သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧဝရတ်တောင်အမြင့် ပြန်တိုင်းမည်

ဧဝရတ်တောင်အမြင့် ပြန်တိုင်းမည်
ဧဝရတ်တောင်အမြင့် ပြန်တိုင်းမည်

တရုတ်နဲ့ နီပေါ နယ်စပ်မျဉ်းမှာ ရှိနေတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ရဲ့ အမြင့်ပေကို ပြန်တိုင်းဖို့ နီပေါအစိုးရက ကြေညာခဲ့ပါတယ်။

နီပေါအစိုးရက ဂြိုဟ်တုကတဆင့် အကွာအဝေးကို တွက်ချက်တိုင်းတာတဲ့ Global-positioning Satellites (GPS) စနစ်ကို အသုံးပြုပြီး တောင်အမြင့်ကို တိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း နယ်မြေပြုပြင်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ မကြာခင်နှစ်တွေအတွင်း ဧဝရတ်တောင်ထိပ်ရဲ့ အမြင့်ပေနဲ့ ပတ်သက်လို့ အငြင်းပွားလာခဲ့ကြတာ ဖြစ်ပါတယ်။

ဧဝရတ်တောင် အမြင့်ကို နီပေါနိုင်ငံက ၈,၈၄၈ မီတာ၊ ပေနဲ့ဆိုရင် ပေပေါင်း ၂၉,၀၂၈ ပေလို့ ပြောပေမဲ့ တရုတ်နိုင်ငံကတော့ ၈,၈၄၄ မီတာ၊ ပေနဲ့ဆိုရင် ၂၉,၀၁၅ ပေပဲ ရှိတယ်လို့ ပြောပါတယ်။ ၁၉၉၉ ခုနှစ်က အမေရိကန် လေ့လာရေး အဖွဲ့ကတော့ ဧဝရတ်တောင်ရဲ့အမြင့် မီတာ ၈,၈၅၀၊ ပေပေါင်း ၂၉,၀၃၅ ပေ ရှိတယ်လို့ ပြောပါတယ်။

တိုင်းတာချက် အသစ်အတွက် ၂ နှစ် အချိန်ယူရမှာဖြစ်ပြီး GPS ဂြိုဟ်တုက တောင်ရဲ့ အနေအထား အမျိုးမျိုးကနေ အချက်အလက်တွေကို စုဆောင်းယူမှာ ဖြစ်ပါတယ်။

၁၉၅၃ ခုနှစ်မှာ နယူးဇီလန်က ဆာ၊ အဒ္ဒမွန်၊ ဟယ်လာရီနဲ့ နီပေါနိုင်ငံသား အထမ်းသမား တဲန်ဇဲန်း နော်ဂေးတို့ ဧဝရတ်တောင်ကို ရောက်ခဲ့ပြီးချိန်ကစလို့ ထောင်နဲ့ချီတဲ့ လူတွေဟာ ဧဝရတ်တောင်ထိပ်ကို တက်ခဲ့ကြတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG