သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး တောင်တက်သမား ရှာရေး တရုတ်ကူညီရေးအဖွဲ့ ရောက်

Missing Chopper
1/20 Missing Chopper
Missing Chopper
2/20 Missing Chopper
Missing Chopper
3/20 Missing Chopper
Missing Chopper
4/20 Missing Chopper
Missing Chopper
5/20 Missing Chopper
Missing Chopper
6/20 Missing Chopper
Missing Chopper
7/20 Missing Chopper
Missing Chopper
8/20 Missing Chopper
Missing Chopper
9/20 Missing Chopper
Missing Chopper
10/20 Missing Chopper
Missing Chopper
11/20 Missing Chopper
Missing Chopper
12/20 Missing Chopper
Missing Chopper
13/20 Missing Chopper
Missing Chopper
14/20 Missing Chopper
Missing Chopper
15/20 Missing Chopper
Missing Chopper
16/20 Missing Chopper
Missing Chopper
17/20 Missing Chopper
Missing Chopper
18/20 Missing Chopper
Missing Chopper
19/20 Missing Chopper
Missing Chopper
20/20 Missing Chopper
Previous slide
Next slide

ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီတောင်တက်သမားနှစ်ယောက်ကို ရှာဖွေဖို့ တရုတ်နိုင်ငံ Sky Blue ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ မြန်မာပြည်ကို ထပ်မံ လာရောက်နေပြီး တရုတ်နယ်စပ်နဲ့ မြန်မာပြည်တွင်းကနေ ပူးပေါင်းရှာဖွေဖို့ ဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာပဲ စနေနေ့က ပျောက်ဆုံးသွားတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်ကို ပြန်လည်ရှာဖွေဖို့လည်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေက ဆောင်ရွက်နေကြပါတယ်။ ပျောက်ဆုံးနေတဲ့ ခါကာ ဘိုရာဇီ တောင်တက်သမားတွေ ရှာဖွေရေးနဲ့ သူတို့ကို ရှာဖွေကယ်ဆယ်ဖို့ဆောင်ရွက်စဉ် ပျောက်ဆုံးသွားတဲ့ ရဟတ်ယာဉ်ကို ရှာဖွေနေတဲ့ နောက်ဆုံး အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တလနီးပါးကြာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေဖို့ တရုတ်နိုင်ငံ Sky Blue ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၀ ကျော်ဟာ မြန်မာကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းရှာဖွေဖို့ ပြင်ဆင်နေကြပါပြီ။

လက်ရှိ တိုးမြှင့်ဆောင်ရွက်လာတဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအခြေအနေကို ထူးဖောင်ဒေးရှင်းရဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက်က အခုလို ပြောပါတယ်။

“အဓိက-ကတော့ တရုတ်-မြန်မာနယ်စပ်မှာက ၁၅ ဦးစီ၊ လက်ရှိ နယ်ခြားမှတ်တိုင်ကနေ ကျော်ပြီးတော့မှ Basic Camp မှာ ပူးပေါင်းသွားဖို့အတွက် လာရောက်နေပါတယ်။ သူတို့အဖွဲ့နဲ့ ထပ်မံ ပူးပေါင်းဖို့အတွက် ရန်ကုန်ကနေတဆင့် --- ကယ်ဆယ်ရေးအဖွဲ့တွေ ထပ်မံရောက်ရှိပြီး ဒီနေ့လည်း ထပ်မံရောက်ရှိမယ့်အပိုင်းတွေ ရှိပါတယ်။ သူတို့ကလည်း ထပ်မံပြီး ပူးပေါင်းသွားမှာပါ။ အဲဒီ Basic Camp က ကယ်ဆယ်ရေးအဖွဲ့နဲ့။ မနေ့က ၂ ယောက်ပါ။ ဒီနေ့ ၁၇ ယောက် ထပ်ရောက်ပါမယ်။ ဟုတ်ကဲ့ပါ။ ဒီဘက်က ၁၉ ယောက်၊ တရုတ်-မြန်မာ နယ်စပ်ကနေ ဝင်လာမှာကတော့ ၁၅ ယောက်ပါ။ အားလုံးပေါင်း ၃၄ ယောက်ပေါ့။”

တရုတ်နိုင်ငံ Sky Blue ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ထူးဖောင်ဒေးရှင်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အတူတကွ ဆောင်ရွက်မယ့်အကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ ၁၉၉၆ ခုနှစ်က ခါကာဘိုရာဇီတောင်ကို အောင်အောင်မြင်မြင်တက်ရောက်ခဲ့တဲ့ ဦးနမားဂျွန်ဆင်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေပြင် အခြေစိုက်စခန်းကနေ ရှာဖွေရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ မနေ့အထိတော့ ပျောက်ဆုံးတောင်တက်သမားတွေရဲ့ အပြာရောင် ကျောပိုးအိတ်တလုံးကို ရှာဖွေတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို တွေ့ရှိခဲ့တဲ့ စနေနေ့မှာပဲ အခြေစိုက်စခန်းနဲ့အနီးဆုံးဖြစ်တဲ့ တဟွမ်ဒမ်းရွာကို ရိက္ခာပစ္စည်းသွားရောက်ပို့ဆောင်တဲ့ ရဟတ်ယာဉ်ဟာ ပူတာအိုကနေ ထွက်ခွာပြီး မိနစ်၂၀ အကြာမှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပါတယ်။

ဒီရဟတ်ယာဉ်ကို ရှာဖွေနေတာ ၂ ရက်ရှိပေမဲ့ လက်ရှိအချိန်ထိ သတင်းမထူးသေးကြောင်း ကိုဖြိုးကိုကိုသက်က ပြောပါတယ်။

“လက်ရှိမှာတော့ သတင်းထူးခြားမှု တစုံတရာတော့ မရသေးပါဘူး။ ရခဲ့မယ်ဆိုလို့ရှိရင် အားချင်း ထုတ်ပြန်သွားမှာပါ။”

ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ဟာ ထိုင်းနိုင်ငံက Advance Aviation က ငှားရမ်းထားတဲ့ B4 အမျိုးအစားရဟတ်ယာဉ်ဖြစ်ပြီး ရဟတ်ယာဉ်နဲ့အတူ ထိုင်းလေယာဉ်မှူး၊ ထူးဖောင်ဒေးရှင်းက မြန်မာလေယာဉ်မှူးနဲ့ တောင်တက်ကျွမ်းကျင်သူတဦး လိုက်ပါသွားခဲ့ပါတယ်။ လောလောဆယ်မှာတော့ ထူးဖောင်ဒေးရှင်းက ရဟတ်ယာဉ်နှစ်စင်း၊ တပ်မတော် (လေ) က ရဟတ်ယာဉ်တစင်းတို့က ရှာဖွေနေပါတယ်။

တချိန်တည်းမှာပဲ နောင်မွန်းမြို့နယ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေကလည်း ပျောက်ဆုံးရဟတ်ယာဉ်ကို ပူးပေါင်းရှာဖွေနေတယ်လို့ နောင်မွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။ ပျောက်ဆုံးရဟတ်ယာဉ်နဲ့ပတ်သက်ပြီး နောင်မွန်းမြို့နယ် ကော်လဲ့ကျေးရွာက နောက်ဆုံးရတဲ့ သတင်းကိုတော့ ဦးအောင်နိုင်ဦးက အခုလို ပြောပါတယ်။

“နောက်ဆုံး ပြောကြားချက်အရကတော့ ကော်လဲ့ဘက်က ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့တင်ပြချက်ပေါ့။ ပန်နန်းတင်ဘက်ကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့အခါမှာ တိမ်ထူလို့လားမသိဘူးတဲ့။ ပြန်ပြီးတော့ ဝိုက်လာတယ်။ ဝိုက်လာပြီးတော့ မလိခမြစ်ရဲ့လမ်းကြောင်းအတိုင်း ဟိုဘက်က ခေါင်လန်ဖူး ဧရိယာဘက်ကို ပျံသွားတယ်ပေါ့။ ပျံတာလည်း မြင့်တယ်လို့ ပြောတယ်။ အဲလိုမျိုး သတင်းတပုဒ် ရလိုက်တယ်။ သတင်းကိုလည်း ဖြန့်ထားတယ်။ လိုက်လည်း စုံစမ်းတယ်၊ ကျနော်တို့ စိတ်ပူတာကတော့ လူနေအိမ်တွေနဲ့ အရမ်းအလှမ်းဝေးတဲ့… ဒီမှာကတော့ တောတွေချည့်ပဲကိုး။ သစ်တောတွေ၊ အဲဒီနေရာတွေမှာဆိုရင်တော့ ကျနော်တို့အနေနဲ့ သိဖို့ အနည်းငယ် ခက်ပါတယ်။ ကြိုးတော့ ကြိုးစားကြည့်နေပါတယ်ခင်ဗျ။”

ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာမှာလည်း ရှာဖွေနေဆဲဖြစ်ကြောင်းသာ ပြောဆိုပါတယ်။

တက္ကသိုလ် ခြေလျင်နဲ့တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေးရှင်းက ကိုအောင်မြင့်မြတ်နဲ့ကိုဝေယံမင်းသူတို့ နှစ်ဦးဟာ သြဂုတ်လ ၃၁ ရက်နေ့က ခါကာဘိုရာဇီတောင်ကို အောင်အောင်မြင်မြင်တက်ရောက်ကြောင်း စကားပြောစက်ကနေ သတင်းပေးပို့ပြီးနဲ့ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စက်တင်ဘာလ ၁၀) ရက်နေ့က စတင်ခဲ့ပြီးတဲ့နောက် (၂၇) ရက်နေ့မှာ ရဟတ်ယာဉ်တစင်းနဲ့ အတူ လူ (၃) ယောက် ထပ်မံပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG