သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရေးပါတီ ၈ ခု မဟာမိတ်ဖွဲ့ဖို့ လက်မှတ်ရေးထိုး


Move Forward ပါတီနဲ့ပူးပေါင်းမယ့်ပါတီတွေ နားလည်မှုစာချွန်လွှာလတ်မှတ်ရေးထိုး (မေ ၂၂၊ ၂၀၂၃)
Move Forward ပါတီနဲ့ပူးပေါင်းမယ့်ပါတီတွေ နားလည်မှုစာချွန်လွှာလတ်မှတ်ရေးထိုး (မေ ၂၂၊ ၂၀၂၃)

ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီဟာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တခြားနိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်အဖြစ် ဒီကနေ့ပဲ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ပါတီခေါင်းဆောင် Pita Limjaroenrat (ပီတာ လင်ဂျာရိုရန့်) ဟာ Pheu Thai ပါတီ အကြီးအကဲ Chonlanan Srikaew (ချွန်လန် နမ်စရီကွာ) အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ဘန်ကောက်မြို့တော်မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးလိုက်တာပါ။

Move Forward ပါတီ ဦးဆောင်တဲ့ ၈ ပါတီ မဟာမိတ်အဖွဲ့ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်သားစုဆောင်းမှု အဆုံးသတ်ရေးနဲ့ လိင်တူခြင်း လက်ထပ်ခွင့် ရရှိရေး အပါအဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် လက်တွဲဖို့ သဘောတူညီချက်မှာ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့လည်း Move Forward ပါတီက လိုလားတဲ့ ဘုရင်မိသားစုကို ပုတ်ခတ်စော်ကားရင် အရေးယူခံရနိုင်တဲ့ ဥပဒေကို ပြင်ဆင်ရေး အစီအစဉ်တော့ မပါဝင်ခဲ့ပါဘူး။

အတိုက်အခံ ပါတီတွေဖြစ်တဲ့ Move Forward ပါတီနဲ့ Pheu Thai ပါတီတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က စစ်တပ်မှ ကျောထောက်နောက်ခံပြုထားတဲ့ ကွန်ဆာဗေးတစ်ပါတီကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Move Forward ခေါင်းဆောင် Pita က ညွန့်ပေါင်းအဖွဲ့မှာ ဝန်ကြီးချုပ်ဖြစ်ဖို့ ကြိုးပမ်းနေပေမဲ့ သူ့ပါတီနဲ့ ထိပ်တိုက်တွေ့နေတဲ့ ပြိုင်ဘက်တွေ အပါအဝင် အောက်လွှတ်တော်နဲ့အထက်လွှတ်တော် ထက်ဝက်ကျော်က လိုအပ်တဲ့ ထောက်ခံမှုရရှိဖို့အတွက် စိန်ခေါ်မှုကြီးတစ်ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။

အခု ရွေးကောက်ပွဲမှာ အထက်အောက်ပေါင်း အမတ်နေရာ ၃၇၆ ရမှ အစိုးရဖွဲ့နိုင်မှာဖြစ်ပြီး Move Forward Party က အမတ်နေရာ ၁၅၂ နေရာမှာ အနိုင်ရထားတာပါ။ အခု သူတို့ဖွဲ့မဲ့ ညွှန့်ပေါင်းအစိုးရ အဖွဲ့တခုလုံးကတော့ အမတ်နေရာက ၃၁၃ နေရာ ရပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG