သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က MSF လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းထားမည်


မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org
မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF Holland (AZG) ရဲ့ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားမယ်လို့ မြန်မာ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဘာ့ကြောင့် အဲဒီလို ရပ်ဆိုင်းထားတာလည်းဆိုတာကိုတော့ ကြေညာချက်မှာ ပြောမထားပါဘူး။ တခြား တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေက MSF Holland (AZG) ရဲ့လုပ်ငန်းတွေကိုတော့ ဆက်လက် ဆောင်ရွက်ခွင့်ပြုသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နှစ်ဖက် နားလည်မှုစာချွန်လွှာ MoU ကို နှစ်အပိုင်းအခြားအလိုက် ညှိနှိုင်းရေးထိုးသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း အေးချမ်းတည်ငြိမ်မှု ရလာတဲ့အခါ MSF Holland (AZG) အဖွဲ့ရဲ့ တခြား တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ စွမ်းဆောင် ချက်တွေကို ပြန်လည်သုံးသပ်ပြီး အချိန်ကာလ အပိုင်းအခြားတစ်ခုအတွင်း ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်နိုင်ဖို့ စဉ်းစားပေးမယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

MSF Holland (AZG) အဖွဲ့ရဲ့ မတ်လ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဖွဲ့ရဲ့ လုပ်ငန်းတွေ ပြန်စတော့မယ်လို့ ပြောထားပါတယ်။ HIV/AIDS ရောဂါဆိုင်ရာ အပါအဝင် တခြား လုပ်ငန်းတွေကို ပြန်လုပ်ခွင့်ရတဲ့အတွက် MSF အနေနဲ့ အားတက်မိပေမဲ့ ရခိုင်ပြည်နယ်ထဲက အကူအညီလိုအပ်နေသူ ထောင်ပေါင်း များစွာရဲ့ ကံကြမ္မာအတွက်တော့ အထူးပဲ စိုးရိမ်နေဆဲပါလို့ ဆိုပါတယ်။

လုပ်ငန်းတွေကိုရပ်ထားဖို့ ရခိုင်ပြည်နယ် အာဏာပိုင်တွေဆီကနေ နှုတ်နဲ့ ဆက်သွယ်ပြောဆိုချက် ရခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်တွင်းက MSF ရဲ့ ဆေးခန်းတွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက ပိတ်ထားရတယ် လို့လည်း ပြောထားပါတယ်။

လိုအပ်နေသူတွေဆီ အသက်ကယ် ဝန်ဆောင်မှုတွေ ဆက်ပြီး ပေးသွားနိုင်ဖို့ အတွက် မြန်မာအစိုးရနဲ့ ဆွေးနွေး ပြောဆိုတာတွေ ဆက်လုပ်သွားပါမယ်လို့ MSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG