သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းမွာ ကားေမွာက္မႈ ျမန္မာ ၃ ဦးေသဆုံး၊ ၄၀ ေက်ာ္ဒဏ္ရာရ 


ထိုင္းျမန္မာနယ္စပ္မဲေဆာက္ၿမိဳ႕ကတဆင့္ MOU နဲ႔တရားဝင္လာတဲ့ ျမန္မာအလုပ္သမား ၄၀ ေက်ာ္တင္လာတဲ့ဘတ္စ္ကားတစီး ဘရိတ္ေပါက္ၿပီး တိမ္းေမွာက္သြားစဥ္။ (ႏိုဝင္ဘာ ၂၉ ၊ ၂၀၂၂/ ဓာတ္ပံု- ထိုင္းလူမႈကယ္ဆယ္ေရး)


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံသား MoU အလုပ္သမားမ်ားကို ထိုင္းျမန္မာနယ္စပ္မဲေဆာက္ၿမိဳ႕ကေန ထိုင္းေတာင္ပိုင္းဟတ္႐ိုင္ၿမိဳ႕ကိုပို႔ေဆာင္မဲ့ ဘတ္စ္ကားတစီးဟာ မယ္လေမာင္းတာခ့္ ကားလမ္းမွာ ႏိုဝင္ဘာလ၂၉ ရက္ေန႔ညက တိမ္းေမွာက္လို႔ ျမန္မာအပါဝင္လူ ၃ ဦးေသဆုံးကာ ၄၀ေက်ာ္ဟာ ဒဏ္ရာေတြရခဲ့ၾကပါတယ္။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္မဲေဆာက္ၿမိဳ႕ကတဆင့္ MOU နဲ႔တရားဝင္လာတဲ့ ျမန္မာႏိုင္ငံသားေ႐ႊေျပာင္းအလုပ္သမား ၄၀ ေက်ာ္တင္လာတဲ့ဘတ္စ္ကားတစီးဟာ ႏိုဝင္ဘာလ ၂၉ ရက္ေန႔က မဲေဆာက္ကေန တာ့ခ္ကိုသြားတဲ့ေတာင္တက္လမ္းမွာ အရွိန္ျပင္းစြာေမာင္းႏွင္လာရင္း ဘရိတ္ေပါက္ၿပီးတိမ္းေမွာက္ခဲ့တာေၾကာင့္ ကားေပၚမွာပါလာတဲ့ ျမန္မာႏိုင္ငံသားေတြ ေသဆုံးဒဏ္ရာရတာေတြ ရွိတယ္လို႔ ျမန္မာျပည္သားမ်ားအေရးပူးတြဲ လႈပ္ရွားမႈေကာ္မတီရဲ႕ဥကၠ႒ ဦးမိုးႀကိဳးက ေျပာပါတယ္။

“မိုင္တိုင္ ၆၀ နဲ႔ ၃၀၀ ၾကား။ အခုက ၆၈/၃၀၀ အဲဒီေနရာမွာတိမ္းေမွာက္တာ။ ထိုင္းႏိုင္ငံသားယာဥ္ေမာင္းတေယာက္နဲ႔ ျမန္မာအလုပ္သမား၂ ေယာက္ေသဆုံးသြားတာေပါ့။ တျခားေသာ ၄၄ ေယာက္ကေတာ့ ဒဏ္ရာရတာေပါ့။ ကားေပၚမွာေတာ့ MOU အလုပ္သမားက ၄၅ ေယာက္၊ ထိုင္းယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ ၂ ေယာက္။ စုစုေပါင္း ၄၇ ေယာက္လိုက္ပါလာတာေပါ့။ ေနာက္ဆုံးအေျခေနကေတာ့ ထိုင္းတာ့ခ္ျပည္နယ္က မဟာရတ္ေဆး႐ုံႀကီးကိုပို႔ထားရတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ဘန္ေကာက္သံ႐ုံးက အလုပ္သမားသံအရာရွိေတြလည္း သြားေနတယ္လို႔ သိရပါတယ္။”

ျမန္မာေတြတင္လာတဲ့ကားေတြဟာ ပုံမွန္ေျပးဆြဲေနတဲ့ယာဥ္လိုင္းေတြကကားေတြလိုမဟုတ္ဘဲ ကားႀကံ့ခိုင္မႈ အားနည္းတာ၊ စစ္ေဆးျပင္ဆင္မႈ ေပါ့ဆတာေတြေၾကာင့္ အခုလိုမၾကာခဏ တိမ္းေမွာက္မႈေတြျဖစ္ရတယ္လို႔လည္း ဦးမိုးႀကိဳးကေျပာပါတယ္။

“ႀကံ့ခိုင္မႈအားနည္းတာေတြ ယာဥ္တိမ္းေခ်ာ္တာေတြရွိႏိုင္တယ္။ အခုကလည္းလမ္းတိမ္းေခ်ာ္ၿပီး ဘရိတ္ေပါက္သြားတယ္။ အရင္ကိုဗစ္မျဖစ္ခင္ ၃ ႏွစ္ေလာက္က လမ္းပိုင္းဆိုင္ရာေတြကို စစ္ေဆးတဲ့အဖြဲ႔ရဲ႕ ကုန္းလမ္းပို႔ေဆာင္တဲ့သူေတြက ကားေမာင္းသမားက မူးယစ္ေဆးဝါးသုံးစြဲမႈ ရွိမရွိ၊ အရက္ေသစာေသာက္စားတာရွိမရွိ စစ္ေဆးရပါတယ္။ ကားေပၚကပါလာတဲ့သူေတြကလည္း စည္းကမ္းနဲ႔အညီ လိုက္ပါျခင္းရွိမရွိ စစ္ေဆးတယ္။ ခါးပတ္ေတြပတ္ဖို႔ - အဲဒါေတြကိုစစ္ေဆးတယ္။ အခုေတာ့ စစ္ေဆးတာ မေတြ႔ေတာ့ဘူး။”

မဲေဆာက္ တာခ့္လမ္းမေပၚက Doi Ruak ဒြိဳင္႐ို႕ ေတာင္ကုန္းေနရာဟာ မၾကာခဏ ကားေမွာက္ၿပီး ေသဆုံးသူမ်ားတာေၾကာင့္ ေသမင္းတမန္ေနရာအျဖစ္လည္း ထိုင္းလူမ်ိဳးေတြက ေခၚေနၾကတာပါ။

ျမန္မာအလုပ္သမားေတြကိုသယ္ေဆာင္လာတဲ့ကားေတြဟာ ပုံမွန္ေျပးဆြဲေနတဲ့လိုင္းကားေတြမဟုတ္တာေၾကာင့္ ယာဥ္ႀကံ့ခိုင္မႈ ရွိမရွိဆိုတာ ေသခ်ာစစ္ေဆးတာေတြ သိပ္မရွိဘူးလို႔လည္း အလုပ္သမားေရးေဆာင္႐ြက္ေနသူေတြက ေဝဖန္ေနၾကတာပါ။

ဒီကားေတြဟာ သာမန္လိုင္းကားေတြထက္ စီးလုံးငွားရမ္းခသက္သာတာေၾကာင့္ ေအဂ်င္စီေတြက အသုံးျပဳၾကတာမ်ားတယ္လို႔လည္းဆိုပါတယ္။ လိုင္းကား ကားဂိတ္မွာ အလုပ္လုပ္ကိုင္ေနတဲ့ျမန္မာအလုပ္သမားတဦးကေတာ့ လိုင္းကားေတြဟာ ဟာ ေသခ်ာစစ္ေဆးမႈေတြလုပ္ရေၾကာင္း၊ ကားသမားေတြဟာ ကားေပၚမွာ မူးယစ္ေစတာကိုေသာက္သုံးတာမ်ဳိး မရွိရတဲ့အျပင္ ကားကို အျမန္ေမာင္းရင္လည္း ခရီးသည္ေတြက တိုင္ၾကားႏိုင္ေၾကာင္း ေျပာျပပါတယ္။ သူတို႔ ကားဂိတ္ေတြမွာ ထြက္တဲ့ကားေတြကေတာ့ ခရီးေဝးမသြားခင္ ႀကိဳတင္စစ္ေဆးတာေတြရွိတယ္လို႔လည္း ဆိုပါတယ္။

“High Way သြားတဲ့ကားေတြက က်ေနာ္တို႔ဂိတ္ေတြမွာေတာ့ ဘရိတ္ေတြ၊ စတီရီယာတိုင္ေတြ ဘယ္လိုရွိလဲဆိုတာ၊ ဘီးေတြဘယ္လိုရွိလဲဆိုတာ ၂ ရက္ႀကိဳၿပီး စစ္ေဆးရတယ္။ စက္ဆရာက အၿမဲစစ္ေဆးေပးရတယ္။”

ထိုင္းႏိုင္ငံတာခ့္ျပည္နယ္ မဲေဆာက္ၿမိဳ႕ကေနအထြက္ မဲေဆာက္တာ့ခ္ ေတာင္ၾကားလမ္းမွာ မၾကာခဏ ယာဥ္တိမ္းေမွာက္ၿပီး ျမန္မာေတြ အစုလိုက္အၿပဳံလိုက္ထိခိုက္ဒဏ္ရာရတာေတြ၊ ေသဆုံးတာေတြရွိေနပါတယ္။ အခုလိုမ်ိဳး တရားဝင္ အလုပ္သမားေတြ သယ္ေဆာင္လာတဲ့ ၂ ထပ္ဘတ္စ္ကားႀကီးေတြလည္း မၾကာခဏ တိမ္းေမွာက္တာ၊ မီးေလာင္တာေတြလည္း ရွိခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ထိုင်းမှာ ကားမှောက်မှု မြန်မာ ၃ ဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

မြန်မာနိုင်ငံသား MoU အလုပ်သမားများကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကနေ ထိုင်းတောင်ပိုင်းဟတ်ရိုင်မြို့ကိုပို့ဆောင်မဲ့ ဘတ်စ်ကားတစီးဟာ မယ်လမောင်းတာခ့် ကားလမ်းမှာ နိုဝင်ဘာလ၂၉ ရက်နေ့ညက တိမ်းမှောက်လို့ မြန်မာအပါဝင်လူ ၃ ဦးသေဆုံးကာ ၄၀ကျော်ဟာ ဒဏ်ရာတွေရခဲ့ကြပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကတဆင့် MOU နဲ့တရားဝင်လာတဲ့ မြန်မာနိုင်ငံသားရွှေပြောင်းအလုပ်သမား ၄၀ ကျော်တင်လာတဲ့ဘတ်စ်ကားတစီးဟာ နိုဝင်ဘာလ ၂၉ ရက်နေ့က မဲဆောက်ကနေ တာ့ခ်ကိုသွားတဲ့တောင်တက်လမ်းမှာ အရှိန်ပြင်းစွာမောင်းနှင်လာရင်း ဘရိတ်ပေါက်ပြီးတိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသားတွေ သေဆုံးဒဏ်ရာရတာတွေ ရှိတယ်လို့ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“မိုင်တိုင် ၆၀ နဲ့ ၃၀၀ ကြား။ အခုက ၆၈/၃၀၀ အဲဒီနေရာမှာတိမ်းမှောက်တာ။ ထိုင်းနိုင်ငံသားယာဉ်မောင်းတယောက်နဲ့ မြန်မာအလုပ်သမား၂ ယောက်သေဆုံးသွားတာပေါ့။ တခြားသော ၄၄ ယောက်ကတော့ ဒဏ်ရာရတာပေါ့။ ကားပေါ်မှာတော့ MOU အလုပ်သမားက ၄၅ ယောက်၊ ထိုင်းယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် ၂ ယောက်။ စုစုပေါင်း ၄၇ ယောက်လိုက်ပါလာတာပေါ့။ နောက်ဆုံးအခြေနေကတော့ ထိုင်းတာ့ခ်ပြည်နယ်က မဟာရတ်ဆေးရုံကြီးကိုပို့ထားရတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဘန်ကောက်သံရုံးက အလုပ်သမားသံအရာရှိတွေလည်း သွားနေတယ်လို့ သိရပါတယ်။”

မြန်မာတွေတင်လာတဲ့ကားတွေဟာ ပုံမှန်ပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေကကားတွေလိုမဟုတ်ဘဲ ကားကြံ့ခိုင်မှု အားနည်းတာ၊ စစ်ဆေးပြင်ဆင်မှု ပေါ့ဆတာတွေကြောင့် အခုလိုမကြာခဏ တိမ်းမှောက်မှုတွေဖြစ်ရတယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။

“ကြံ့ခိုင်မှုအားနည်းတာတွေ ယာဉ်တိမ်းချော်တာတွေရှိနိုင်တယ်။ အခုကလည်းလမ်းတိမ်းချော်ပြီး ဘရိတ်ပေါက်သွားတယ်။ အရင်ကိုဗစ်မဖြစ်ခင် ၃ နှစ်လောက်က လမ်းပိုင်းဆိုင်ရာတွေကို စစ်ဆေးတဲ့အဖွဲ့ရဲ့ ကုန်းလမ်းပို့ဆောင်တဲ့သူတွေက ကားမောင်းသမားက မူးယစ်ဆေးဝါးသုံးစွဲမှု ရှိမရှိ၊ အရက်သေစာသောက်စားတာရှိမရှိ စစ်ဆေးရပါတယ်။ ကားပေါ်ကပါလာတဲ့သူတွေကလည်း စည်းကမ်းနဲ့အညီ လိုက်ပါခြင်းရှိမရှိ စစ်ဆေးတယ်။ ခါးပတ်တွေပတ်ဖို့ - အဲဒါတွေကိုစစ်ဆေးတယ်။ အခုတော့ စစ်ဆေးတာ မတွေ့တော့ဘူး။”

မဲဆောက် တာခ့်လမ်းမပေါ်က Doi Ruak ဒွိုင်ရို့ တောင်ကုန်းနေရာဟာ မကြာခဏ ကားမှောက်ပြီး သေဆုံးသူများတာကြောင့် သေမင်းတမန်နေရာအဖြစ်လည်း ထိုင်းလူမျိုးတွေက ခေါ်နေကြတာပါ။

မြန်မာအလုပ်သမားတွေကိုသယ်ဆောင်လာတဲ့ကားတွေဟာ ပုံမှန်ပြေးဆွဲနေတဲ့လိုင်းကားတွေမဟုတ်တာကြောင့် ယာဉ်ကြံ့ခိုင်မှု ရှိမရှိဆိုတာ သေချာစစ်ဆေးတာတွေ သိပ်မရှိဘူးလို့လည်း အလုပ်သမားရေးဆောင်ရွက်နေသူတွေက ဝေဖန်နေကြတာပါ။

ဒီကားတွေဟာ သာမန်လိုင်းကားတွေထက် စီးလုံးငှားရမ်းခသက်သာတာကြောင့် အေဂျင်စီတွေက အသုံးပြုကြတာများတယ်လို့လည်းဆိုပါတယ်။ လိုင်းကား ကားဂိတ်မှာ အလုပ်လုပ်ကိုင်နေတဲ့မြန်မာအလုပ်သမားတဦးကတော့ လိုင်းကားတွေဟာ ဟာ သေချာစစ်ဆေးမှုတွေလုပ်ရကြောင်း၊ ကားသမားတွေဟာ ကားပေါ်မှာ မူးယစ်စေတာကိုသောက်သုံးတာမျိုး မရှိရတဲ့အပြင် ကားကို အမြန်မောင်းရင်လည်း ခရီးသည်တွေက တိုင်ကြားနိုင်ကြောင်း ပြောပြပါတယ်။ သူတို့ ကားဂိတ်တွေမှာ ထွက်တဲ့ကားတွေကတော့ ခရီးဝေးမသွားခင် ကြိုတင်စစ်ဆေးတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

“High Way သွားတဲ့ကားတွေက ကျနော်တို့ဂိတ်တွေမှာတော့ ဘရိတ်တွေ၊ စတီရီယာတိုင်တွေ ဘယ်လိုရှိလဲဆိုတာ၊ ဘီးတွေဘယ်လိုရှိလဲဆိုတာ ၂ ရက်ကြိုပြီး စစ်ဆေးရတယ်။ စက်ဆရာက အမြဲစစ်ဆေးပေးရတယ်။”

ထိုင်းနိုင်ငံတာခ့်ပြည်နယ် မဲဆောက်မြို့ကနေအထွက် မဲဆောက်တာ့ခ် တောင်ကြားလမ်းမှာ မကြာခဏ ယာဉ်တိမ်းမှောက်ပြီး မြန်မာတွေ အစုလိုက်အပြုံလိုက်ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေရှိနေပါတယ်။ အခုလိုမျိုး တရားဝင် အလုပ်သမားတွေ သယ်ဆောင်လာတဲ့ ၂ ထပ်ဘတ်စ်ကားကြီးတွေလည်း မကြာခဏ တိမ်းမှောက်တာ၊ မီးလောင်တာတွေလည်း ရှိခဲ့ပါတယ်ရှင်။
===============

XS
SM
MD
LG