၆၀ အသက်ဝင်တယ်လို့ ရေးထားသလို တချို့ နေရာတွေမှာတော့ နောက်အမိန့် တစုံတရာ မထုတ်ခင်အထိ အတည်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

တနင်္သာရီတိုင်းက ထားဝယ်မြို့နဲ့ မြိတ်မြို့တို့မှာလည်း ခုလိုဆိုင်ကယ်စီးသူနဲ့ ပတ်သက်တဲ့ ကန့်သတ်မိန့်ဟာ နိုဝင်ဘာ ၁၈ ရက်နေ့ကတည်းက အသက်ဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #VOABurmese

#ဆိုင်ကယ်စည်းကမ်း#စစ်ကောင်စီ#အုပ်ချုပ်ရေးမှူး#CDM#ဗွီအိုအေ

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG