သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု သမ္မတဖြစ်နိုင်မယ့် အခွင့်အလမ်း မျှော်လင့်ဆဲ

အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
1/12 အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်။
2/12 ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်။
အသေးစိတ် ဖတ်ရှုရန် Show less
ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ
3/12 ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ
အသေးစိတ် ဖတ်ရှုရန် Show less
ဒုတိယသမ္မတလောင်း ဦးခင်အောင်မြင့်
4/12 ဒုတိယသမ္မတလောင်း ဦးခင်အောင်မြင့်
အသေးစိတ် ဖတ်ရှုရန် Show less
An Cafke Maganin Jabu
5/12 An Cafke Maganin Jabu
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်သူ့လွှတ်တော်မှာ သမ္မတလောင်း အမည်စာရင်းတင်သွင်း။
6/12 ပြည်သူ့လွှတ်တော်မှာ သမ္မတလောင်း အမည်စာရင်းတင်သွင်း။
အသေးစိတ် ဖတ်ရှုရန် Show less
အမျိုးသားလွှတ်တော်
7/12 အမျိုးသားလွှတ်တော်
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒေါ်ခင်စန်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း
8/12 ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒေါ်ခင်စန်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း
အသေးစိတ် ဖတ်ရှုရန် Show less
Women dressed in the traditional clothes of the Sorbs carry the statue of Virgin Mary during a procession in the church in Rosenthal, Germany.
9/12 Women dressed in the traditional clothes of the Sorbs carry the statue of Virgin Mary during a procession in the church in Rosenthal, Germany.
အသေးစိတ် ဖတ်ရှုရန် Show less
ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး Henry ဗန်ထီးယူကို အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်း။
10/12 ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး Henry ဗန်ထီးယူကို အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်း။
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်ခိုင်ဖြိုးပါတီ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း
11/12 ပြည်ခိုင်ဖြိုးပါတီ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတလောင်းအဖြစ် တင်သွင်းခံရသူ ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူ
12/12 သမ္မတလောင်းအဖြစ် တင်သွင်းခံရသူ ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူ
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက သမ္မတလောင်း နှစ်ဦးရဲ့ အမည်စာရင်းကို လွှတ်တော် အသီးသီးမှာ တင်သွင်းလိုက်ပြီ ဖြစ်ပြီး ပြည်သူ့ဆန္ဒ အပြည့်အ၀ အကောင်အထည် ဖော်နိုင်တဲ့ အထိ ဆက်ပြီး ကြိုးစားသွားမယ်လို့ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ စစ်အစိုးရ ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေရဲ့ အကန့်အသတ်ကြောင့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် မရှိတဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့ အတွက် ပါတီ ကိုယ်စားလှယ်တွေကတော့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာတဲ့ အပေါ် ပါတီတွင်း သဘောထား ဘယ်လို ရှိနေပါသလဲ - မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတသစ်နဲ့ ဒုတိယ သမ္မတသစ်တွေ ရွေးချယ်ရေး လုပ်ငန်းစဉ်ကို လွှတ်တော်မှာ စတင်တဲ့ နေ့မှာဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဦးထင်ကျော်နဲ့ ဦးဟင်နရီ ဗန်းထီးယူ တို့ကို သမ္မတလောင်းတွေ အဖြစ် အမည်စာရင်း တင်သွင်းလိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်က လတ်တလောမှာ အခွင့်အလမ်း မရှိ ဖြစ်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ ဒေါ်စု
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ ဒေါ်စု

ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်နိုင်ရေး ဆက်လက်ကြိုးပမ်း သွားမယ်လို့ လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်။ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနိုင်ငံမှာ မွေးတယ်၊ ဒီနိုင်ငံသူ ဖြစ်တယ်။ အာဇာနည် ခေါင်းဆောင်ကြီး လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီးဖြစ်တယ်။ ဘာဖြစ်လို့ သူက သမ္မတ မဖြစ်ထိုက်ရမှာလဲ။ အဲဒီတော့ ဒီဥပဒေတွေက ဒီလို ပုဂ္ဂိုလ် တဦး တယောက်ကို ကန့်သတ်ထားတာကိုတော့ ကျနော်တို့က ဖယ်ရှားနိုင်ဖို့ ကျနော်တို့က ဒုတိယ အဆင့်အနေနဲ့တော့ ပြည်သူ့ထောက်ခံမှုနဲ့ အတူတူ ကြိုးစားရမှာပါ။"

ဒေါ်စု လွှတ်တော်သစ် ဖွင့်ပွဲ တက်ရောက်ခဲ့စဉ်က။
ဒေါ်စု လွှတ်တော်သစ် ဖွင့်ပွဲ တက်ရောက်ခဲ့စဉ်က။

