သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံက လုပ်ငန်းများ ရပ်ဆိုင်းခံရမှု MSF အံ့အားသင့်


မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org
မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org
MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ့ မြန်မာနိုင်ငံအတွင်းက လုပ်ငန်းတွေအားလုံးကို မြန်မာအစိုးရက တဖက်သတ်ဆုံးဖြတ်ချက်နဲ့ ရုတ်တရက် ရပ်ဆိုင်းလိုက်ဖို့ အကြောင်းကြားတဲ့အပေါ်မှာ အရမ်းအံ့အားသင့်မိကြောင်းနဲ့ အခုလို သူတို့လုပ်ငန်းတွေ ပိတ်ပင်ခံလိုက်ရတဲ့အတွက် လက်ရှိ ကြည့်ရှု စောင့်ရှောက်နေတဲ့ ထောင်နဲ့ချီတဲ့ လူနာတွေရဲ့ ကံကြမ္မာကို စိုးရိမ်မိကြောင်း MSF – Hollands က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းက ရခိုင်၊ ရှမ်း၊ ချင်းပြည်နယ်တွေနဲ့ ရန်ကုန်မြို့တို့မှာရှိတဲ့ သူတို့လုပ်ငန်းတွေ ပိတ်ပင်ခံလိုက်ရတဲ့အတွက် HIV/AIDS ဝေဒနာရှင်တွေကို ဆေးကုသမှု မပေးနိုင်တော့ဘူး လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တီဘီရောဂါ ဝေဒနာသည်တွေလည်း သူတို့အသက်ကို ကယ်တင်နိုင်မယ့် ဆေးဝါးကုသမှုတွေ ခံယူလို့မရတော့ဘူးလို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် MSF က လက်ရှိ ဆေးကုသမှုပေးနေတဲ့ HIV/AIDS ဝေဒနာသည် ၃ သောင်းနဲ့ တီဘီရောဂါဝေဒနာသည် ၃ ထောင်ကျော်ကို အကြီးအကျယ် ထိခိုက်နစ်နာစေမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ရှိနေကြပြီး လူသားချင်းစာနာမှုအကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ဒုက္ခသည်တွေကို အခြေခံ ကျန်းမာရေး ကုသမှုတွေ ပေးနိုင်တော့မှာ မဟုတ်ဘူးလို့လည်း MSF ရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

MSF အဖွဲ့အနေနဲ့ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ဘက်မလိုက်ပဲ လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ ရခိုင်ပြည်နယ်အတွင်းက MSF ရဲ့ လုပ်ငန်းတွေကိုသာ မြန်မာအစိုးရက ရပ်ဆိုင်းတာ ဖြစ်တဲ့ အကြောင်း ပြောဆိုထားပါတယ်။
XS
SM
MD
LG