သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ လေကြောင်း ဗုံးကြဲမှုကြောင့် MSF ဝန်ထမ်း ၉ ဦးသေဆုံး


Model Gigi Hadid presents a creation for fashion house Moschino during the Women's Spring/Summer 2018 fashion shows in Milan, Italy.
Model Gigi Hadid presents a creation for fashion house Moschino during the Women's Spring/Summer 2018 fashion shows in Milan, Italy.

အာဖဂန်နစ္စတန်မြောက်ပိုင်း ကွန်ဒုဇ် မြို့မှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ဆေးရုံတခု ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာမှာ MSF ဝန်ထမ်း ၉ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရခဲ့တယ်လို့ MSF အဖွဲ့ကြီးက ကြေညာပါတယ်။ ဒီဆေးရုံ ရှိရာနေရာကို အာဖဂန်နဲ့အမေရိကန် စစ်ဘက်အရာရှိတွေကို အသိပေး အကြောင်းကြားထားပြီးတဲ့နောက်မှာကိုပဲ မိနစ် ၃ဝ ကြာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ MSF က ပြောပါတယ်။

အမေရိကန်စစ်ဘက်ကတော့ အရုဏ်ဦးအချိန် လေကြောင်းတိုက်ခိုက်မှုတခု သူတို့လုပ်ခဲ့တာလို့ ဝန်ခံထားပြီး ဆေးရုံကို မှားယွင်းထိမှန်ခဲ့ပုံ ရတယ်လို့ ဆိုပါတယ်။ အာဖဂန်ဒေသစံတော်ချိန် စနေနေ့ အာရုဏ်ဦး မနက် ၂ နာရီ ၁၅ မိနစ်မှာ လုပ်ခဲ့တဲ့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ အမေရိကန်တပ်ဖွဲ့တွေကို ခြိမ်းခြောက်နေတဲ့သူတွေကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာလို့ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့များရဲ့ အကြီးအကဲ ဗိုလ်မှူးကြီး Brian Tribus က ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွင်းမှာ ဆေးရုံကို မှားယွင်းထိခိုက်သွားခဲ့တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပြီး ဒီကိစ္စ စုံစမ်းစစ်ဆေးနေတယ်လို့လည်း သူက ပြောပါတယ်။ လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေ အပြည့်ရှိနေတဲ့ ဆေးရုံမှာ ခုလို ဆိုးဆိုးရွားရွား ဗုံးကြဲတိုက်ခိုက်ခံရတဲ့အပေါ် MSF အဖွဲ့က အပြင်ထန်ဆုံး ဝေဖန်ထားပြီး ကွန်ဒုဇ် မြို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း MSF အဖွဲ့က ဒီဆေးရုံနေရာကို အာဖဂန်နဲ့ အမေရိကန် တပ်ဖွဲ့တွေ အပါအဝင် တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးကို အသိပေးခဲ့ အကြောင်းကြားထားတာ ဖြစ်တယ် လို့လည်း ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

ခုလို ဆိုးရွားတဲ့ဖြစ်ရပ် ဘာကြောင့် ဖြစ်ခဲ့တယ်ဆိုတာကို တိကျတဲ့ ရှင်းလင်းချက် ချက်ချင်း ထုတ်ပြန်ပေးဖို့လည်း MSF အဖွဲ့က သူ့ရဲ့ ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

XS
SM
MD
LG