NLD ပါတီက သမ္မတလောင်းတွေ ရွေးချယ်တာမှာတော့ ဦးထင်ကျော် ဟာ ပြည်တွင်းပြည်ပက လေးစားတဲ့ ပုဂ္ဂိုလ်၊ နောက် သစ္စာရှိ စည်းကမ်းလိုက်နာမှုတွေနဲ့ ရွေးချယ်တာ ဖြစ်ပြီး ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ ကိုတော့ တိုင်းရင်းသားများ တန်းတူညီမျှရေး အတွက် ရွေးချယ်တာ ဖြစ်တယ် လို့လည်း ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပါတယ်။

ပါတီက တင်မြှောက်တဲ့ သမ္မတလောင်းတွေ အတွက် ဝမ်းသာ ဂုဏ်ယူကြပေမယ့် ပါတီခေါင်းဆောင် သမ္မတ ဖြစ်မလာတဲ့ အပေါ်မှာတော့ စိတ်မကောင်းဖြစ်ကြသူတွေ ရှိပါတယ်။ NLD အမတ် ဦးတင်ဌေးအောင်ကတော့ အခုလို ပြောပါတယ်။

"စိတ်ဆိုးတာ ဒေါသထွက်တာတော့ မရှိပါဘူး။ စိတ်မကောင်းတာပါ။ နိုင်ငံ အတွက် ပြည်သူတွေ အတွက် ဝမ်းနည်း တာပါ။ အဲဒါတော့ ခံစားရပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာခဲ့သည့်တိုင် နိုင်ငံကို တနည်းတဖုံနဲ့ ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်လို့လည်း NLD အမတ် ဦးပိုက်ကိုက မျှော်လင့်ထားပါတယ်။

"နိုင်ငံရေး ဆိုတာ စိတ်ရှည်ရမယ်။ သည်းခံရမှာ ဖြစ်တဲ့ အတွက် ဒီအပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခြင်း မဖြစ်ခြင်း အပေါ်မှာ စိတ်ဆိုးတာ မရှိပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လည်း သိပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် သူက သမ္မတ မဖြစ်ပေမယ်လို့ တိုင်းပြည်ကိုတော့ ကျနော်တို့ အဖွဲ့ချုပ်ကနေ တဆင့်ဘဲ ဖြစ်ဖြစ် နေရာ တခုခု ကနေ သူ ဦးဆောင် သွားမှာပါ။"

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမျိုးအောင်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာအောင် ကြိုးစားရမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

"ဒီဟာကတော့ ပြည်သူ တရပ်လုံးနဲ့ ထပ်တူ ထပ်မျှဘဲလေ။ ပြည်သူတွေ ရွေးချယ်ထားတဲ့ ပါတီရဲ့ ပြည်သူ့ခေါင်းဆောင် အခုလောလောဆယ်တော့ မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် ဒါကတော့ မဖြစ် ဖြစ်အောင်တော့ ဆရာတို့ ကြိုးစားရမှာပေါ့။ တာဝန်ခံပေးတာပေါ့နော်။"

သမ္မတနဲ့ ဒုတိယ သမ္မတတွေ ရွေးချယ်တဲ့ လုပ်ငန်းစဉ်ကို လွှတ်တော်မှာ စတင်ချိန်မှာဘဲ ဒီလုပ်ငန်းစဉ်ဟာ ပါတီကို ထောက်ခံခဲ့ကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ မျှော်မှန်းချက် ဆန္ဒတွေကို ဖော်ဆောင်ပေးဖို့ အရေးကြီးတဲ့ ခြေလှမ်းအစ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုသို့ ပန်ကြားချက်မှာ ပြောဆိုပြီး ပြည်သူအားလုံးက ဝန်းရံထောက်ခံပေး ဖို့ မေတ္တာရပ်ခံထားပါတယ်။

အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမည်စာရင်း တင်သွင်းထားတဲ့ ပုဂ္ဂိုလ်တွေဟာ လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အများစု အနိုင်ရသူက သမ္မတ ဖြစ်လာမှာ ဖြစ်ပြီး ဒုတိယနဲ့ တတိယ မဲ အများဆုံး ရရှိသူတွေက ဒုတိယ သမ္မတ (၁) နဲ့ ဒုတိယ သမ္မတ (၂) တို့ ဖြစ်လာကြမှာပါ။

လွှတ်တော်တွင်းမှာ NLD ပါတီက လွှတ်တော်တွင်း အများစု အနိုင်ရထားတယ်ဆိုပေမယ့် ပြည်ထောင်စု လွှတ်တော်တွင်းက ရွေးကောက်ခံ အရပ်သား လွှတ်တော် အမတ် စုစုပေါင်း (၄၉၁) ဦးမှာ NLD အမတ် အရေအတွက်က ( ၃၉၀) သာ ရှိနေတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ စစ်သား လွှတ်တော်အမတ်စုစုပေါင်းက လွှတ်တော် ၂ ရပ်မှာ စုစုပေါင်း ( ၁၆၆ ) ဦးရှိနေတာဖြစ်ပါတယ်။

XS
SM
MD
LG