သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ခရီးသည်ထောင်ချီ ပိတ်မိနေ 


မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ ပစ်ခတ်မှုဖြစ်စဉ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)
မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ ပစ်ခတ်မှုဖြစ်စဉ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက အာရှလမ်းမကြီးရဲ့ မြဝတီ- ကော့ကရိတ်လမ်းပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းထဲက လုံခြုံရေးအခြေအနေကြောင့် ရှေ့ဆက်မရဘဲ လမ်းပေါ်မှာ ကုန်ကားတွေ ခရီးသည်တွေ ထောင်ချီ ပိတ်မိနေပါတယ်။ ပိတ်မိနေသူတွေထဲမှာ နှစ်နိုင်ငံသဘောတူညီချက် MOU အရ ထိုင်းနိုင်ငံကခေါ်ယူထားတဲ့ မြန်မာလုပ်သား ၁ ထောင်နီးပါးလည်း ပါဝင်ပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ကော့ကရိတ်မြို့တွင်းက တိုက်ပွဲတွေကြောင့် လမ်းမှာပိတ်မိနေသူတွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ထိုင်း မြန်မာနယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ အာရှလမ်းမကြီးရဲ့ ကော့ကရိတ်-မြဝတီလမ်းပိုင်းမှာ အောက်တိုဘာလ ၁၈ ရက် အင်္ဂါနေ့ကစပြီး ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကားတွေ ပိတ်မိနေခဲ့ပါတယ်။ ဒီနေ့ အောက်တိုဘာ ၂၁ ရက်မှာတော့ ကော့ကရိတ်မြို့ကို KNLA ကရင် အမျိုးသားလွတ်မြောက်ရေးအဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ မြို့တွင်းကိုဝင်ပစ်ခတ်လို့ တိုက်ပွဲပြင်းထန်တဲ့အတွက် ပိတ်မိနေတဲ့ ယာဉ်တချို့ နောက်ကြောင်းပြန်လှည့်တာတွေလည်း ရှိနေတယ်လို့ ကော့ကရိတ်ဒေသခံ ကိုမျိုးက ပြောပါတယ်။

"အဓိက ပိတ်တာက ကော့ကရိတ် - မြဝတီ (အာရှလမ်းမကြီး) တောင်ပေါ်တက်တဲ့ နေရာမှာ စ ပိတ်ထားတာဗျ။ လမ်းဘေးမှာ ရပ်ထားတဲ့ကားတွေ ကျနော်တို့ကြည့်ရတာ အရေအတွက်က လူဦးရေနဲ့ ပြောမယ်ဆိုရင် ထောင်ချီမယ်ဗျ။ ဒါပေမယ့် ကျနော်တို့ ကော့ကရိတ် အဲဒီပတ်ချာလည်မှာ ရပ်ထားတဲ့ မှန်လုံကြီးတွေပေါ့ဗျာ- အစီး ၄၀ လောက် ပြန်ဆင်းသွားတယ်ဗျ။ ခါလီတွေပဲ ပြန်ဆင်းသွားတာ။ သူတို့လူတွေကတော့ ကော့ကရိတ်မှာပဲ ကျန်ခဲ့တဲ့သဘော ရှိတယ်။ ဘယ်နေရာမှာ နေပြီး ဘယ်မှာ တည်းခိုနေကြတယ်ဆိုတာ မသိရသေးဘူးဗျ။ တချို့ နီးတဲ့မြို့တွေဆိုရင် လှည့်ပြန်ကုန်ပြီဆိုတော့ လူအရေအတွက်ကတော့ နည်းသွားတာပေါ့။ အဓိကတော့ ကားကြီးတွေကတော့ ရှိနေသေးတယ်ဗျ။"

တိုက်ပွဲအခြေအနေကြောင့် ရှေ့ခရီးမဆက်နိုင်ဘဲ လမ်းမပေါ် ရပ်နားထားရတဲ့ ကားအစီးရေ ရာနဲ့ချီရှိနေသလို ခရီးသွားဦးရေကလည်း ထောင်နဲ့ချီ ပိတ်မိနေပါတယ်။ အဲဒီထဲမှာ နှစ်နိုင်ငံသဘောတူ စာချုပ် MOU နဲ့ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်မယ့် မြန်မာလုပ်သားတွေလည်း ပါဝင်ပါတယ်။ အခုပိတ်မိနေသူတွေကို ပို့ဆောင်ပေးလိုက်တဲ့ အေဂျင်စီတွေက ချိတ်ဆက်ပြီး လမ်းကြောင်းတလျှောက် နီးစပ်ရာနေရာတချို့မှာ ယာယီတည်းခိုနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ထိုင်းနိုင်ငံကို အလုပ်သမား တရားဝင်ပို့ဆောင် ပေးနေတဲ့ အေဂျင်စီတခုက ပြောပါတယ်။

"ကျမတို့ သိထားတာကတော့ သက်ဆိုင်ရာ အေဂျင်စီတွေကတော့ သွားမယ့်နေရာ လမ်းကြောင်းတွေမှာ သူတို့ တာဝန်ယူပြီးတော့ ကလေးတွေကို ထိန်းသိမ်းထားပါတယ်။"

ထိုင်းနိုင်ငံဆီ သွားရောက်မယ့် မြန်မာလုပ်သားတွေမှာ ကော့ကရိတ်နဲ့ မြဝတီကြား ပိတ်မိသူတွေရှိသလို ဘားအံနဲ့ ကျုံဒိုးမှာ စောင့်ဆိုင်းနေရသူတွေလည်း ရှိပါတယ်။ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ကတော့ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၁ ရက်နေ့အတွင်း ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အခြေအနေ။ လုံခြုံရေးအနေအထားတွေကို လေ့လာစီစစ်ပြီးမှ ဆောင်ရွက်ကြဖို့ကို အသိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]








XS
SM
MD
LG