သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MOU အကောင်အထည်ဖေါ်ရာ ပါဝင်ခွင့်ရရေး ဒုက္ခသည်တွေတောင်းဆို

မြန်မာ-ဘင်္ဂလားဒေ့ ရှ်နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကြားရှိ ရိုဟင်ဂျာဒုက္ခသည်များ
မြန်မာ-ဘင်္ဂလားဒေ့ ရှ်နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကြားရှိ ရိုဟင်ဂျာဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် ရာပေါင်းများစွာဟာ နိုင်ငံသားဖြစ်ခွင့်ရဖို့၊ မြန်မာနိုင်ငံတွင်း မူရင်းနေရာတွေကို ဂုဏ်သိက္ခာရှိစွာ ပြန်ခွင့်ရဖို့နဲ့ ကုလသမဂ္ဂက လုံခြုံရေးအကာအကွယ်ပေးဖို့ ကြွေးကျော်သံတွေ အော်ဟစ်ပြီး စနေနေ့က စုဝေး ဆန္ဒပြကြပါတယ်။

ရာမာဒန်ဥပုသ်လ ကုန်ဆုံးတဲ့အထိမ်းအမှတ်အဖြစ် ဒုက္ခသည်စခန်းတွေထဲမှာ စနေနေ့က ပွဲတော်တွေ လုပ်ပြီးတဲ့နောက်မှာ ဒုက္ခ သည်တွေ ဆန္ဒပြကြတာပါ။

လက်ရှိမှာ မုတ်သုန်မိုး ဝင်နေပြီဖြစ်တာကြောင့် ရေကြီးတာနဲ့ ရုတ်တရက် မြေပြိုကျတဲ့ အန္တရာယ်တွေကနေ ဘေးကင်းရေးအတွက် လည်း ဒုက္ခသည်စခန်းတွေထဲက ဗလီကျောင်းတွေမှာ စနေနေ့က ဝတ်ပြု ဆုတောင်းကြပါတယ်။

ဒုက္ခသည်တွေကို မူူရင်းနေရာပြန်ပို့ရေး သဘောတူညီချက်အရ အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်ထဲမှာ “ရိုဟင်ဂျာ ကိုယ်စား လှယ်တဦး” ကို ကုလသမဂ္ဂက ထည့်သွင်းပေးဖို့ လိုလားတဲ့အကြောင်း စခန်းခေါင်းဆောင်တဦးက ပြောတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းဌာနတွေကရေးတဲ့ အခုလို သတင်းတွေထဲမှာ “ရိုဟင်ဂျာ” လို့ သုံးနှုန်း ဖော်ပြ ကြပေမဲ့ မြန်မာအစိုးရကတော့ အဲဒီအခေါ်အဝေါ်ကို အသိအမှတ်မပြုပါဘူး။

ဒုက္ခသည်တွေဘက်က အခုလို တောင်းဆိုချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ တုန့်ပြန်ချက်ကိုတော့ ချက်ခြင်းမရသေးဘူးလို့ AFP သတင်းမှာ ရေးထားပါတယ်။

MOU အကောင်အထည်ဖေါ်ရာ ပါဝင်ခွင့်ရရေး ဒုက္ခသည်တွေတောင်းဆို
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG