သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်ကော်မရှင်မှာ ပါဝင်ရေး မြန်မာစဉ်းစားမည်


(Photo Credit: Myanmar President Office Facebook)
(Photo Credit: Myanmar President Office Facebook)

မြန်မာနိုင်ငံအနေနဲ့ မဲခေါင်မြစ်ဝှမ်းဒေသဆိုင်ရာ ကော်မရှင် (MRC) မှာ အဖွဲ့အဖြစ် ပါဝင်ရေး စဉ်းစားသွားမယ်လို့ ဗီယက်နမ်သမ္မတ Tran Dai Quang နဲ့ မြို့တော် ဟနွိုင်းမှာ တွေ့ဆုံစဉ် သမ္မတ ဦးထင်ကျော်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

မဲခေါင်မြစ်ဝှမ်းဒေသတလျှေက်က ရေအရင်းအမြစ်ကို မျှဝေသုံးစွဲရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှု ရှိရေးတို့အတွက် ရည်ရွယ်ပြီး ၁၉၉၅ ခုနှစ်မှာ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က MRC ကို ပူးတွဲ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မဲခေါင်မြစ်ရေကို ရေရှည်တည်တံ့ပြီး အကျိုးရှိရှိ အသုံးချနိုင်ရေး၊ အထူးသဖြင့် MRC ရဲ့ အခြေခံ မူဘောင်တွေနဲ့အညီ မဲခေါင်မြစ်ဝှမ်းနဲ့ ထိတွေ့ ဆက်ဆံနေတဲ့ အဖွဲ့အစည်းတွေနဲ့ တိုးမြင့် ပူးပေါင်း ဆောင်ရွက်ကြဖို့ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့က သံဓိဌာန် ပြုခဲ့ကြပါတယ်။

မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ လေကြောင်းပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ဦးစားပေး ပူးပေါင်းရွက်မယ့် ကဏ္ဍ (၁၂) ခုမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ ခေါင်းဆောင် ၂ ဦး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အနာဂတ်ကာလတွေမှာ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု၊ သတ္ထုတွင်းလုပ်ငန်းနဲ့ ကာကွယ်ရေး စတဲ့ ကဏ္ဍတွေမှာလည်း တိုးမြင့် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။

သမ္မတဦးထင်ကျော်ဟာ အောက်တိုဘာလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) ထိပ်သီးစည်းဝေးပွဲ၊ ၇ ကြိမ်မြောက် ဧရာဝတီ-Chao Phraya-မဲခေါင် မဟာဗြူဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ACMECS) စည်းဝေးပွဲတို့အပြင် ကမ္ဘာ့စီးပွားရေး ညီလာခံ (မဲခေါင်ဒေသ) စည်းဝေးပွဲတွေကို တက်ရောက်ခဲ့ပါတယ်။

မဲခေါင်ကော်မရှင်မှာ ပါဝင်ရေး မြန်မာစဉ်းစားမည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG